နိုင်ငံပိုင် အဌားချအိမ်ရာစနစ် ပြန်လည်ထွန်ကားဖို့ လိုပြီ - Property News in Myanmar from iMyanmarHouse.com
2588 Views

နိုင်ငံပိုင် အဌားချအိမ်ရာစနစ် ပြန်လည်ထွန်ကားဖို့ လိုပြီ

တန်ဖိုးသင့် ၊ တန်ဖိုးမျှတ ၊ တန်ဖိုးနည်း အိမ်ရာစီမံကိန်းဆိုတဲ့ စကားလှလှ လေးတွေကို လူတိုင်းသဘောကျ နှစ်ခြိုက်ကြပေမယ့် သေချာတာ တစ်ခုကတော့ လစားနည်းဝန်ထမ်းတွေ အတွက် ဒီအိမ်ရာတွေက အိမ်မက်ထဲတောင် ထည့်မက်ဖို့ ခက်ခဲလှပါတယ် ။ ရာထူးရာခံ ကြီးကြီးမားမား မရှိတဲ့ လစားနည်း နိုင်ငံဝန်ထမ်းတွေ ၊ ကုမ္မဏီ ၀န်ထမ်းတွေ အတွက်ကတော့ တစ်လတစ်လ ရတဲ့ လစာနဲ့ အလျင်မှီအောင်လို့ ရုန်းကုန်နေရတဲ့ ယနေ့စီးပွားရေး ၀ဲဂယက်အတွင်းမှာ ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် အိမ်ပိုင်ဆိုင်ဖို့ ဆိုတာ အင်မတန်ခက်ခဲပြီး အလှမ်းဝေးပါတယ် ။

တန်ဖိုးနည်းအိမ်ရာဆိုရင်လည်း မဲပေါက်လို့ လစဉ်အရစ်ကျ ငွေသွင်းနိုင်ရင်တောင် ပထမအရစ်ပေးသွင်းရမယ့် ကျပ်သိန်း ၄၀ ကို သာမန်ဝန်ထမ်းမဆိုထားနဲ့ အရာရှိအဆင့်တော်တော်များများတောင် ပေးသွင်းနိုင်ဖို့ မလွယ်ကူလှပါဘူး။ ဒါကြောင့်လည်း ပြည်သူတွေက နိုင်ငံတော်က စီမံဆောက်လုပ်ပေးမယ့် နိုင်ငံပိုင်အဌားချ အိမ်ရာတွေကို ပြန်လည်မျှော်ကိုးရတာဖြစ်ပါတယ် ။

နှစ်ပေါင်း ၂၅ နှစ်တာကာလ အတွင်းမှာပထမဆုံးအကြိမ် အစိုးရ စီမံချက်နဲ ပြန်စခဲ့တယ့် ဗန္ဓုလ အဌားအိမ်ရာအတွက် လာလျှောက်တဲ့ လျှောက်လွှာပေါင်း ၃၅၅၀၀ က သက်သေဘဲဖြစ်ပါတယ် ။
နိုင်ငံပိုင်အဌားချအိမ်ရာဆိုတာ ကျွန်တော်တို့နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ကျော်လောက်ကတည်း အောင်မြင်ခဲ့တဲ့ စနစ်တစ်ခုဖြစ်ပေမယ့် ၁၉၉၀ နောက်ပိုင်းမှာ ပျောက်ကွယ်သွားခဲ့တဲ့ စနစ်ကောင်းတစ်ခုဖြစ်ပါတယ် ။ ဖဆပလ ခေတ် ၊ မဆလ ခေတ်ဆိုတဲ့ ခေတ်နှစ်ခု အတွင်းမှာ နိုင်ငံတော် ရဲ့ဘဏ္ဍာငွေနဲ့ အဌားအိမ်ရာတွေကို အမြောက်အများ ဖော်ထုတ်ပြီး ပြည်သူတွေ ၊ နိုင်ငံဝန်ထမ်းတွေ ၊ အငြိမ်းစားဝန်ထမ်းတွေကို အဖိုးနှုန်းချိုချိုသာသာ နဲ့ အဌားချထားပေခဲ့လို့ မိသားစု တော်တော်များများ နေရေး အတွက် အဆင်ပြေချောမွေ့ခဲ့ပါတယ် ၊ အဌားချထားခြင်း ခံရတဲ့ မိသားစု တွေရဲ့ ဆွေစဉ်မျိုးဆက် သန်းကောင်စာရင်း ၀င် မိသားစု တွေလည်း ဆက်လက် နေထိုင်ခွင့်ကိုလည်း ပေးထားပါတယ် ။ အခုထက်ထိလည်း အိမ်လခ ကောက်ခံနေတဲ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနကို အိမ်ဌားခ အဖြစ် တစ်ပေပတ်လည် ၁၂ ကျပ်ခွဲ နှုန်းဖြင့်သာ ပေးသွင်းနေရဆဲဖြစ်လို့ အပြင်ပေါက်ဈေးထက် အများကြီး သက်သာတဲ့ နှုန်းထားဖြစ်ပါတယ် ။

