ကျပ်သိန်းနှစ်ရာမှ ခြောက်ရာအတွင်း မြေကွက်များ အလုပ်ပြန်ဖြစ် - Property News in Myanmar from iMyanmarHouse.com
4035 Views

ကျပ်သိန်းနှစ်ရာမှ ခြောက်ရာအတွင်း မြေကွက်များ အလုပ်ပြန်ဖြစ်

ရန်ကုန် မြောက်ဥက္ကလာ ပ၊ သင်္ဃန်းကျွန်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်များရှိ ပါမစ်မြေနှင့် ဂရန်မြေများအဓိက အလုပ်ဖြစ်နေပြီး ကျပ်သိန်း နှစ် ရာကျော်မှ ကျပ်သိန်း ခြောက်ရာ ခန့် အိမ်လုံးချင်းများ ယခုရက်ပိုင်း အတွင်း အရောင်းအ၀ယ်ဖြစ်နေ ကြောင်း အိမ်ခြံမြေဈေးကွက်မှ သတင်းရရှိသည်။

ပေ ၄၀×၆၀၊ ၁၂ ပေခွဲ×၅၀ မြေကွက်များသည် ရပ်ကွက်အပေါ်မူတည်ပြီး အရောင်းအ၀ယ်ဖြစ်နေကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ်မှ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောသည်။
‘‘တကယ်နေမယ့် ထိုင်မယ့် သူတွေဝယ်ကြတာပါ။ ရပ်ကွက် ကောင်းကောင်း၊ အိမ်ကောင်း ကောင်းကို သိန်းသုံးရာ၊ လေးရာ လောက်နဲ့ တချို့က ပေးဝယ်နေ ကြတယ်’’ဟု စိုင်းခွန်နောင်အိမ်ခြံ မြေအကျိုးဆောင်လုပ်ငန်းရှင် ဦး စိုင်းခွန်နောင်က ပြောသည်။

သို့သော် မြို့စွန်မြို့နယ်များ ရှိ မြေကွက်များ၊ စီမံကိန်းအသံ ကြားတိုင်းလိုက်လံဝယ်ယူသည့် နေရာများ၊ မြို့လယ်တိုက်ခန်းများကန်ထရိုက်ကြိုပွိုင့်တိုက်ခန်းများ က အရောင်းအ၀ယ်မရှိသလောက်နည်းပါးနေဆဲဖြစ်ကြောင်း အိမ်ခြံ မြေ အကျိုးဆောင်များက ပြော သည်။

‘‘အခုနောက်ပိုင်း ဒဂုံအရှေ့ ဘက်က လုံးချင်းလေးတွေကို ငွေ နည်းနည်းတတ်နိုင်တဲ့သူတွေ ၀ယ်နေကြတယ်။ သိန်း ၁၅၀ လောက် ဆို ပေ၂၀×ပေ၆၀ရတယ်။ အိမ် လုံးချင်းလေးတွေ ခပ်သန့်သန့်ရ တယ်။ အခုအဲဒီဘက်တွေက လမ်း တွေလည်း ကောင်းနေပြီ။ ဒါ ကြောင့် အဲဒီဘက်တွေကို လူနည်း နည်းစိတ်ဝင်စားလာတယ်’’ဟု ဒဂုံဆိပ်ကမ်းမြို့နယ်မှ အိမ်ခြံမြေအ ကျိုးဆောင်က ပြောသည်။

အိမ်ခြံမြေအရောင်းအ၀ယ် အေးနေသော်လည်း မြို့တွင်းပိုင်း မြို့နယ်များရှိ မြေညီထပ်တိုက် ခန်းများတွင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန် အငှားဈေးကွက်အား ကောင်းနေပြီး နေရာကောင်းကို ဈေးပိုပေးငှားရမ်းကြသည်ဟု အိမ်ခြံမြေအကျိုးဆောင်များက ပြော ကြားသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service