ရွှေပြည်တော်မျှော်တိုင်းဝေး အုံးမယ့် တန်ဖိုးနည်း အိမ်ရာ - Property News in Myanmar from iMyanmarHouse.com
10654 Views

ရွှေပြည်တော်မျှော်တိုင်းဝေး အုံးမယ့် တန်ဖိုးနည်း အိမ်ရာ

တန်ဖိုးနည်းဖုန်း ၊ တန်ဖိုးနည်းကား ၊ တန်ဖိုးနည်းမြေကွက် နဲ့ တန်ဖိုးနည်းအိမ်ရာ ဆိုတဲ့ တန်ဖိုးနည်းတိုက်ခန်း ဆိုတဲ့ အဓိပ္ပါယ်တွေ ကြားမှာ သေချာတာတစ်ခုကတော့ တန်ဖိုးနည်းဆိုတဲ့ စကားစုကို လူတွေ အထူးသဖြင့် ၀င်ငွေနည်းမိသားစုတွေ အတွက် သည်းခြေကြိုက်စကားလုံး တစ်ခုဘဲဖြစ်ပါတယ်။

အစိုးရသစ် လက်ထက်မှာ ပထမဆုံး အကြိမ်အဖြစ် စက်တင်ဘာလ ၁၇ ရက်နေ့ ရန်ကုန်မြို့ IBC ခန်းမမှာဆွေးနွေးသွားကြတဲ့ တန်ဖိုးနည်းအိမ်ရာ ဆွေးနွေးပွဲမှာလည်း တန်ဖိုးနည်းအိမ်ရာတွေကို ဆောက်လုပ်နေကြတဲ့ ဆောက်လုပ်ရေး ၀န်ကြီးဌာနအပါအ၀င် ဟောပြောပို့ချခဲ့ကြတဲ့ ပြည်တွင်းပြည်ပ အိမ်ခြံမြေ ကျွမ်းကျင်သူတွေကလည်း တန်ဖိုးနည်းအိမ်ရာ တွေ လိုအပ်နေသေးတယ့် အပြင် အမှန်တကယ် လိုအပ်နေတဲ့ သူတွေလက်ထဲကို ရောက်နိုင်ဖို့ အတွက် လိုအပ်ချက်တွေ အများကြီးရှိသေးတယ် ဆိုတဲ့ အကြောင်းကို ဟောပြောသွားကြပါတယ် ။
သူတို့အဓိက ပြောသွားတဲ့ ထူးဆန်းတဲ့ အချက်တစ်ချက်ကတော့ ကမ္ဘာဘဏ်သတ်မှတ်ချက်အရ လစဉ်ဝင်ငွေ မြန်မာငွေနဲ့ တွက်ရင် သုံးသိန်းလောက် ရနိုင်တဲ့ လူတန်းစားက နိုင်ငံတကာမှာ တန်ဖိုးနည်းအိမ်ရာ တွေ ၊ ကိုယ်ပိုင်တိုက်ခန်းတွေ ၀ယ်လို့ရတဲ့ အခြေအနေ ရှိတယ်လို့ ပြောပေမယ့် မြန်မာပြည်ရဲ့ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ အရ မြန်မာနိုင်ငံမှာ တစ်လ သုံးသိန်းရရင်တောင် အိမ်ဝယ်ဖို့ မဆိုထားနဲ့ မိသားစု ၀၀လင်လင် စားသောက်ဖို့တောင် မဖြစ်နိုင်တဲ့ အခြေအနေ ဖြစ်နေပါတယ် ။

နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ပြုလုပ်ထားတဲ့ စစ်တမ်းတွေ အရလည်း ရန်ကုန်လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကျော်လောက် ရဲ့ လစဉ်ရရှိငွေကလည်း သုံသိန်းအောက်ဘဲ ရှိတဲ့ အတွက် အိမ်ရာပိုင်ဆိုင်ဖို့ ဆိုတာ ရွှေပြည်တော် မျှော်တိုင်းဝေး လိုလက်လှမ်းမီ ဖို့ဆိုတာ ထီပေါက်မှဘဲ ဖြစ်နိုင်မယ့် အခြေအန ရှိပါတယ်။
ကမ္ဘာဘဏ်တို့လို နိုင်ငံတကာ အဖွဲ့အစည်းတွေက စစ်တမ်းတွေ ကောက်ကြတဲ့ အခါ အချိန်ပေးပြီး စည်းစနစ် တကျ ကောက်ပြီးမှ သာ စစ်တမ်းတွေကိုထုတ်ပြန်တာဖြစ်ပါတယ် ။ တန်ဖိုးနည်း အိမ်ရာတွေကို ပြီးခဲ့တဲ့ အစိုးရ လက်ထက်ကတည်း က အကောင်အထည်ဖော်ခဲ့တာ အားလုံးအသိဘဲဖြစ်ပေမယ့်လည်း ရောင်းချတဲ့ စနစ် ၊ အိမ်ရာဈေးနှုန်း ၊ ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းမပေးနိုင်သေးတဲ့ အားနည်းချက်ကြောင့် ထင်သလောက် အောင်မြင်ခဲ့တာ မရှိဘဲ နေရာကောင်းက တန်ဖိုးနည်းအိမ်ရာတွေဆိုရင် ငွေရှင်ကြေးရှင်တွေ လက်ထဲရောက်ပြီး နိုင်ငံတော် မြေဆုံးရှုံးသွားရတာဘဲ အဖတ်တင်သွားပါတယ် ။