ရန်ကုန်မှာ လူနေကျပ်တည်းလာပြီး ကျုးကျော်တဲတွေ ဟိုနေရာတစ်စု ၊ ဒီနေရာတစ်စု ဖြစ်နေတဲ့ ပြသာနာတွေ ၊ နိုင်ငံဝန်ထမ်းတွေကိုယ်တိုင် နေစရာ အခက်အခဲ ရှိတာကြောင့် နိုင်ငံတော်က ကုန်ကျစရိတ် ကျခံပြီး ပြည်တော်သာစီမံကိန်း အဆင့်ဆင့်အရ ရန်ကုန်မြို့တော်မှာ အဌားအိမ်ရာ စခန်းပေါင်း ၁၁ ခုကို တည်ဆောက်ပြီး မိသားစုပေါင်း ၁၆၀၀၀ ကိုလည်း နေရာချထားပေးခဲ့ပါတယ် ၊ တစ်ဖက်မှာလည်း မြို့သစ်တွေဖြစ်တဲ့ တောင်ဥက္ကလာ ၊ မြောက်ဥက္ကလာ ၊ သာကေတ ၊ ဒေါပုံ မြို့သစ်တွေ တည်ပြီး နေရာချထားပေးခဲ့ပြန်ပါတယ် ။ တစ်ဆက်တည်းမှာဘဲ နိုင်ငံပိုင်အဌားချအိမ်ရာစခန်းတွေကို တည်ဆောက်နေရာချထားပေးခဲံ့ပါတယ် ။

အဌားအိမ်ရာဆိုတဲ့ သဘောတရားအရ နေတဲ့ လူတွေ အနေနဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို မဖောက်ဖျတ်ဘူးဆိုရင် မိသားစု တစ်စု လုံးဆွေစဉ်မျိုးဆက် နေထိုင်ခွင့်ရရှိမှာဖြစ်ပါတယ် ၊ လစဉ်ဈေးနှုန်းချိုသာတဲ့ အိမ်လခကို နိုင်ငံတော်ဖြစ်တဲ့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနကို ပေးသွင်းရမှာဖြစ်ပါတယ် ၊ နှစ်ပေါင်း ၂၀ မကလို့ နှစ်ပေါင်း ၅၀ ဘဲနေလာနေလာ နေထိုင်ခွင့်ပြုထားတဲ့ အခန်းကို တဆင့်ခံပြန်လည်ရောင်းချတာတွေ ၊ အဌားချထားတာတွေ လုပ်လို့မရဘဲ နိုင်ငံတော်ကဘဲထာဝရ ပိုင်ဆိုင်မယ့် ပိုင်ဆိုင်မှု ဖြစ်ပါတယ် ။

နိုင်ငံတကာမှာလည်း ဒီလိုနည်းလမ်းအတိုင်းဘဲ ကျင့်သုံးခဲ့ပေမယ့် ခေတ်အဆက်ဆက် အားနည်းချက် ၊ လစ်ဟင်းပျက်ကွက်မှု တွေကြောင့် အိမ်ရာစနစ်ကောင်းတွေ ပျက်စီးခဲ့တာ အချိန်အတော်ကြာနေပြါ့ပီ။
၁၉၉၀ ပြည့်နှစ်နောက်ပိုင်းမှာ မြို့သစ်တွေ အလျှိုလျှို ပေါ်လာသလို ၊ ၀န်ထမ်းတွေ ၊ ကျုးကျော်နေထိုင်တဲ့ လူတွေကို နေရာချထားပေးခဲ့ပေမယ့်လည်း နိုင်ငံတော်အစိုးရ အဆက်ဆက် က ဖော်ထုတ်နေရာချပေးခဲ့တဲ့ အဌားအိမ်ရာစနစ်ကတော့ အခုထက်ထိ ပီပီပြင်ပြင် ပြန်လည်ထွန်းကားလာခြင်း မရှိပါဘူး ။ လူမျိုးပေါင်းစုံ ၊ဘာသာပေါင်းစုံ ၊ လူတန်းစားအလွှာပေါင်းစုံ နေထိုင်နေတဲ့ နိုင်ငံတကာ
မြို့တော်ကြီးတွေ မှာဆိုရင် ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး နှစ်ရှည်စနစ်နဲ့ ရောင်းပေးတဲ့ တန်ဖိုးနည်းအိမ်ရာတွေ ရှိသလို ၊ အစိုးရရဲ့ ငွေကြေးနဲ့ စိုက်ထုတ်ပြီး ဆောက်လုပ်ထားပြီးမှ ပြည်သူ ဒါမှမဟုတ် ၀န်ထမ်းတွေကို ဈေးနှုန်း သက်သက်သာသာ နဲ့ ပြန်လည်နေရာချထားပေးတဲ့ အဌားအိမ်ရာစနစ်ပါ တစ်ပါတည်း ပူးတွဲ ဖော်ထုတ် လုပ်ကိုင်ကြတာဖြစ်ပါတယ် ။

