ခင်ပွန်းဖြစ်သူရော့ခ်အဆိုတော်နှင့် ကွာရှင်းပြီးနောက် ဂွင်းစတက်ဖနီကလော့စ်အိန်ဂျလိရှိနေအိမ်ကြီးကိုကန်ဒေါ်လာ ၃၅ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
2801 Views

ခင်ပွန်းဖြစ်သူရော့ခ်အဆိုတော်နှင့် ကွာရှင်းပြီးနောက် ဂွင်းစတက်ဖနီကလော့စ်အိန်ဂျလိရှိနေအိမ်ကြီးကိုကန်ဒေါ်လာ ၃၅ သန်းဖြင့် ရောင်းချမည်

ကမ္ဘာကျော် အဆိုတော်၊ တေးရေး၊ ဖက်ရှင်ဒီဇိုင်နာဂွင်းစတက်ဖနီနှင့် ခင်ပွန်းဟောင်းဂါဗင် ရော့စ်ဒေးလ်တို့ပိုင်ဆိုင်သောနေအိမ်ကြီးတစ်လုံးကန်ဒေါ်လာ ၃၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်ရောက်လာကြောင်း လော့စ်အိန်ဂျလိအခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
နေအိမ်တည်ရှိရာမှာကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ နာမည်ကျော် ဘီဗာလီဟေးလ်၏ မြောက်ဘက်တွင် တည်ရှိပြီးယခင်ကဂျနီဖာလိုပက်ဇ်ပိုင်ဆိုင်ခဲ့ဖူးသောနေအိမ်ဖြစ်သည်။

ဂျနီဖာလိုပက်ဇ်သည် အဆိုပါခြံဝန်းအတွင်း ခင်ပွန်းဖြစ်သူမာ့ခ်အန်သိုနီနှင့် ၂၀၀၄ ခုနှစ်တွင် လက်ထပ်ခဲ့သည်။
ယင်းနှစ်ကုန်ပိုင်းတွင်ပင် ဂျနီဖာလိုပက်ဇ်သည် အဆိုပါနေအိမ်ကြီးကိုကန်ဒေါ်လာ ၁၀ ဒသမ ၉၅ သန်းဖြင့် ပြန်လည် ရောင်းထုတ်ခဲ့သည်။
ဂွင်းစတက်ဖနီနှင့် ဂါဗင် ရော့စ်ဒေးလ်တို့သည် အဆိုပါနေအိမ်ကြီးကို ၂၀၀၆ ခုနှစ်အတွင်းကကန်ဒေါ်လာ ၁၃ ဒသမ ၂၅ သန်းဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်ကြောင်းမှတ်တမ်းများတွင် ဖော်ပြသည်။

ဂွင်းစတက်ဖနီတို့ ဇနီးမောင်နှံသည် ယခုနှစ်အစောပိုင်းတွင် ကွာရှင်းပြတ်စဲခဲ့ကြပြီး ဖြစ်သည်။
နေအိမ်၏ အကျယ်အ၀န်းမှာ စတုရန်းပေ ၁၁၈၄၅ ခန့်အထိ ကျယ်ဝန်းရာ များစွာကျယ်ကျယ်ဝန်းဝန်းရှိသည့်နေအိမ်ဟုဆိုရမည် ဖြစ်သည်။
အိမ်တွင်းအလှဆင်မွမ်းမံပုံမှာလင်းလက်တောက်ပသောအရောင်များသုံးထားကာသမားရိုးကျမဟုတ်သောဖွဲ့စည်းပုံ၊ အရောင်အလင်းအမှောင်တို့ အသုံးပြုထားသည်။

အ၀င်တွင် စိတ္တဇဟန် အဖြူ၊ အမည်း ကြမ်းခင်းများတွေ့ရပြီးညစာစားခန်းမှာအနုပညာမြောက်နံရံများဖြင့် အလှဆင်ထားသည်။
နေအိမ်အတွင်းကပွဲခန်းမ၊ အားကစားလေ့ကျင့်ရေးခန်းမနှင့် ရုံးခန်းများပါဝင်သည့်အပြင် ဧည့်ဂေဟာဆောင်တစ်ခုလည်း ပါဝင်သည်။
အိပ်ခန်း ၇ ခန်းပါဝင်ကာ ရေချိုးခန်းမှာ ၁၁ ခန်းအထိ ပါဝင်သည်။

ခြံဝန်းအတွင်းတွင် ရေကူးကန်၊ တင်းနစ်ကွင်း၊ ကစားကွင်း၊ မြက်ခင်းများ ပါဝင်သည်။
ဂွင်းစတက်ဖနီသည် No Doubt တီးဝိုင်းကို တည်ထောင်သူဖြစ်ပြီး ယင်းဝိုင်းတွင် ရှေ့ထွက်အဆိုတော်တစ်ဦးလည်း ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ခင်ပွန်းဖြစ်သူရော့ခ်အဆိုတော်နှင့် ကွာရှင်းပြီးနောက် ဂွင်းစတက်ဖနီကလော့စ်အိန်ဂျလိရှိနေအိမ်ကြီးကိုကန်ဒေါ်လာ ၃၅ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ခင်ပွန်းဖြစ်သူရော့ခ်အဆိုတော်နှင့် ကွာရှင်းပြီးနောက် ဂွင်းစတက်ဖနီကလော့စ်အိန်ဂျလိရှိနေအိမ်ကြီးကိုကန်ဒေါ်လာ ၃၅ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ခင်ပွန်းဖြစ်သူရော့ခ်အဆိုတော်နှင့် ကွာရှင်းပြီးနောက် ဂွင်းစတက်ဖနီကလော့စ်အိန်ဂျလိရှိနေအိမ်ကြီးကိုကန်ဒေါ်လာ ၃၅ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ခင်ပွန်းဖြစ်သူရော့ခ်အဆိုတော်နှင့် ကွာရှင်းပြီးနောက် ဂွင်းစတက်ဖနီကလော့စ်အိန်ဂျလိရှိနေအိမ်ကြီးကိုကန်ဒေါ်လာ ၃၅ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ခင်ပွန်းဖြစ်သူရော့ခ်အဆိုတော်နှင့် ကွာရှင်းပြီးနောက် ဂွင်းစတက်ဖနီကလော့စ်အိန်ဂျလိရှိနေအိမ်ကြီးကိုကန်ဒေါ်လာ ၃၅ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ခင်ပွန်းဖြစ်သူရော့ခ်အဆိုတော်နှင့် ကွာရှင်းပြီးနောက် ဂွင်းစတက်ဖနီကလော့စ်အိန်ဂျလိရှိနေအိမ်ကြီးကိုကန်ဒေါ်လာ ၃၅ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service