တစ်ဖက်မှာ ပြန်ကြည့်လိုက်ရင်လည်း မြေအတွက် နိုင်ငံတော်ပိုင် မြေကို သုံးလိုက်လို့ရတယ် ဆိုပေမယ့် စတုရန်းပေ ၄၅၀ ကနေ ၅၀၀ လောက်အထိ ကျယ်တဲ့ တန်ဖိုးနည်းတိုက်ခန်းတစ်ခန်းရဲ့ ဆောက်လုပ်စရိတ်ကလည်း အနည်းဆုံး ၈၅ သိန်းဝန်းကျင်လောက် ကုန်ကျမှု ရှိပါတယ် ၊ ဆောက်လုပ်မှု စရိတ်သက်သက်သာ ဖြစ်ဖြစ် တိုက်ခန်းထဲကို လျှပ်စစ်မီး ၊ ရေသွယ်တာ ကအစ အခြားသော ကုန်ကျစရိတ်တွေနဲ့ ပေါင်းရင် သိန်းတစ်ရာနီးနီလောက် ကုန်ကျစရိတ်ရှိပါတယ် ၊ ဒါတောင်တစ်ပပေလည်ကို ၁၇၀၀၀ နှုန်းလောက်နဲ့ တွက်ချက်ထားတာ ဖြစ်ပြီး အခုလို အမေရိကန် ဒေါ်လာနဲ့ မြန်မာကျပ်ငွေ လဲလှယ်မှု နှုန်းထား ကွာဟချက်ကြီးပြီး မြန်မာငွေတန်ဖိုးကျနေချိန်မှာ ဆို ဒီထက် ပိုမိုကုန်ကျစရိတ် ရှိပါတယ် ။
ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းတွေရဲ့ ၈၀ ရာခိုင်နှုန်းက ပြည်ပကနေ တင်သွင်းရတာ ဖြစ်လို့ တိုက်ခန်းတည်ဆောက်မှု ကုန်ကျစရိတ် အနည်းအများကလည်း ဒေါ်လာနဲ့ မြန်မာကျပ်ငွေ အပြောင်းအလဲမှာ အကျိုးသက်ရောက်မှု ရှိပါတယ် ။ ဒါကြောင့်လည်း ဘယ်လောက်အောင်မြင်ကျော်ကြားတဲ့ ကုမ္မဏီကြီးတွေ ဖြစ်နေပါစေ တန်ဖိုးနည်း အိမ်ရာဆောက်ပြီး အများပြည်သူကို ရောင်းချနိုင်ဖို့ ခက်ခဲတာ ဖြစ်ပါတယ် ။

အစိုးရကသာ စိုက်ထုတ်ကုန်ကျခံပြီး လုပ်နိုင်ကိုင်နိုင်တဲ့ အခြေအနေ ရှိပေမယ့်လည်း အနည်းဆုံး သိန်း ၁၀၀ လောက်ကုန်ကျစရိတ်ရှိနေတဲ့ တန်ဖိုးနည်းတိုက်ခန်းတစ်ခုကို အမြတ်မရရင်နေပါစေ အရင်းဈေးလောက်နဲ့ တော့ နိုင်ငံတော်ကလည်း ပြန်ရောင်းမှာ ဖြစ်ပါတယ်။ အခုလည်း မကြာခင်ရောင်းချတော့မယ့် တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းတွေရဲ့ ဈေးက အစိုးရမြေမှာ ဆောက်ထားတာြုဖစ်ပေမယ့်လည်း ကျပ်သိန်းတစ်ရာ နီးပါး တိတိကျကျ ပြောရရင် အနည်းဆုံး ၉၈ သိန်းကနေ သိန်း ၁၂၀ ကြား ဈေးနှုန်းနဲ့ ရောင်းဖို့ နိုင်ငံတော်က စီစဉ်ထားပါတယ် ။ဒါတောင်နိုင်ငံတော်က စိုက်ထုတ်ထားတဲ့ မြေတန်ဖိုးမပါဝင်သေးတဲ့ ဈေးနှုန်းတွေဖြစ်ပါတယ်။