အရှေ့တောင်အာရှ ရဲ့ စီးပွားရေး အထွန်းကားဆုံ လို့ ပြောရမယ့် စင်ကာပူ နိုင်ငံမှာဆိုရင် HDB တိုက်ခန်းတွေ ရှိသလို လစဉ်ဌားခပေးသွင်းရတဲ့ အဌားအိမ်ရာစနစ်တွေလည်း ယခုထက်တိုင် ထွန်းကားလို့ ရှိနေဆဲဖြစ်ပါတယ် ။ ဖဆပလ ခေတ်ကတည်းက နိုင်ငံပိုင် အဌားချအိမ်ရာစီမံကိန်းတွေ အများကြီး တည်ဆောက်နေရာ ချထားပေးခဲ့ပြီး အခုချိန်ထိလည်း နေထိုင်နေကြဆဲ မိသားစု တွေ အများကြီး ရှိနေခဲ့ပေမယ့် န၀တ- နယက ခေတ်ဖြစ်တဲ့ ၁၉၉၀ ကနေ ၂၀၁၀ ခုနှစ်ဖြစ်တဲ့ နှစ်ပေါင်း ၂၀ အတွင်းမှာ အဌားအိမ်ရာစနစ် ကို သေသေချာချာ အကောင်အထည်ဖော်တာမရှိခဲ့ပါဘူး ။

အရင်အစိုးရ ဟောင်းလက်ထက် သမ္မတ ဦးသိန်းစိန် သက်တမ်းကုန်ခါနီး ၂၀၁၅ ခုနှစ်အတွင်းမှာဘဲ တောင်ဒဂုံမှာတစ်လ သုံးသောင်းသွင်း ဗန္ဒုလ အဌားအိမ်ရာစနစ်ကို အမြန်ဆောက်ပြီး မိသားစုပေါင်း ၁၁၅၂ စုကို မဲနှိုက်နေရာချထားပေးတာ တစ်ခုဘဲ ရှိပါတယ် ။ တန်ဖိုးသင့် ၊ တန်ဖိုးမျှတ ၊ တန်ဖိုးနည်းအိမ်ရာ တွေကို လက်လှမ်းမမှီ လို့ အဌားအိမ်ရာမှာ နေထိုင်ခွင့် ရဖို့ လာလျှောက်တဲ့ လူ ၃၅၅၀၀ ကျော်အထိ ရှိပေမယ့် အမှန်တကယ် နေရာချထားပေးနိုင်တာက ၁၁၅၂ ခန်းဘဲ ဖြစ်လို့ အဌားအိမ်ရာဈေးကွက် လိုအပ်ချက် ဘယ်လောက်ကြီးရှိနေတယ် ၊ လုပ်ဖို့လိုနေလား မလိုဘူးလား ဆိုတာ ခန့်မှန်းတွက်ချက် ကြည့်ရင် သိနိုင်မှာဖြစ်ပါတယ် ။

ဖဆပလ နဲ့ မဆလ ခေတ်နှစ်ခုလုံးမှာ ရန်ကုန်မြို့တော်ကြီးမှာ ဖြစ်ပျက်နေတဲ့ အိမ်ရာလိုအပ်ချက် ၊ ခေတ်နဲ့မညီ တဲ့ လူနေမှု ပြသနာတွေကို အတက်နိုင်ဆုံး ဖြေရှင်းပေးခဲ့လို့ နှစ် အတန်ကြာ အိမ်ရာပြသနာတွေ ပြေလည်သွားကြတဲ့ သာဓကတွေလည်း ရှိပါတယ်။ မြို့ပြစီမံကိန်း ပညာရှင်တွေရဲ့ သုံးသပ်ချက်အရ ပြောမယ်ဆိုရင် ပုံမှန်ရန်ကုန် ဧရိယာ ထဲကို ၀င်နေတဲ့ လူစီးကြောင်းအနေအထားအရ နှစ် ၂၀ ပြည့်တိုင်း တစ်ကြိမ် ရန်ကုန်မြို့တော်ကြီးကို ပြန်ပြီး Review လုပ်ဖို့လိုလာပါပြီ။

