ရှစ်လကာလအတွင်း ဟိုတယ်၊ တည်းခိုခန်း ၁,၃၇၀ ကျော် လုပ်ငန်းလိုင်စင် ခွင့်ပြုခဲ့ဟုဆို - Property News in Myanmar from iMyanmarHouse.com
2560 Views

ရှစ်လကာလအတွင်း ဟိုတယ်၊ တည်းခိုခန်း ၁,၃၇၀ ကျော် လုပ်ငန်းလိုင်စင် ခွင့်ပြုခဲ့ဟုဆို

မြန်မာနိုင်ငံတစ်ဝန်းတွင် ပြီးခဲ့သည့် သြဂုတ်လကုန်အထိ ဟိုတယ်နှင့် တည်းခိုခန်း ၁,၃၇၀ ကျော်အား လုပ်ငန်းလိုင်စင် ခွင့်ပြုပေးခဲ့ရာ ယခင်နှစ်ကထက် ဟိုတယ်နှင့် တည်းခိုခန်း ၉၂ လုံး တိုးတက်လာကြောင်း သတင်းရရှိသည်။

ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည် အများဆုံးသွားရောက် လည်ပတ်လေ့ရှိသည့် ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ညောင်ဦး၊ တောင်ကြီး၊ အင်းလေး စသည့်ဒေသများ တွင် ဟိုတယ်၊ တည်းခိုခန်း ၁,၃၇၁ လုံး (အခန်းပေါင်း ၅၄,၀၀၀ ခန့်) အထိ လုပ်ငန်းလိုင်စင်များချထား ပေးပြီး ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ထို့အပြင် ခရီးသွားကုမ္ပဏီ ၂,၂၀၀ ကျော်အား လုပ်ငန်းလိုင် စင်များ ချထားပေးခဲ့ကာ ပို့ဆောင်ရေးလုပ်ငန်းလိုင်စင် ၁,၆၀၀ ခန့်၊ ဧည့်လမ်းညွှန်လိုင်စင် ၃,၉၀၀ ကျော်၊ ဒေသဆိုင်ရာ ဧည့်လမ်း ညွှန် လုပ်ငန်းလိုင်စင် ၂,၇၀၀ ကျော် ချထားပေးပြီးဖြစ်သည်ဟု ဆိုသည်။

‘‘ဟိုတယ်နဲ့ ခရီးသွားလုပ် ငန်းက ဆက်ပြီးတော့ မြန်မာနိုင်ငံ မှာ အများကြီးဖွံ့ဖြိုးလာဖို့ ရှိနေ တယ်။ အဲဒီလို ဖွံ့ဖြိုးဖို့ဆိုတာက သက်ဆိုင်ရာ ဒေသခံတွေရဲ့ ပူး ပေါင်းကူညီမှုတွေရှိမှ ပိုမြန်ဆန် မှာပါ’’ဟု ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးတင့်သွင်က ရက် ၁၀၀ စီမံချက်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၁ မတိုင်မီက ခရီးသွားလုပ်ငန်းဖွံ့ဖြိုး မှုနည်းပါးခြင်းကြောင့် ၂၀၁၁ ၌ ဟိုတယ်နှင့်စီးပွားရေးအဆောက်အအုံစီမံကိန်း ၃၆ ခု နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ် လာ ၁,၁၄၄ ဒသမ ၄၁၉ သန်းသာ ရှိရာ ပြီးခဲ့သည့် ငါးနှစ်တာအတွင်း ခရီးသွားလာရေးကဏ္ဍ ဖွံ့ဖြိုးရေး နှင့် ဟိုတယ်လုပ်ငန်းများ ပြန်လည် ဖွံ့ဖြိုးလာစေရန် စီမံချက်များ ထားရှိလုပ်ကိုင်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု ရှေ့အလားအလာ စာတမ်းတွင် ဖော်ပြထားသည်။

ထိုသို့ဆောင်ရွက်မှုကြောင့် ၂၀၁၁ မှ ပြီးခဲ့သည့် ဇူလိုင်အထိ ဟိုတယ်၊ ခရီးသွားကဏ္ဍများ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ဖက်စပ် ရင်းနှီးမြှုပ်နှံမှု ဟိုတယ်စီမံကိန်း ၅၂ ခု ရှိလာကာ ရင်းနှီးမြှုပ်နှံမှု တန်ဖိုး အမေရိကန်ဒေါ်လာ ၂,၉၁၈ ဒသမ ၅,၂၅၄ သန်းအထိ တိုးတက်အောင် ဆောင်ရွက်နိုင် ခဲ့ကြောင်း စာတမ်းက ဆိုသည်။

မြန်မာနိုင်ငံ၏ပကတိအခြေ အနေ အရပ်ရပ်ကို အခြေခံရေး ဆွဲထားသော ပင်မစီမံကိန်းတွင် ၂၀၂၀ ၌ ခရီးသွား ဧည့်သည့် ၇ ဒသမ ၄၉ သန်းရောက်ရှိနိုင် ကြောင်း သုံးသပ်ထားသော်လည်း လက်ရှိအနေအထားအရ မကြာမီ နှစ်အနည်းငယ်အတွင်း အဆိုပါ အရေအတွက်ဝင်ရောက်မှုရှိလာ နိုင်သည်ဟု ဟိုတယ်နှင့်ခရီးသွား လာရေး ဝန်ကြီးဌာနက ခန့်မှန်း ထားသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service