ကန်ထရိုက်တိုက်များ ဆက်လက်မဆောက်လုပ်ဘဲရပ်နားထားပါက တိုင်ကြားနိုင် - Property News in Myanmar from iMyanmarHouse.com
15223 Views

ကန်ထရိုက်တိုက်များ ဆက်လက်မဆောက်လုပ်ဘဲရပ်နားထားပါက တိုင်ကြားနိုင်

ကန်ထရိုက်တိုက်များကို ဆောက်လုပ်ရေးလုပ်ငန်းရှင်များက သတ်မှတ် ကာလအတွင်း ဆက်လက်မဆောက်လုပ်ဘဲ ရပ်နားထားသည်ကို မြေပိုင်ရှင်က ဌာနသို့ တိုင်ကြားလာပါက အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ သတင်းရရှိသည်။


‘‘အိမ်ရှင်ဘက်က တိုင်ကြားရင်တော့ စည်းကမ်းဖောက်ဖျက်မှုနဲ့ အိမ်ရှင် ကိုယ်တိုင် တရားစွဲနိုင်သလို ဌာနကလည်း လိုင်စင်ပိတ်သိမ်းတဲ့အထိ အရေးယူလို့ရတယ်’’ဟု ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


ယင်းကဲ့သို့ လာရောက်တိုင် ကြားသော မြေရှင်များလည်း ရှိ နေသဖြင့် ဌာနက လတ်တလော ဖြေရှင်းပေးနေရကြောင်း ၎င်းက ပြောသည်။
သို့သော် အရေးယူထား သည့် ပမာဏအနည်းငယ်သာရှိ နေပြီး တိုင်ကြား၍ အရေးယူခဲ့မှုအ သေးစိတ်ကိုမူ ပြောကြားခြင်းမရှိ ပေ။ ထို့ပြင် လိုင်စင်ရကန်ထရိုက်တာမဟုတ်ဘဲ တရားမ၀င်ကန်ထ ရိုက်တာဖြင့် တည်ဆောက်သူများ အား မြေရှင်များက တရားစွဲဆို၍ မရနိုင်သကဲ့သို့ ဌာနအနေဖြင့် အ ထက်ပါကဲ့သို့ အရေးယူရန် ခက်ခဲ ကြောင်း ဌာနက ဆိုသည်။


လက်ရှိတွင် နေ့စဉ်နိုင်ငံပိုင် သတင်းစာများတွင် ဆောက်လုပ် သူ ကန်ထရိုက်တာများဘက်က တည်ဆောက်မှုကို ရပ်နားထား သောကြောင့် မြေရှင်များက တရားစွဲဆိုသည့် ကြော်ငြာများ မကြာ ခဏတွေ့မြင်နေရသဖြင့် နောက် ပိုင်းလည်း ယင်းကဲ့သို့ ပြဿနာ များ ပိုမိုဖြစ်ပွားလာနိုင်သည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်များ က ဆိုသည်။


အချို့ဆောက်လုပ်သူများ ကလည်း ဆက်လက်ဆောက်လုပ် ရန် ငွေမလည်ပတ်သောကြောင့် ကြိုပွိုင့်အခန်းများကို လျှော့ဈေး ဖြင့် ရောင်းချနေပြီး သတ်မှတ်ထားသည့်ကာလအတွင်း အချိန်မီတည်ဆောက်နေရကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောသည်။


‘‘အခုဖြစ်တဲ့ ပြဿနာက ဈေးကွက်မှာ တကယ်ဝယ်နိုင်မယ့်သူ ရှိ၊ မရှိ ဆောက်လုပ်သူတွေဘက် က သေချာသုတေသနလုပ်သင့် နေပြီ’’ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း တွဲ ဖက်အတွင်းရေးမှူး ဦးအေးလင်း က ပြောသည်။


ကြိုပွိုင့်စနစ်ဖြင့် အရောင်းအ၀ယ်လုပ်သည့် တိုက်ခန်းများတွင် ဆောက်လုပ်ခြင်းကို ကန်ထရိုက်တာဘက်က ရပ်ဆိုင်းလိုက်သည့်အတွက် မြေရှင်က မကျေနပ်၍ တရားစွဲဆိုနေခြင်းဖြစ်ပြီး ယခုနောက်ပိုင်း လွန်စွာများပြားလာသည်ဟု New Generation ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးဉာဏ်သစ်လှိုင်က ပြောကြားသည်။


နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service