ဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားရမလဲ….. - Property Knowledge in Myanmar from iMyanmarHouse.com
1944 Views

ဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားရမလဲ…..

Knowledge | Posted by Aye Myat Thu

ဝါလလည်းကင်းလွတ်လို့ သီတင်းအချိန်အခါသမယကိုလည်း ကျော်လွန်သွားပြီး အချိန်အခါဆိုတော့ မြန်မာတို့ရဲ့ ဓလေ့ထုံးတမ်း အစဉ်အလာတွေအတိုင်းပဲ အသိုက်ပြောင်း၊ နေရာထိုင်ခင်းပြောင်း အမှုကိစ္စတွေ ပြုလုပ်ဖို့အချိန်ကျရောက်ပြီပဲ ဖြစ်ပါတယ်။ နေရာထိုင် ခင်း အိုးအိမ်အသစ်ပြောင်းရွှေ့ဖို့ စီစဉ်ထားတဲ့သူတွေလည်း ကြိုတင် ပြီးတော့ နေထိုင်မယ့် အိုးအိမ်နေရာအသစ်ကိုလည်း ရွေးချယ်ပြီး လောက်ပြီလည်း
ဖြစ်မှာပါ။ ဒီတစ်နှစ်ဝါကျွတ်မှာတော့ ဇနီးမောင်နှံ၊ မိသားစုတွေရဲ့ ဝင်ငွေကောင်းလာပြီး စုဆောင်းထားတဲ့ ငွေကြေးစု ဆောင်းငွေလေးနဲ့ နေအိမ်အ
သစ်တစ်လုံးကို ပိုင်ဆိုင်ဝယ်ယူကြမယ့် သူတွေလည်း ရှိမှာပါ။ ဒီလိုမျိုး နေအိမ်သစ်တစ်လုံးကို ဝယ်ယူပိုင် ဆိုင်တော့မယ်ဆိုရင် သိထားသင့်စရာအချက်အလက် ဗဟုသုတ လေးကိုသတိထားနိုင်ဖို့ ဖော်ပြပေးလိုက်
ပါတယ်…..

၁။ မိမိတို့ရဲ့ငွေကြေးနဲ့တတ်နိုင်တဲ့ နေအိမ်သစ်တစ်လုံး
ကိုပဲဝယ် ယူသင့်ပါတယ်။ လက်ထဲမှာရှိနေတဲ့ ငွေကြေးပမာဏထက်များ လွန်းတဲ့ အိမ်မျိုးကိုဝယ်ယူဖို့ဆိုတာ သိပ်ပြီးတော့ အဆင်မပြေ နိုင်ပါဘူး။ ငွေကြေးများလွန်းလို့ ချေးငှားတာပဲ
ဖြစ်ဖြစ်၊ အရစ်ကျ ဝယ်ယူလိုက်ရတာမျိုးက သင့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာနိုင် ပါတယ်။ အဆင်ပြေမှ ပြန်ပြီးပေးသွင်းသွားမယ့် ငွေကြေးတွေအ တွက် စိုးရိမ်ပူပန်နေရလို့ သင့်အိမ်ကလေးမှာ စိတ်အေးအေးနေနိုင် မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့်မို့လို့ မိမိတို့ရဲ့ငွေကြေးလေးနဲ့ တတ်နိုင် တဲ့ အိမ်သစ်ကလေးတစ်ကိုပဲအသေအချာရွေးချယ်ပြီး နေထိုင်ပါ။ နောက်နောင် ငွေကြေးအဆင်ပြေလာတဲ့အခါမှ မိမိနေချင်တဲ့အိမ် သစ်ကလေးကို ဝယ်ယူလို့ရနိုင်ပါသေးတယ်။

