အမျိုးစုံကြိုးခုန်နေတဲ့ ဒေါ်လာ - Property News in Myanmar from iMyanmarHouse.com
2222 Views

အမျိုးစုံကြိုးခုန်နေတဲ့ ဒေါ်လာ

ဒေါ်လာဈေးနှုန်းများမြင့်တက်နေသည့်အကြောင်းဆွေးနွေးနေကြစဉ် မိတ်ဆွေတစ်ဦးက သူကြားဖူး သည့်ရပ်ကွက်ထဲရှိ လူအချို့၏ လက်သုံးစကားကိုသုံး၍ ‘‘အမျိုးစုံ ကြိုးခုန်နေတဲ့ ဒေါ်လာပဲဗျ’’ဟု ရွှတ်နောက်နောက်ဆိုလာသည်။ သူ ၏စကားက ယခုဒေါ်လာဈေးနှုန်း ဖြစ်ပျက်နေပုံနှင့်အံကိုက်ဖြစ်သွား ၏။ အမှန်ဖြစ်နေသည်မှာ ကြိုးခုန် ရုံသက်သက်မဟုတ်။ ကြိုးခုန် လျက် လှေကားထစ်ပေါ်သို့ တက် နေသည့် အခြေအနေမျိုးဖြစ် သည်။ ဒေါ်လာငွေသည် အမှန်တ ကယ်ပင် တစ်နေ့တစ်မျိုး မရိုး သည့် ပုံစံဖြင့် ကြိုးခုန်၍ အထက် သို့ တက်နေလေပြီ။

အစိုးရသစ်သက်တမ်းငါးလ အထိ အခြေအနေမှန်သလိုရှိနေခဲ့ ရာ အခုအချိန်ရောက်မှ အတက်၊ အကျမြန်မြန်ဖြင့် အထက်သို့သာ ဦးတည်သွားနေခြင်းဖြစ်သည်။ အနီးဆုံးကာလဒေါ်လာဈေးကို ခြေရာပြန်ကောက်မိသည်။ ယခု အစိုးရသစ်ရွေးကောက်ပွဲ၌ အနိုင် ရသည့်ရလဒ်သေချာသွားသည့် အချိန်၊ ၂၀၁၅ ဒီဇင်ဘာ ဒုတိယ ပတ်လောက်က ကျပ်ငွေနှင့်တစ် ဒေါ်လာဈေးနှုန်းသည် ကျပ် ၁၃၀၀ကျော်နေခဲ့သည်။ နောက်တစ်နှစ် ၂၀၁၆ နှစ်စ ဇန်နဝါရီတစ်လလုံး တွင်မူ ၁၂၉၀ နှင့် ၁၃၀၀ ကြား အတက်အကျပြေးနေခဲ့၏။ အခြေအနေအရ အနာဂတ်တွင် ဒေါ်လာဈေးအထက်သို့မြင့်တက်မည့်အ ရှိန် သိပ်မရှိတော့မှန်း ထိုအချိန် ကတည်းက ရိပ်မိသည်။ ဒုတိယ အကြိမ် လွှတ်တော်များစတင် မည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင်မူ ပို၍ သေချာသွားသည်။ ပြင်ပဈေးကွက်၌ အရောင်းအဝယ်ဖြစ်နေ သော လဲလှယ်နှုန်းမှာ ဗဟိုဘဏ်ရည်ညွှန်းနှုန်း ၁,၂၉၃ ကျပ်ထက်ပင် အနည်းငယ် နိမ့်လျက်ရှိနေ သည်။ ထိုအချိန်မှစ၍ နေ့စဉ်ရက်ဆက်ကျဆင်းလာသော ဒေါ်လာဈေးမှာ ဖေဖော်ဝါရီ ပထမ ပတ်အကုန်တွင် တစ်ဒေါ်လာ ၁၂၂၀-၃၀ ကျပ်ဝန်းကျင်အထိ ဖြစ်ခဲ့သည်။ သို့သော် ဈေးကွက် အင်အားစုများ၏ အမှန်တကယ် အခြေအနေထက် ဈေးကွက်ပယောဂဝင်စီးခြင်းခံရသကဲ့သို့ ဖြစ်တတ်သည့် ဒေါ်လာဈေးအခြေ အနေသည် ဖေဖော်ဝါရီလ၏ဒုတိယ ပတ်ရက်များတွင် တစ်ဒေါ်လာ ၁,၂၄၀ ကျပ်၊ ၁,၂၅၀ ကျပ်ဝန်းကျင်များအထိ ပြန်လည်မြင့်တက်လာ ခဲ့ပြန်သည်။ ဒေါ်လာဈေးနှုန်းကို ပြဋ္ဌာန်းပေးနိုင်သည့် မေခရိုစီးပွား ရေးအခြေအနေများ အပြောင်းအ လဲကြီးမားစွာမရှိဘဲ အလှုပ်အခါ ကြီးမားတတ်သော ဒေါ်လာဈေး ကွက်သည် သံသယဝင်စရာအ လွန်ကောင်းလှ၏။


