အထပ်မြင့်အဆောက်အအုံတွေဆောက်ဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာန ထောက်ခံချက်လိုအပ် - Property News in Myanmar from iMyanmarHouse.com
1475 Views

အထပ်မြင့်အဆောက်အအုံတွေဆောက်ဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာန ထောက်ခံချက်လိုအပ်

ရန်ကုန်မြို့မှာ အထပ်မြင့်အဆောက်အအုံတွေ တည်ဆောက်ဖို့ မြေပိုင်ဆိုင်မှုအရှုပ်အရှင်းနဲ့ ဝန်ကြီးဌာနပိုင်မြေနေရာတွေနဲ့ နီးရင် သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ ထောက်ခံချက်တွေတောင်းခံရမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(အဆောက်အအုံ) ကသိရပါတယ် ။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)က ဌာနမှူး ဦးသန်းဌေးက ‘မြေပိုင်ဆိုင်မှုဟာတွေကို ရှင်းလင်းခိုင်းတာ ပိုင်ဆိုင်မှု အရှုပ်အရှင်းရှိတဲ့ဟာတွေကို ၊ နောက်တစ်ခုက မီးရထားလမ်းနားမှာ တည်ဆောက်မယ်ဆိုရင် မီးရထားဝန်ကြီးဌာနရဲ့ မှတ်ချက်ယူရမယ်’ လို့ပြောပါတယ် ။

လက်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အထပ်မြင့်ကြီးတွေ တည်ဆောက်ခွင့်မပေးဘဲ အထပ်မြင့်တွေကို ဘေးပတ်ဝန်းကျင်မှာရှိတဲ့ အဆောက်အအုံတွေရဲ့ အထပ်မြင့်တွေနဲ့လိုက်ပြီး တည်ဆောက်ခွင့်ပေးနေတာ ဖြစ်ပါတယ် ။

အဆောက်အအုံဆောက်လုပ်ခွင့် မှုဝါဒအသစ်က လက်ရှိမှာမထွက်နိုင်သေးတာကြောင့် လေးထပ်ကနေ ရှစ်ထပ်ခွဲအထိ အထပ်မြင့်တွေကို ဘေးပတ်ဝန်းကျင်နဲ့ အဲသည်လမ်းထဲမှာ ရှိနေတဲ့ အထပ်မြင့်တွေရဲ့ အတိုင်းတည်ဆောက်ခွင့်ပေးနေပါတယ် ။

ရန်ကုန်မြို့အတွက် အဆောက်အအုံတည်ဆောက်ခွင့်မှုက လက်ရှိရန်ကုန်မြို့အနေအထားနဲ့ မကိုက်တော့တာကြောင့် အသစ်ပြန်လည်ရေးဆွဲတာဖြစ်ပါတယ် ။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ အဆောက်အအုံဆောက်လုပ်ခွင့် ဥပဒေကို (Review) ပြန်လည်ဆန်းသစ်တာပါ ။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာနက ပြီးခဲ့တဲ့ ဇွန်လအတွင်း အဆောက်အအုံ အထပ်အနိမ့် ၊ အမြင့် တည်ဆောက်ခွင့်တင်တဲ့ အမှုတွဲလက်ခံတာကို ပိတ်ထားပြီး ဇူလိုင်လ ၁ ရက်နေ့ကစပြီး တည်ဆောက်ခွင့်ပါမစ်တွေ ပြန်လက်ခံနေပါတယ် ။

‘လက်ရှိရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အထပ်မြင့်အဆောက်အအုံကိုးထပ်နဲ့ အထက် အဆောက်အအုံ တည်ဆောက်ဖို့ ခွင့်ပြုတာ မရှိသေးဘူး လို့ သိရပါတယ် ။ အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှာ ပြီးခဲ့တဲ့ အစိုးရလက်ထက်က တည်ဆောက်ခွင့်တင်ထားတဲ့ အမှုတွဲဟောင်း ရာဂဏန်းရှိနေပြီး သည်အမှုတွဲဟောင်းတွေကို စည်ပင်သာယာကော်မတီဝင်သစ်တွေကို တင်ပြပြီး တည်ဆောက်ခွင့်ချပေးနေတာပါ ။ အထပ်မြင့် ငါးထပ်ကနေ ရှစ်ထပ်ခွဲအထိ ပါဝင်တယ်လို့’ သိရပါတယ်။



Credit: The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service