ဒေါ်နယ်ထရမ့်ပိုင်ဆိုင်ခဲ့ဖူးပြီး ရော့ခ်အင်ရိုးဘုရင်ကြီး အဲလ်ဗစ်ပရက်စလေနေထိုင်ခဲ့သော နေအိမ်ကြီး ကန်ဒေါ်လာ သန်း ၃၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
2986 Views

ဒေါ်နယ်ထရမ့်ပိုင်ဆိုင်ခဲ့ဖူးပြီး ရော့ခ်အင်ရိုးဘုရင်ကြီး အဲလ်ဗစ်ပရက်စလေနေထိုင်ခဲ့သော နေအိမ်ကြီး ကန်ဒေါ်လာ သန်း ၃၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်ရှိ ရော့ခ်အင်ရိုးဘုရင်ကြီး အဲလ်ဗစ်ပရက်စလေနေထိုင်ခဲ့သော နေအိမ်ကြီး ကန်ဒေါ်လာ သန်း ၃၀ ဖြင့် အရောင်းဈေးကွက်ဝင်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ခြံဝန်းအကျယ်အ၀န်း ၀ ဒသမ ၇၁ ဧကရှိသည့် အဆိုပါနေအိမ်ကြီးကို ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ပိုင်ဆိုင်ခဲ့
ဖူးပြီး ၂၀၀၉ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၂ သန်းဖြင့် ပြန်လည် ရောင်းထုတ်ခဲ့ခြင်း ဖြစ်သည်။

မကြာသေးမီကပင် ပြန်လည်မွမ်းမံထားခဲ့ပြီး နေအိမ်အကျယ်အ၀န်း ၅၃၆၇ စတုရန်းပေကျယ်ဝန်းကာ လော့စ်အိန်ဂျလိမြို့ကြီးနှင့် ပင်လယ်ပြာရေပြင်ကျယ်ကို တမျှော်တခေါ်ကြည့်ရှုနိုင်သည့် ကုန်းမြင့်ပေါ်တွင် တည်ရှိသည်။

ယင်းနေအိမ်ကြီးတွင် တစ်ခေတ်တစ်ခါက ရော့ခ်အင်ရိုးတေးသွားများဖြင့် ကမ္ဘာကို ကိုင်လှုပ်ခဲ့သူ အဲလ်ဗစ်ပရက်စလေ နေထိုင်ခဲ့ဖူးသည်။
လွန်ခဲ့သော ၂ နှစ်ခန့်ကလည်း အရောင်းအ၀ယ်ဖြစ်ခဲ့ဖူးပြီး ယခုခေါ်ဈေးမှာ ယခင်ကထက် ၂ ဆခန့် များပြားနေသည်။

ပြင်သစ်ရီဂျန်ဆီဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော အဆိုပါနေအိမ်ကြီးကို ၁၉၈၅ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်အတွင်းက ကန်ဒေါ်လာ ၁၄ ဒသမ ၅ သန်းဖြင့် အရောင်းအ၀ယ်ဖြစ်ခဲ့ဖူးသည့် နေအိမ်ဖြစ်သည်။

ထိုစဉ်က ရောင်းချခဲ့သူမှာ ကမ္ဘာကျော် Hard Rock Café တည်ထောင်သူ ပီတာမော်တန်ဖြစ်ပြီး ၂၀၁၂ ခုနှစ်အတွင်းက ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်သောကြောင့် ဒေါ်လာ ၄ သန်းခွဲကျော် မြတ်စွန်းခဲ့သည်။

ယင်းနေအိမ်ဝန်းကျင်တွင် ကမ္ဘာကျော်ဂီတသမားတစ်ဦးဖြစ်သူ ဖရန့် စီနာထရာနှင့် အမေရိကန်သမ္မတ ရစ်ချတ်နစ်ဆင်တို့ နေထိုင်ခဲ့ကြဖူးသည်။
မစ္စတာမော်တန်ထံမှ ၀ယ်ယူခဲ့သည့်ဝယ်လက်က နေအိမ်ကို ပြန်လည်မွမ်းမံခဲ့
သည်။

နေအိမ်အတွင်း အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၅ ခန်းပါဝင်ပြီး မှန်နံရံကြီးများ၊ လျှောထိုးတံခါးများတပ်ဆင်ထားခြင်းကြောင့် လော့စ်အိန်ဂျလိမြို့ကြီးနှင့် ပင်လယ်ပြာကို နေအိမ်တွင်းမှတဆင့် ထိုးဖောက်ရှုမြင်နိုင်သည်။

အဲလ်ဗစ်ပရက်စလေနှင့် ဇနီးဖြစ်သူ ပရစ်စီလာတို့သည် အဆိုပါနေအိမ်ကြီးတွင် ၁၉၆၇ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ ၈ နှစ်ကြာ နေထိုင်ခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဒေါ်နယ်ထရမ့်ပိုင်ဆိုင်ခဲ့ဖူးပြီး ရော့ခ်အင်ရိုးဘုရင်ကြီး အဲလ်ဗစ်ပရက်စလေနေထိုင်ခဲ့သော နေအိမ်ကြီး ကန်ဒေါ်လာ သန်း ၃၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ဒေါ်နယ်ထရမ့်ပိုင်ဆိုင်ခဲ့ဖူးပြီး ရော့ခ်အင်ရိုးဘုရင်ကြီး အဲလ်ဗစ်ပရက်စလေနေထိုင်ခဲ့သော နေအိမ်ကြီး ကန်ဒေါ်လာ သန်း ၃၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service