မည်သို့ပင်ဆိုစေ ရွေး ကောက်ပွဲရလဒ်သတင်းကြားက တည်းက လူထုယုံကြည်စွာ မဲပေးရွေးချယ်ခဲ့သည့် အစိုးရသစ်၏အစီအမံအောက်တွင် ကောင်းမွန်သော နိုင်ငံရေးရာသီဥတုအနေနှင့်အတူ ဒေါ်လာဈေးအတက်အကျကြမ်းမှု လျော့သွားလိမ့်မည်ဟု အားလုံးက မျှော်လင့်ခဲ့ကြ၏။ ဈေးကစားတတ်သူများ၏ လုပ်စားခွင်ဖြစ်သည့်ဈေးကွက်မတည်ငြိမ်မှု သတင်းအစအန ရှာဖွေခြင်း၊ ထိုသတင်းစကားကို ပုံကြီးချဲ့ခြင်း၊ ကောလာဟလပွားခြင်းတို့နည်း ပါးကာ ဒေါ်လာဈေးကွက်သည် ယခင်ကာလများကထက် သဘာ ဝကျကျပို၍ ဖြစ်လာနိုင်သည်ဟု လည်း ထင်ကြေးပေးကြ၏။ အား လုံးထင်ထားသည့်အတိုင်းပင်ဖြစ် လာသည်။ ဧပြီလတစ်လျှောက် လုံး၊ မေလ၊ ဇွန်လ၊ ဇူလိုင်လမှစ အစိုးရသစ်ကြေညာထားသည့် ရက် ၁၀၀ စီမံချက်ကာလကုန်ဆုံး သည့်ကာလအထိ ကျပ်-ဒေါ်လာ လဲလှယ်နှုန်းအခြေအနေသည် တစ်ဒေါ်လာ ကျပ် ၁၂၀၀ အထက် သို့ မြင့်တက်လာခြင်းမရှိဘဲ ဈေး ကွက်သဘာဝဖြစ်လေ့ဖြစ်ထရှိ သည့် အတိုင်း အတက်အကျငြိမ့် ငြိမ့်ညောင်းညောင်းနှင့် စိတ်လှုပ် ရှားမှုနည်းပါးစွာ စခန်းသွားခဲ့ သည်ကို မြင်ရသည်။ သို့သော် အခြေအနေများက အချိန်ကြာ ကြာ အစိုးမရခဲ့ချေ။ ဒီမိုကရေစီ ပထမ ငါးနှစ်သက်တမ်းအတွင်း ကြုံတွေ့ခဲ့ဖူးသည့်အတိုင်း အ တက်မြန်၊ အကျမြန် ရုတ်ခြည်း ပြောင်းလဲမှုတို့ ဖြစ်လာခဲ့ပြန် သည်။ အစိုးရ၏ရက် ၁၀၀ စီမံ ချက်ကာလအလွန် သြဂုတ်လဒုတိယပတ်ထဲတွင် ပြင်ပဈေး ကွက် ဒေါ်လာဈေးနှုန်း ၁၂၀၀ ကျော်လာခြင်းဖြစ်၏။ ပြင်ပဈေး ကွက်ပေါက်ဈေးသာ မြင့်လာခြင်း မဟုတ်၊ ဗဟိုဘဏ်၏ဒေါ်လာ ရည်ညွှန်းငွေလဲနှုန်းမှာလည်း ကျပ်၁,၂၀၈ အထိ ဖြစ်လာခဲ့ခြင်းဖြစ် သည်။

