မြရည်နန္ဒာတန်ဖိုး မျှတအိမ်ရာ တိုက်ခန်း ၅၆ဝ အား နိုဝင်ဘာလအတွင်း စတင်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
1887 Views

မြရည်နန္ဒာတန်ဖိုး မျှတအိမ်ရာ တိုက်ခန်း ၅၆ဝ အား နိုဝင်ဘာလအတွင်း စတင်ရောင်းချမည်

မန္တလေး တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ချမ်းမြသာစည်မြို့နယ်
မြရည်နန္ဒာရပ်ကွက် (မမ-၁၆)၌ ၂ဝ၁၅ -၂ဝ၁၆ ဘဏ္ဍာနှစ်အတွင်း တည်ဆောက် သည့် မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာ တိုက်ခန်း
၅၆ဝ ကို လာမည့်နိုဝင်ဘာ လအတွင်း စတင် ရောင်းချတော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါတန်ဖိုးမျှတတိုက်ခန်းများကို နိုင်ငံအတွင်းရှိ ဝင်ငွေနည်းပြည်သူများ၊ နိုင်ငံ့ ဝန်ထမ်းများ၊ ပင်စင်စားများ၊ ကုမ္ပဏီဝန်ထမ်း စသဖြင့် မည်သူမဆို လာရောက် လျှောက်ထားနိုင်ကြောင်း တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ပြောသည်။

''နိုဝင်ဘာလအတွင်းမှာ တိုက်ခန်းတွေအားလုံး ပြီးစီးတော့မှာပါ။ သတ်မှတ် စည်းကမ်းနဲ့ညီတဲ့ ပြည်သူတွေအားလုံးကို ရောင်းချပေးမှာ
ဖြစ်ပါတယ်။ ကျွန်တော်တို့ ဌာနကပြည်သူတွေ လူနေမှုအဆင့်အတန်းမြင့်မားစွာနဲ့ အိုးပိုင်အိမ်ပိုင်နေနိုင်အောင် ရည်ရွယ်ပြီး အိမ်ရာတွေ တည်ဆောက်ပေးနေ တာပါ။ လျှောက်လွှာရောင်းမယ့်ရက်ကို ဌာနက သတင်းစာထဲမှာ ကြေညာပေး ပါမယ်''ဟု ၎င်းက ပြောကြားသည်။

ရောင်းချမည့်တိုက်ခန်းများကို မြေဧရိယာ ၇ ဒသမ ၆၇ ဧကပေါ်၌ ရှစ်ခန်းတွဲ ငါးထပ်အဆောက်အအုံ ၁၄ လုံး တိုက်ခန်းပေါင်း ၅၆ဝ တည်ဆောက်ထားပြီး တစ်ခန်း လျှင် အကျယ် ၅၆၇ စတုရန်းပေရှိကာ အိပ်ခန်း နှစ်ခန်း၊ ရေချိုးခန်းတို့ ပါဝင်သည်။

ရောင်းချမည့်ဈေးနှုန်းသည် တစ်ခန်းလျှင် မြေညီထပ် ၂၂၃ သိန်း၊ ပထမထပ် ၂ဝ၈သိန်း၊ ဒုတိယ ထပ် ၁၉၃သိန်း၊ တတိယထပ် ၁၇၈ သိန်းနှင့် စတုတ္ထထပ် ၁၆၃ သိန်းတို့ဖြစ်ပြီး လက်ငင်း စနစ်၊ အရစ်ကျစနစ်၊ ဘဏ်ချေးငွေစနစ်များဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင်တန်ဖိုးမျှတတိုက်ခန်းဝယ်ယူရန်အတွက် လျှောက်ထားသူ၏မိသားစု ပျမ်းမျှ လစဉ်ဝင်ငွေ စုစုပေါင်းမှာ အနည်းဆုံး$ ငွေကျပ် လေးသိန်းမှ ငါးသိန်းအထိ ဝင်ငွေရှိရမည်ဖြစ်ပြီး တိုက်ခန်းအား အရစ်ကျလေးလ လေးရစ်ဖြင့် အကျေပေးချေ သောစနစ် သို့မဟုတ် ဘဏ်ချေးငွေစနစ်များဖြင့် ဝယ်ယူနိုင်ကြောင်း သိရသည်။

Credit: MOI Webportal Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service