အီဂျစ်တွင် အုပ်ချုပ်ရေးမြို့တော်သစ်ကို တရုတ် developer က ကန်ဒေါ်လာ ၂၀ ဘီလီယံခန့် သုံးစွဲကာ တည်ဆောက်သွားရန် အီဂျစ်အစိုးရနှင့် သဘောတူညီချက်ရရှိ - Property News in Myanmar from iMyanmarHouse.com
1902 Views

အီဂျစ်တွင် အုပ်ချုပ်ရေးမြို့တော်သစ်ကို တရုတ် developer က ကန်ဒေါ်လာ ၂၀ ဘီလီယံခန့် သုံးစွဲကာ တည်ဆောက်သွားရန် အီဂျစ်အစိုးရနှင့် သဘောတူညီချက်ရရှိ

အီဂျစ်တွင် အုပ်ချုပ်ရေးမြို့တော်သစ်ကို တရုတ် developer ဖြစ်သော China Fortune Land Development (CFLD) က ကန်ဒေါ်လာ ၂၀ ဘီလီယံ
ခန့် သုံးစွဲကာ ဒုတိယအဆင့်ကို တည်ဆောက်သွားရန် အီဂျစ်အစိုးရနှင့် သဘောတူညီချက်ရရှိခဲ့ကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဆောက်လုပ်မည့်နေရာမှာ အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရို၏ အရှေ့ဘက်တွင် ဖြစ်သည်။CFLDသည်တရုတ်အစိုးရပိုင်
ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည်။

ယခုစီမံကိန်းတွင် အစိုးရအဆောက်အအုံပေါင်း ၁၄ ခု၊ ကုန်သွယ်ရေးဇုန်တစ်ခုနှင့် ထိုင်ခုံ ၅၀၀၀ ဆံ့ ညီလာခံစင်တာအဆောက်အအုံ တို့ကို CFLD က ဘဏ္ဍာငွေထုတ်ပေးမည်ဖြစ်ပြီး ညီလာခံအဆောက်အအုံသည် အာဖရိကတွင် အကြီးမားဆုံး အဆောက်အအုံ ဖြစ်လာမည် ဖြစ်သည်။

စီမံကိန်းမှာ ရုံးနှင့် လူနေအဆောက်အအုံ ၂ မျိုးလုံးပါဝင်မည့် စီမံကိန်းဖြစ်ကာ မြေအကျယ်အ၀န်း စတုရန်းမီတာ ၅၇ သန်းပေါ်တွင် ဆောက်လုပ်မည် ဖြစ်သည်။
ယင်းမြို့သစ်ကြီးတစ်ခုလုံး၏ စုစုပေါင်းကုန်ကျစရိတ်မှာ ကန်ဒေါ်လာ ၄၅ ဘီလီယံ ကုန်ကျမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် အပြီးသတ်တည်ဆောက်နိုင်ရန် ရည်မှန်းထားသည်။

လက်ရှိအားဖြင့် စတုရန်းမိုင် ၂၇၀ ခန့် အကျယ်အ၀န်းရှိ တပ်ပိုင်မြေပေါ်တွင် စီမံကိန်းစတင်အကောင်အထည်ဖော်လျက်ရှိပြီး စီမံကိန်းပြီးစီးပါက လူပေါင်း ၅ သန်းခန့် အခြေချနေထိုင်နိုင်မည်ဖြစ်သည်ဟု ဆိုသည်။

အဆိုပါစီမံကိန်းကို အီဂျစ် အိုးအိမ်ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနတို့နှင့် CFLD တို့အကြား သဘောတူစာချုပ်ချုပ်ခဲ့ခြင်းဖြစ်သည်။
CFLD က ကုန်ကျငွေကို စိုက်ထုတ်အကုန်အကျခံမည်ဖြစ်ပြီး အိုးအိမ်ဝန်ကြီးဌာနက မြေနေရာပေးကာ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက လိုအပ်သော ပါမစ်များ ထုတ်ပေးမည် ဖြစ်သည်။

CFLD သည် မြေဧက ၁၄၀၀၀ ခန့်ပေါ်တွင် စီမံကိန်း ဒုတိယဆင့်ကို ဆောက်လုပ်မည်ဖြစ်သည်။
ယင်းစီမံကိန်းတွင် နယူးယောက်ရှိ Central Park ကဲ့သို့ စိမ်းလန်းစိုပြေသည့်နေရာများ၊ ဒူဘိုင်းရှိ မိုးမျှော်တိုက်ကြီးများကဲ့သို့ အဆောက်အအုံကြီးများ၊ လန်ဒန်ရှိ ဟိသရိုးလေဆိပ်ထက် ပိုမိုကြီးမားသော လေဆိပ်ကြီးတစ်ခုနှင့် ဒစ္စနေလန်းကဲ့သို့ အပန်းဖြေကစားကွင်းတို့ ပါဝင်မည်ဖြစ်သည်ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အီဂျစ်တွင် အုပ်ချုပ်ရေးမြို့တော်သစ်ကို တရုတ် developer က ကန်ဒေါ်လာ ၂၀ ဘီလီယံခန့် သုံးစွဲကာ တည်ဆောက်သွားရန် အီဂျစ်အစိုးရနှင့် သဘောတူညီချက်ရရှိ - Property News in Myanmar from iMyanmarHouse.com
အီဂျစ်တွင် အုပ်ချုပ်ရေးမြို့တော်သစ်ကို တရုတ် developer က ကန်ဒေါ်လာ ၂၀ ဘီလီယံခန့် သုံးစွဲကာ တည်ဆောက်သွားရန် အီဂျစ်အစိုးရနှင့် သဘောတူညီချက်ရရှိ - Property News in Myanmar from iMyanmarHouse.com
အီဂျစ်တွင် အုပ်ချုပ်ရေးမြို့တော်သစ်ကို တရုတ် developer က ကန်ဒေါ်လာ ၂၀ ဘီလီယံခန့် သုံးစွဲကာ တည်ဆောက်သွားရန် အီဂျစ်အစိုးရနှင့် သဘောတူညီချက်ရရှိ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service