အစိုးရသစ်၏ နိုင်ငံ့စီးပွား ရေးအပေါ် အာရုံစိုက်မှုနည်းပါး နေကြောင်း ဝေဖန်သုံးသပ်မှုအမျိုး မျိုးဖြစ်ပေါ်နေချိန်၊ ဇူလိုင်လကုန် ခါနီး ၂၉ ရက်နေ့တွင် အစိုးရသစ် သည် နိုင်ငံ့စီးပွားရေးမူဝါဒကို ဝေ ဖန်သံမျိုးစုံကြားမှပင် ကြေညာခဲ့ သည်။ သြဂုတ်လတစ်လျှောက် လုံးတွင်လည်း အခြေခံလူတန်း စားတို့ထံမှ ကုန်ဈေးနှုန်းနှင့် ပတ်သက်သည့် ညည်းညူသံများ ပိုမိုထွက်ပေါ်လာနေပြီး စီးပွားရေးလုပ်ငန်းများ၏လည်ပတ်လှုပ်ရှား မှုမှာလည်း လေးလံနှေးကွေးနေ ကြောင်း ကြားသိနေခဲ့သည်။ သြ ဂုတ်လအကုန်နှင့် စက်တင်ဘာလအစ၌ ငြိမ်းချမ်းရေးဖြစ်စဉ်အ တွက် အရေးကြီးသော ၂၁ ရာစု ပင်လုံညီလာခံကြီးကို ကျင်းပပြီး စီးခဲ့သည်။ အစိုးရသစ်၏ငြိမ်းချမ်း ရေးအပါအဝင်၊ အစိုးရယန္တရား စွမ်းဆောင်ရည်ရှိစွာ လည်ပတ်နိုင် ရေးအားထုတ်မှုများ၊ မြန်မာ့ကုန် သွယ်ရေးနှင့်ဘဏ္ဍာရေးကဏ္ဍအ တွက် အရေးကြီးသည့် အမေရိ ကန်စီးပွားရေးပိတ်ဆို့ထားမှုများ ဖယ်ရှားနိုင်ရေးအားထုတ်မှုများ ပြုနေစဉ်မှာပင် စက်တင်ဘာလ တစ်လျှောက်လုံး၌ ပြည်တွင်းဒေါ် လာဈေးနှုန်းအခြေအနေသည် မတည်ငြိမ်မှု ပြင်းထန်ကာ မြင့် တက်လျက်ရှိနေခဲ့သည်။ ပြည် တွင်းသို့ ဒေါ်လာငွေစီးဝင်လာနိုင် ရေးအတွက် အဓိကကျသည့် မြန် မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေသည် လည်းကောင်း၊ အမေရိကန်နိုင်ငံ မှ စီးပွားပိတ်ဆို့မှုဖြေလျှော့ပေးမှု အခြေအနေသည်လည်းကောင်း အလားအလာကောင်းများရှိနေ သည့်တိုင် ပြည်တွင်းဒေါ်လာဈေး သည် နာရီပိုင်းအတွင်းမှာပင် အ တက်အကျဖြစ်လျက် တစ်ရက်နှင့် တစ်ရက်ကြားမှာပင် အပြောင်း အလဲကြီးများဖြစ်နေသည်မှာ အ ဘယ်ကြောင့်နည်း။ တရိပ်ရိပ်မြင့် တက်လာမှုသည် အောက်တိုဘာ ပထမပတ်၌ တစ်ဒေါ်လာကျပ် ၁,၂၇၀ မှ ၁,၂၈၀ ဝန်းကျင်အထိ ဖြစ်ပေါ်ခဲ့ပြီး ဗဟိုဘဏ်ရည်ညွှန်း နှုန်းမှာလည်း ၁,၂၆၀ အထိဖြစ် လာခဲ့သည်။