နိုင်ငံပိုင်အဌားအိမ်ရာစနစ်နဲ့ ပက်သက်ပြီး နေချင်တဲ့ ပြည်သူတွေဘက်ကလည်း ပုဂ္ဂလိက အိမ်ပိုင်ရှင်တွေ အိမ်လခဈေးတွေ ခဏခဏ တိုးတောင်းနေလို့ အတိဒုက္ခရောက်ရတဲ့ အတွက် နိုင်ငံတော်က အရင်ခေတ်တွေက လိုလုပ်ပေးခဲ့တဲ့ အဌားအိမ်ရာစနစ်ကို မျှော်ကြတဲ့ လူတွေရှိသလို နိုင်ငံတော်ဘက်ကလည်း အဌားအိမ်၇ာစနစ်ကို ဖော်ထုတ်ရမှာ ဖြစ်လို့ ပထမဆုံးအနေနဲ့ ငွေကြေးဘီလီလျံပေါင်းများစွာ ကြိုတင်စိုက်ထုတ်လုပ်ကိုင်ရမှာဖြစ်ပါတယ် ၊ နေထိုင်သူတွေဆီက အိမ်လခ ရမှသာ စိုက်ထုတ်ထားတဲ့ ငွေကြေးကို ပြန်လည်ဖြည့်ဆည်းရတာဖြစ်တာကြောင့် အရင်ကြေကာလကလည်း တန်ဖိုးနည်း ၊ တန်ဖိုးသင့် ၊ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းတွေနဲ့ မတူဘဲ အရင်းကြေကာလ ကလည်း အင်မတန် ကြာရှည်လှတဲ့ အခက်အခဲ ရှိပါတယ် ။

ရန်ကုန်မှာ လက်ရှိရှိနေတဲ့ နှစ်ပေါင်း ၅၀ ကျော်သက်တမ်းရှိနေပြီ ဖြစ်တဲ့ နိုင်ငံပိုင်အဌားချအိမ်ရာစီမံကိန်းတွေကလည်း အရှေ့တောင်အာရှ နဲ့ အာရှ မှာထိပ်တန်းရောက်ခဲ့တဲ့ အချိန်တုံးက ဆောက်ခဲ့တဲ့ စီမံကိန်းတွေက အများစု ဖြစ်နေတာ တွေ့ရပါတယ်
ချမ်းသာပြီး စိးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေရဲ့ အစိုးရတွေ အနေနဲကတော့ အဌားချအိမ်ရာစီမံကိန်း အတွက် စိုက်ထုတ်ထားရတဲ့ ငွေကျပ် ဘီလီလျံပေါင်းများစွာက သိပ်ပြီး ပြသနာ ဖြစ်လောက်တဲ့ အနေအထား မရှိပေမယ့် LDC နိုင်ငံ အဖြစ်ခံယူခဲ့ရတဲ့ မြန်မာနိုင်ငံအနေနဲ့ကလည်း အဌားချအိမ်ရာတွေအတွက် ကျပ်ဘီလီလျံပေါင်း များစွာကို ရေရှည်မြုပ်နှံထားရတာ ပြသနာ ရှိနိုင်ပါတယ် ။

ကြီးမားတဲ့ ငွေကြေးပမာဏကို နှစ်ပေါင်းများစွာ ရင်းနှီးရမှာဖြစ်တဲ့ အတွက် ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီးတွေ ကုမ္မဏီကြီးတွေ အနေနဲ့ အဌားချအိမ်ရာကို စေတနာရှေ့ထား ဆောက်မှာ မဟုတ်တာသေချာပါတယ် ၊ ကျပ်သိန်း တစ်ရာအောက် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေကနေ တိုက်ခန်းပေါင်း နှစ်သိန်းကို ဆောက်မယ် ဆိုတဲ့ သတင်းကောင်းတွေ ကြားနေရပေမယ့် တန်ဖိုးနည်းအိမ်ရာတောင် အဆင်ပြေပြေ ၀ယ်ဖို့ မတက်နိုင်တဲ့ အခြေခံလူတန်းစားတွေ ၊ အောက်ခြေ၀န်ထမ်းတွေအတွက်လည်း နိုင်ငံတော်အနေနဲ့ တက်နိုင်သလောက် အရင်ခေတ်စနစ်တွေ တုံးက အောင်မြင်ခဲ့တဲ့အဌားချအိမ်ရာစီမံကိန်းတွေကိုပါ
စေတနာမေတ္တာရှေ့ထားပြီးအမြန်ဆုံး ပြန်လည်အကောင်အထည် ဖော်သင့်တယ်လို့ ယူဆမိပါတယ် ။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service