ဟောလိဝုဒ်မင်းသမီးကြီး ဂျူလီယာရောဘတ် ဟာဝိုင်အီကမ်းခြေရှိ အပန်းဖြေနေအိမ်ကြီးကို ကန်ဒေါ်လာသန်း ၃၀ နီးပါးဖြင့် ဈေးကွက်တင်ထားရာ ရောင်းမထွက်သောကြောင့် ၁၀ သန်းခန့် ဈေးလျှော့ချ - Property News in Myanmar from iMyanmarHouse.com
1218 Views

ဟောလိဝုဒ်မင်းသမီးကြီး ဂျူလီယာရောဘတ် ဟာဝိုင်အီကမ်းခြေရှိ အပန်းဖြေနေအိမ်ကြီးကို ကန်ဒေါ်လာသန်း ၃၀ နီးပါးဖြင့် ဈေးကွက်တင်ထားရာ ရောင်းမထွက်သောကြောင့် ၁၀ သန်းခန့် ဈေးလျှော့ချ

ဟောလိဝုဒ်မင်းသမီးကြီး ဂျူလီယာရောဘတ်သည် ဟာဝိုင်အီကမ်းခြေရှိ အပန်းဖြေနေအိမ်ကြီးကို ကန်ဒေါ်လာ သန်း၃၀နီးပါးဖြင့် ဈေးကွက်တင်ထားရာ ရောင်းမထွက်သောကြောင့် ၁၀ သန်းခန့် ဈေးလျှော့ချကာ ၁၉ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက် ပြန်တင်လာကြောင်း အမေရိကန်အခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဟောလိဝုဒ်၏ ထိပ်တန်းဆင့်သရုပ်ဆောင်များတွင် အပါအ၀င်ဖြစ်သော ဂျူလီယာရောဘတ်သည် ယခုအခါ အသက် ၄၈ နှစ်ရှိနေပြီဖြစ်သည်။

ဂျူလီယာရောဘတ်သည် ယင်းနေအိမ်ကြီးကို ၂၀၁၅ ခုနှစ်၊ ဧပြီလကတည်းကပင် အရောင်းဈေးကွက်သို့ တင်ခဲ့ခြင်း ဖြစ်သည်။
ခြံဝန်းအကျယ်အ၀န်း ၂ ဧက ရှိကာ ဟာဝိုင်အီ၏ မြောက်ဘက်ကမ်းခြေတွင်ရှိသော အဆိုပါနေအိမ်ကို မူလက ကန်ဒေါ်လာ ၂၉ ဒသမ
၈၅ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၅ ခုနှစ်၊ သြဂုတ်လတွင်မူ ကန်ဒေါ်လာ ၂၆ သန်းသို့ ဈေးလျှော့ချပေးလိုက်ပြီး ဖေဖော်ဝါရီလတွင် ကန်ဒေါ်လာ ၂၁ ဒသမ ၉၅ သန်းအထိ ဆက်လက်ဈေးလျှော့ပေးခဲ့ပြန်သော်လည်း ရောင်းမစွံခဲ့ချေ။
မှတ်တမ်းများအရ ဂျူလီယာရောဘတ်သည် ယင်းနေအိမ်ကြီးကို ၂၀၁၁ ခုနှစ်တွင် ကန်ဒေါ်လာ ၁၃ ဒသမ ၄ သန်းဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ဒီနေအိမ်က အခုဆို တကယ့်ကို မျှတတဲ့ ဈေးနှုန်းဖြစ်သွားပြီ။ ကမ္ဘာပေါ်မှာ အလှဆုံးပင်လယ်ကမ်းခြေတွေထဲက တစ်ခုဖြစ်တဲ့ နေရာက ကြီးမားလှတဲ့ အဆောက်အအုံကြီးတစ်လုံးကို ပိုင်ဆိုင်ခွင့်ရဖို့ ရှားရှားပါးပါး အခွင့်အရေးတစ်ခုပါ” ဟု Hawaii Life Real Estate အမည်ရှိ အိမ်ခြံမြေကုမ္ပဏီမှ ဒါရိုက်တာ နီးလ် နော်မန်က ပြောကြားသည်။

နေအိမ်အကျယ်အ၀န်းမှာ ၃၇၉၂ စတုရန်းပေရှိပြီး ကမ်းခြေဖြင့် ထိတွေ့မှုမှာ ၂၁၃ ပေ ဖြစ်သည်။
နေအိမ်အတွင်း အိပ်ခန်း ၇ ခန်းနှင့် ရေချိုးခန်း ၄ ခန်းပါ
ဝင်ပြီး ၀ယ်ယူသူအနေဖြင့် စတုရန်းပေ ၉၀၀၀ ခန့် ထပ်မံချဲ့ထွင် ဆောက်လုပ်ရန် ခွင့်ပြုချက်ရဖွယ်ရာရှိသည်။
အဆိုပါနေအိမ်ကို ယခင်က ပိုင်ဆိုင်ခဲ့သူမှာ ကြံစိုက်ပျိုးရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဟန်စ်ပီတာ ဖာယီဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဟောလိဝုဒ်မင်းသမီးကြီး ဂျူလီယာရောဘတ် ဟာဝိုင်အီကမ်းခြေရှိ အပန်းဖြေနေအိမ်ကြီးကို ကန်ဒေါ်လာသန်း ၃၀ နီးပါးဖြင့် ဈေးကွက်တင်ထားရာ ရောင်းမထွက်သောကြောင့် ၁၀ သန်းခန့် ဈေးလျှော့ချ - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ်မင်းသမီးကြီး ဂျူလီယာရောဘတ် ဟာဝိုင်အီကမ်းခြေရှိ အပန်းဖြေနေအိမ်ကြီးကို ကန်ဒေါ်လာသန်း ၃၀ နီးပါးဖြင့် ဈေးကွက်တင်ထားရာ ရောင်းမထွက်သောကြောင့် ၁၀ သန်းခန့် ဈေးလျှော့ချ - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ်မင်းသမီးကြီး ဂျူလီယာရောဘတ် ဟာဝိုင်အီကမ်းခြေရှိ အပန်းဖြေနေအိမ်ကြီးကို ကန်ဒေါ်လာသန်း ၃၀ နီးပါးဖြင့် ဈေးကွက်တင်ထားရာ ရောင်းမထွက်သောကြောင့် ၁၀ သန်းခန့် ဈေးလျှော့ချ - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ်မင်းသမီးကြီး ဂျူလီယာရောဘတ် ဟာဝိုင်အီကမ်းခြေရှိ အပန်းဖြေနေအိမ်ကြီးကို ကန်ဒေါ်လာသန်း ၃၀ နီးပါးဖြင့် ဈေးကွက်တင်ထားရာ ရောင်းမထွက်သောကြောင့် ၁၀ သန်းခန့် ဈေးလျှော့ချ - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ်မင်းသမီးကြီး ဂျူလီယာရောဘတ် ဟာဝိုင်အီကမ်းခြေရှိ အပန်းဖြေနေအိမ်ကြီးကို ကန်ဒေါ်လာသန်း ၃၀ နီးပါးဖြင့် ဈေးကွက်တင်ထားရာ ရောင်းမထွက်သောကြောင့် ၁၀ သန်းခန့် ဈေးလျှော့ချ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service