၂။ စိတ်ချယုံကြည်ရတဲ့ အိမ်ခြံမြေအကျိုးဆောင်နဲ့ တိုင်ပင်ဆွေးနွေး ပါ။ မေးမြန်းပါ။ အကူအညီယူပါ။ သင်တို့ရဲ့ အိမ်ခြံမြေဈေးကွက်ထဲ ဝါရင့်ပြီးတော့ စိတ်ချယုံကြည်ရတဲ့ ပွဲစား၊ အကျိုးဆောင်ကိုပဲ သင့် အိမ်အဝယ် အလုပ်ကိုအပ်နှံပါ။ အကျိုးဆောင်၊ ပွဲစားအလုပ်ဆိုတာ မျိုးက ယုံကြည်ရတစ်ဝက်၊ မယုံကြည်ရတစ်ဝက် အလုပ်မျိုးပါ။ ဈေး ကွက်ထဲမှာ ပွဲတစ်ပွဲစာလောက်နဲ့ ပညာပြသွားတတ်တဲ့ ပွဲစားတွေ များပါတယ်။ ဒါ့ကြောင့်မို့လို့ စိတ်ချယုံကြည်ရပြီး အလုပ်အကြောင်း ကိုလည်း ကောင်းကောင်းနားလည်တဲ့ အကျိုးဆောင်ကိုပဲ ဝယ်ယူဖို့ အိမ်ရှာခိုင်းတာတို့၊ ဈေးစကားပြော အရောင်းအဝယ် ညှိနှိုင်းဆောင် ရွက်စေတာတို့ကို ပြုလုပ်သင့်ပါတယ်။

၃။ ပြီးပြည့်စုံလွန်းတဲ့ အိမ်တွေဆိုတာ ဈေးကွက်ထဲမှာ မရှိဘူးဆိုတာ သင့်အနေနဲ့ သိထားသင့်ပါတယ်။ သင့်ရဲ့ ပထမဆုံးဝယ်ယူနေထိုင် မယ့်အိမ်က သင့်စိတ်ကူးအိမ်မက်ထဲကအတိုင်းလည်း ဖြစ်ချင်မှဖြစ် ပါလိမ့်မယ်။ အိမ်တစ်လုံးစာဈေးနှုန်း၊ အိမ်အကျယ်၊ နေရာအစရှိသ ဖြင့် အချက်အလက်တွေအားလုံးက သင်လိုချင်သလိုတော့ဖြစ်လာ မှာမဟုတ်ပါဘူး။ သင့်ငွေကြေးနဲ့ တန်ဖိုးမျှတဲ့နေအိမ်တစ်လုံးတော့ စီ စစ်ပြီးတော့ ရွေးချယ်ဝယ်ယူသင့်ပါတယ်။

၎။ သင့်မိသားစုနဲ့ သင့်တော်ကိုက်ညီမယ့် နေအိမ်တစ်လုံးကို ရွေး ချယ်ဝယ်ယူပါ။ အကယ်၍ သင်ကော၊ သင့်အိမ်က မိသားစုဝင် တွေထဲမှာ လမ်းသိပ်မသွားလာနိုင်တဲ့ အသက်ကြီးသူတွေ၊ ကလေး ငယ်လေးတွေပါလာရင် အထပ်မြင့်အိမ်တွေက အဆင်မပြေနိုင်ဆို တာမျိုးပါ။ နောက်ပြီး အိမ်ရဲ့ပြင်ဆင်မှုတွေ၊
အလုပ်ကိစ္စအဝဝ အတွက် တာဝန်ယူလုပ်ပေးမယ့်သူမရှိတဲ့ အခါမျိုးတွေအတွက် လည်း အရမ်းကြီးပြင်ဆင်ပြုပြင်ပေးနေရမယ့် အိမ်မျိုးကို မရွေးချယ် တာပိုကောင်းပါတယ်။ အိမ်ရဲ့အမိုး၊ ရေနုတ်မြောင်း၊ ခြံဝင်း၊ အစရှိ သဖြင့်တွေက ပြင်ဆင်ဖို့ဆိုရင် နည်းနည်းလေး အားစိုက်ပင်ပန်းရ နိုင်ပါတယ်။

၅။ အိမ်နဲ့ပတ်သက်တဲ့ အခွန်တွေ၊ ဆောင်ရမယ့် အဖိုးအခ၊ အခွန်အခနဲ့ စာရင်းတွေနဲ့ပတ်သက်ပြီးတော့ အတိအကျ သိရှိထားဖို့လိုပါ လိမ့်မယ်။ မြေခွန်၊ ရေခွန်၊ မီးခွန်နဲ့ တခြားအဖိုးအခ ပေးဆောင်ရ မယ့် ပမာဏနဲ့ အချိန်၊ ဌာနဆိုင်ရာတွေမှာ သွားရောက်မှတ်ပုံတင် ရမယ့် ကိစ္စအဝဝအတွက်ကိုလည်း ကြိုတင်လေ့လာ သိရှိထားဖို့ လိုပါတယ်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service