အိမ်ခြံမြေအကျိုးဆောင် လိုင်စင်နဲ့ စနစ်တကျဖြစ်လာရင် အဆင့်သုံးဆင့်ခွဲမည် - Property News in Myanmar from iMyanmarHouse.com
1399 Views

အိမ်ခြံမြေအကျိုးဆောင် လိုင်စင်နဲ့ စနစ်တကျဖြစ်လာရင် အဆင့်သုံးဆင့်ခွဲမည်

အိမ်ခြံမြေ အကျိုးဆောင် လိုင်စင်တွေနဲ့ စနစ်တကျဖြစ်လာရင် အကျိုးဆောင်တွေကို အဆင့်သုံးဆင့်ခွဲပြီး သတ်မှတ်ဖို့ ရှိတယ်လို့ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်း (ဗဟို) က သိရပါတယ်။

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း ( ဗဟို )က အတွင်းရေးမှူးဒေါ်မို့မို့အောင်က
‘ သူများနိုင်ငံမှာ အေဂျင်စီလိုင်စင်နဲ့ အေးဂျင့်လိုင်စင် ရှိတယ်၊ ကိုယ့်နိုင်ငံမှာတော့ ကိုယ့်ပုံစံနဲ့ (က) အဆင့်မှာ လုပ်ငန်းရှင်း၊ ကုမ္ပဏီတွေပါတယ် ၊ ဝယ်ရောင်းသမားတွေပါမယ်၊ (ခ) အဆင့်မှာကဆိုင်းဘုတ်တင်လုပ်တဲ့သူတွေ၊ မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ထားတဲ့သူတွေ၊ (ဂ) အဆင့်ကတော့ တစ်ဦးတစ်ယောက်လမ်းလျှောက် ပွဲစားတွေအတွက် လုပ်ထားတယ် ' လို့ရှင်ပြပါတယ်။

အကျိုးဆောင်တွေအားလုံးကို အသင်းဝင်းတာနဲ့ အသင်းဝင်းအဖြစ် လက်ခံတာမဟုတ်ဘဲ ၁၆နာရီ သင်တန်းတက်ရောက်ရမှာဖြစ်ပါတယ်။ သင်တန်းပြီးမှ စမတ် ကတ်ထုတ်ပေးတာဖြစ်ပြီး အသင်းသာအဖြစ် တာဝန်ယူတယ်လို့ သိရတယ်။နောက်တဆင့်အနေနဲ့ အသင်းနဲ့ ချိတ်ဆက်ထားတဲ့ စင်ကာပူနိုင်ငံက နာမည်အကြီးဆုံးကျောင်းတွေနဲ့ ချိတ်ဆက်ထားတယ်။ အသင်းဝင်အားလုံးထဲမှာ ဘွဲ့ရပညာတတ် တွေ အများကြီးပါတယ်။ ဒါကြောင့် အသင့်မှာ (က)(ခ)(ဂ) ဆိုပြီး အဆင့်သုံးဆင့်ခွဲးခြားထားတယ်။ဒီပလိုမာသင်တန်းတွေပေးမယ်။ နိုင်ငံတော်နဲ့ ပူးပေါင်းပြီးတော့ ပေးမှာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

အသင်းအနေနဲ့ အာဆီယံအိမ်ခြံမြေ မဟာမိတ်အဖွဲ့နဲ့ ချိတ်ဆက်လုပ်ဆောင်ထားသလို အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ ဥပဒေကြမ်းကိုလည်း ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံး
သပ်ရေးကော်မတီကို တင်ပြထားပါတယ်။

မူကြမ်းတွေကို နိုင်ငံတော်က လက်ခံပြီးဆိုရင် အသင်းတစ်ခုတည်းကနေမဟုတ်ဘဲ အကျိုးဆောင်တွေကဘယ်လိုသင်တန်းမျိုးကို အောင်ရင်
ဘယ်လိုလိုင်စင်မျိုးကို ရမယ်ဆိုတာမျိုး စည်းကမ်းစနစ်တကျ ဖြစ်လာမှာ လို့ သိရပါတယ်။
ဒေါ်မို့မို့အောင်က ‘ဒီပလိုမာသင်တန်းတွေပေးရင်တော့ မြန်မာ့နည်းမြန်မာ့ဟန်ဥပဒေနဲ့ညီတဲ့ ခွဲပြီးလုပ်ပေးဖို့တွေရှိတယ်၊ မူကြမ်းကို တင်တာကလဲ အသင်းတစ်ခုတည်း မဟုတ်ဘဲ ဒီလောကက လူတွေအားလုံးအတွက် အာဆီယံအဆင့် မှီလာတာမျိုးဖြစ်အောင် လုပ်ဆောင်တာပါ၊ မူကြမ်းက ဆက်ပြီးသွားမှာပါ 'လို့ပြောပါတယ်။

လက်ရှိမှာ အသင်းဝင်းတွေအတွက် အိမ်ရှင်က လစာပေးပြီးသာကို အကျိုးဆောင်က ပြီးအောင် ဝန်ဆောင်မှုမပေးရင် ပြန်ခေါ်ပြီး ဖြေရှင်းပေးတယ်။ အကျိုးဆောင်ခ မရတာမျိုး ကြုံရရင်လည်း ဖြေရှင်း လုပ်ဆောင်ပေးဖို့အသင်းရဲ့ ဥပဒေအကျိုးဆောင်က ကူညီ လုပ်ပေးတာမျိုး တွေရှိတယ်လို့ သိရပါတယ်။

ဥပဒေထွက်လာခဲ့ရင် အိမ်ခြံမြေဈေးကွက်ထဲမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေ၊ အကျိုးဆောင်တွေကြောင့် ဈေးဖောင်းပွတာ ၊ ဈေးတက်တယ်ဆိုတာတွေ ပြေလည်သွားမယ်။ လူတိုင်းဝင်ပြီး လုပ်ကိုင်နေတာမျိုးမဟုတ်ဘဲ စနစ်တကျနဲ့ ဖြစ်သွားအောင်ဥပဒေကြမ်းကို လုပ်ထားတာပါ။ လိုင်စင်ရှိနေတာကြောင့် ဘယ်သူက အရောင်းအဝယ်လုပ်သွားတယ်ဆိုတာ သိနိုင်ပြီး အရောင်းအဝယ်ဖြစ်တာနဲ့ အခွန်တွေကိုလည်း ရလာနိုင်တယ်လို့ သိရပါတယ်။

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service