မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာဝယ်ယူခွင့်လျှောက်လွှာများ ရောင်းချ၊ ဝန်ထမ်းများဝယ်ယူမှုများပြားသော်လည်း ကုမ္ပဏီဝန်ထမ်းနှင့် ဝင်ငွေနည်းပြည်သူ ဝယ်ယူမှုနည်း - Property News in Myanmar from iMyanmarHouse.com
1408 Views

မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာဝယ်ယူခွင့်လျှောက်လွှာများ ရောင်းချ၊ ဝန်ထမ်းများဝယ်ယူမှုများပြားသော်လည်း ကုမ္ပဏီဝန်ထမ်းနှင့် ဝင်ငွေနည်းပြည်သူ ဝယ်ယူမှုနည်း

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်ရှိ မြေကွက်အမှတ် (မမ-၁၆) မြေဧရိယာ ၇ ဒသမ ၆၇ ဧကတွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက မြရည်နန္ဒာတန်ဖိုး မျှတအိမ်ရာစီမံကိန်း ရှစ်ခန်းတွဲ ငါးထပ် အဆောက်အအုံ ၁၄ လုံး အခန်းပေါင်း ၅၆ဝ ကို မန္တလေး တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်လျက်ရှိ သော လုပ်သက်အနည်းဆုံးငါးနှစ်ရှိ နိုင်ငံဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ၊ ဝင်ငွေ နည်းပြည်သူများအား လက်ငင်းငွေချေစနစ်၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်၍ အရစ်ကျငွေ ချေစနစ်များဖြင့် ရောင်းချပေးမည်ဖြစ်ရာ အမှန်တကယ်နေထိုင်လိုသူများအား ဝယ်ယူခွင့်လျှောက်လွှာများကို အရောင်လေးရောင်ခွဲခြား၍ နိုဝင်ဘာ ၁ဝ ရက်မှစတင်၍ အောင်မြေသာစံမြို့နယ် ၆၆ လမ်း ၁၅လမ်းနှင့် ၁၆ လမ်းကြားရှိ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန မန္တလေးတိုင်းဒေသကြီးရုံးတွင် ရောင်းချပေးရာ နိုဝင်ဘာ ၁၆ ရက်တွင် နိုင်ငံ့ဝန်ထမ်းများ ဝယ်ယူခွင့်လျှောက်လွှာ(အစိမ်း) ပြတ်သွားသည်အထိ ရောင်းအားမြင့်တက်ခဲ့သည်။

အငြိမ်းစားဝန်ထမ်းနှင့် ဝင်ငွေနည်းပြည်သူများ လျှောက်လွှာတွင် မိသားစုပျှမ်းမျှဝင်ငွေကျပ် လေးသိန်းအထက်ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်၏ ထောက်ခံချက် ပါရှိနေ၍ တိုက်ခန်းဝယ်ယူခွင့်လျှောက်လွှာ ဝယ်ယူမှု နည်းပါးလျက်ရှိသည်။

ကုမ္ပဏီဝန်ထမ်းများအား လေးလ လေးရစ်ဖြင့် အကြေပေးချေစနစ်၊ တိုက်ခန်း ၃ဝ ရာခိုင်နှုန်းပေးသွင်း၍ ကျန်ငွေ ရှစ်နှစ်အရစ်ကျစနစ်ဖြင့် ရောင်းချပေးနေသော်လည်း စိတ်ဝင်စားမှုနည်းပါးကြောင်း သိရသည်။


Credit:MOI Webportal Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service