ဒေါ်လာဈေးနှုန်းများတက် ခြင်းကြောင့် ဈေးနှုန်းမြင့်တက် လာနိုင်သည့်နိုင်ငံခြားဖြစ်ထုတ် ကုန်များ၊ ပစ္စည်းများ၊ ဇိမ်ခံပစ္စည်းများကို သုံးစွဲနေသည့် လူတန်းစား များကြီးကြီးမားမား ခံစားစရာဖြစ် မလာနိုင်သော်လည်း မီးဖိုချောင် သုံးပစ္စည်းများမှစ၍ အခြေခံစား သောက်ကုန်၊ လူသုံးကုန်၊ အခြေခံကျန်းမာရေးနှင့်ပတ်သက်သည့် ဆေးဝါးပစ္စည်းများအတွက် သွင်း ကုန်ပစ္စည်းများကို အမှီပြုနေရ သော ဝင်ငွေနည်း၊ လက်လုပ် လက်စား၊ ပုံမှန်လခဖြင့် မှီခိုရပ် တည်နေရသည့် လူအများစုအ တွက်မှာမူ တစ်ရစ်ပြီး တစ်ရစ် ကျပ်သထက် ကျပ်လာသကဲ့သို့ ခံစားလာရသည်။ သက်ရောက်မှု မှာ တစ်နေ့ထက် တစ်နေ့ပို၍ ကြီး မားလာလျက်ရှိသည်။ တစ်နွယ်ငင် တစ်စင်ပါ သက်ရောက်မှုများ အားလုံး၏အဆုံးသတ် ဝန်ထုပ်ဝန် ပိုးသည် နောက်ဆုံးစားသုံးသူများ ၏အပေါ်သာဖြစ်၏။ တာဝန်ရှိငွေ ကြေးအာဏာပိုင်များအနေဖြင့် နိမ့်ချည်မြင့်ချည် အလှုပ်အခါများ ရင်း အမြင့်ဆီသို့ ဦးတည်နေသော ဒေါ်လာကို တစ်ချက်လောက်သေ ချာစွာ ဂရုစိုက်ရန် လိုအပ်နေပြီ ဖြစ်သည်။

ဈေးကွက်ဆိုသည်မှာ ဝယ် လိုအားနှင့်ရောင်းလိုအား အနေ အထားများကြောင့် လှုပ်ခါမှုရှိ သည်မှာ သဘာဝဖြစ်၏။ ဝယ်လို အား၊ ရောင်းလိုအားကြောင့်ပင် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှု ၏ဈေးနှုန်းမြင့်ခြင်း၊ တက်ခြင်းဖြစ် ပေါ်ခြင်းသည်လည်း လက်ခံနိုင် ဖွယ်ဖြစ်သည်။ သို့သော် ထူးထူး ခြားခြားအကြောင်းအခြင်းအရာ မဖြစ်ပေါ်ဘဲ မြန်ဆန်သော သက် ရောက်မှုဖြစ်သည့် ဈေးနှုန်းတက် ခြင်း၊ ကျခြင်း အချိန်တိုအတွင်း မှာပင် ဖြစ်ပေါ်နေသည်မှာ အ လေးအနက်ထား စဉ်းစားရမည့် ကိစ္စဖြစ်ပေသည်။ ယခုအခြေအ နေမျိုးသည် ယခုမှ ကြုံတွေ့လာရ သည်မဟုတ်ပေ။ ပထမငါးနှစ် သက်တမ်းအစိုးရကာလအတွင်း ၌လည်း ကြုံရခဲ့ပြီဖြစ်သည်။ ဈေး ကွက်လှုပ်ခတ်စရာ အကြောင်း တစ်စွန်းတစ်စပါလာသည်နှင့် ထို သတင်းကို ပုံမှန်ထက် ချဲ့ကားသုံးသပ်မှု၊ လူ့သဘာဝအတိုင်း စိတ် ကူးမျှော်လင့်ချက်တို့အပေါ် အ ခြေခံလှုပ်ရှားမှုနှင့် အုပ်စုအလိုက် ဆက်စပ်ခံစား၊ လှုပ်ရှားမှုတို့ ဖြစ်ပေါ်ပြီး ဈေးကွက်ကို ပုံမှန်ထက် အပြောင်းအလဲဖြစ်စေခြင်း ဖြစ်သည်။ ထို့ပြင် အင်ဖော်လ်မယ်ဈေးကွက်ပမာဏလျော့ကျသွားခြင်းမရှိသေးသော အခြေအနေတွင် ထိုဈေးကွက်ထဲ၌ ဖြစ်ပေါ်နေသည့် ဒေါ်လာအသုံးပြုနေ သည့် (အသုံးပြုနိုင်ခြေရှိသည့်) အခြေအနေများအားလုံးကို သတိ ထား၍ အဆက်မပြတ်အကဲဖြတ် လေ့လာရန် လိုနေပေသည်။

ဒေါ်လာဈေးနှုန်းအပြောင်း အလဲကို ဖြစ်စေသော ကိန်းရှင် အမျိုးမျိုးဖြစ်နေသည့်တိုင် ရိုးစင်း သောအခြေခံအကြောင်းတရား ဖြစ်သည့် ဈေးကွက်အင်အားစုနှစ် ရပ်ဖြစ်သည့်် ဒေါ်လာဝယ်လိုအား နှင့် ရောင်းလိုအားအခြေအနေ များကို ကနဦးစဉ်းစားဆောင်ရွက် ရန်သာဖြစ်သည်။ သို့သော် အခန်းထဲရှိ စားပွဲခုံ၌ ထိုင်၍ အဖြေရှာရုံ မဟုတ်၊ ဈေးကွက်မြေပြင်သို့ဆင်း ၍ အနီးကပ်လေ့လာရတော့မည်။ သီအိုရီ၊ သဘောတရားအယူအ ဆများ အခြေခံထားသည့် ဗဟို ဘဏ်၏ပေါ်လစီလက်နက်ကိရိ ယာများလည်း လက်ရှိ မေခရိုစီး ပွားရေးအခြေအနေများအရ ထိ ရောက်ခြင်းမရှိသည်မှာ သေချာ နေခဲ့ပြီ။ စီးပွားရေးအဆောက်အ အုံထဲ၌ ငွေကြေးပေါ်လစီ၊ ဘဏ္ဍာရေးပေါ်လစီ၊ ကုန်သွယ်ရေးပေါ် လစီ၊ ရင်းနှီးမြှုပ်နှံမှုပေါ်လစီများ အချိတ်အဆက်မိမိ မစွမ်းဆောင် နိုင်သေးခင် ကုန်ထုတ်လုပ်မှုကဏ္ဍ အားနည်းနေသေးချိန်၊ အင်ဖော်လ် မယ်ကဏ္ဍကြီးထွားမှုမလျော့ကျ သေးသည့်အချိန်တွင် ဈေးကွက် အတွင်း ခိုအောင်းနေသော ဈေး ကွက်ယန္တရားကို ထိခိုက်စေမည့် ဗိုင်းရပ်စ်များ၏အထာကိုသာ စောင့်ကြည့်ထိန်းသိမ်း အရေးယူ မှုကို မြေပြင်ကွင်းဆင်းဆောင် ရွက်မှုများကသာ ထိရောက်မည် ထင်သည်။ ဗဟိုဘဏ်ဥပဒေအ ခန်း(၆)ဗဟိုဘဏ်၏လုပ်ငန်းတာ ဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ပုဒ်မ (၄၀)(ဇ)တွင် ငွေကြေးဈေးကွက်နှင့် နိုင်ငံခြားငွေဈေးကွက်များ စနစ် တကျနှင့် ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်နိုင်ရန် ထိန်းကျောင်း ကွပ်ကဲခြင်းဟုဖော်ပြထားသည်။ ထို့ကြောင့် ဗဟိုဘဏ်အနေဖြင့် ဥပဒေလက်နက်ကိရိယာကို ထိ ထိရောက်ရောက်အသုံးပြုရန်လို လာပြီဖြစ်သည်။ ငွေကြေးကိစ္စ ရပ်များသည် လူတိုင်းပတ်သက် နေသည့်ကိစ္စများဖြစ်သဖြင့် လို အပ်လာပါက အုပ်ချုပ်ရေးအဖွဲ့ အစည်းများအပါအဝင် ဆက်စပ် ဆောင်ရွက်ရန် လိုအပ်လာမည်။ အခြားသော အစိုးရအဖွဲ့အစည်း များနှင့်လည်း ဆက်စပ်ဆောင် ရွက်ရန် အချိန်သင့်ပြီဟုဆိုရမည်။သီအိုရီခလုတ်များဖြင့် ထိန်း ကျောင်းနိုင်သည့် အခြေအနေမ ပေးသောအခါ ဥပဒေခလုတ်များ ကို အချက်ကျကျ အသုံးပြုရန် လို ပြီဖြစ်လေသတည်း။


Credit: 7Day

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service