နေစရာ အိမ်မရှိလို့ တန်ဖိုးနည်းအိမ်ရာ ကိုအားကိုးမျှော်လင့်နေတဲ့ လူတန်းစားတွေ ဘက်ကပြန်ကြည့်မယ်ဆိုရင်လည်း ရောင်းဈေးက သိန်း ၁၀၀ အထက်ဆိုတော့ ဘယ်လိုပင် ရှစ်နှစ်အရစ်ကျ စနစ်နဲ့ ရောင်းပေးမယ် ဆိုအုံးတော့ ပထမ အရစ် ပေးသွင်းရမယ့် down payment ၃၀ ရာခိုင်နှုန်းဖြစ်တဲ့ ကျပ်သိန်း ၄၀လောက်ကို တစ်ခါတည်းဘဏ်ကို သွင်းရမယ့် ပြသနာကလည်း အင်မတန်ကြီးလေးတဲ့ အခက်အခဲကြီး ဖြစ်နေဆဲ ဖြစ်ပါတယ် ။စီးပွားရေး ကျပ်တည်းနေပါတယ် ဆိုတဲ့ ခေတ်ပျက်ကြီးထဲမှာ တန်ဖိုးနည်းအိမ်ရာတိုက်ခန်းလျှောက်တာ မဲပေါက်လို့ ပျော်ရမယ့် အစား ပထမအရစ်ပေးရမယ့် ပိုက်ဆံမရှိလို့ အိုးအိမ်နဲ့ လာမဆက်သွယ်နိုင်တဲ့ လူတွေလည်း အများကြီး ရှိခဲ့ဖူးပါတယ် ။ ထီပေါက်ပြီး ထီလက်မှတ် ပျောက်သလို ဆန့်ငင်ဆန့်ငင်နဲ့ ယနေ့ခေတ်လို အချိန်ကာလမှာ အခြေခံလူတန်းစားတွေ လက်ထဲ အရစ်ကျ စနစ်နဲ့ ၀ယ်နိုင်ဖို့ ဘဏ်ကို ပထမအရစ် ပေးသွင်းရမယ့် ပိုက်ဆံက ဘယ်လို ရှာရမလဲ ဆိုတာ စဉ်းစားဖို့တောင် အတော်ခက်ခဲမယ့် ပြသနာဖြစ်ပါတယ်။

နိုင်ငံတကာမှာ ဖြေရှင်းနည်းဖြစ်တဲ့ လစဉ်အိမ်လခပေးရတဲ့ အဌားအိမ်ရာစနစ် ကို ပြန်ကြည်လိုက်မယ်ဆိုရင်လည်း အင်မတန် ငွေေ၇းကြေးရေး အင်အားတောင့်တင်းတဲ့ နိုင်ငံတစ်ချို့သာ အဌားအိမ်ရာကို စီမံချက်နဲ့ စနစ်တကျဖော်ဆောင်နိုင်တဲ့ အနေအထား ရှိပါတယ် ၊ အစိုးရက ငွေစိုက် ဆောက်လုပ်စေပြီး အခန်းဌားနေတဲ့ သူတွေဆီက လစဉ်ပုံမှန် သတ်မှတ်ဌားခ ပြန်ယူရတဲ့ စနစ်ဖြစ်ပါတယ် ၊ ရည်ရွယ်ချက်ကောင်းပြီး အမှန်တကယ.် အလုပ်ဖြစ်နိုင်ပေမယ့်လည်း မြန်မာနိုငငံအနေနဲ့ အဌားအိမ်ရာတွေ အများအပြား ပေါ်ထွတ်လာဖို့ ဆိုတာ ဘဏ္ဍာရေးအခက်အခဲက အကြီးမားဆုံး အခက်အခဲတစ်ခုဖြစ်နေဆဲဖြစ်ပါတယ် ၊ သမ္မတ ဦးသိန်းစိန် အစိုးရ တာဝန်ယူခဲ့တဲ့ ၂၀၁၁-၂၀၁၅ ခုနှစ်အတွင်းမှာတောင် မြန်မာနိုင်ငံ အနှံ့အပြားမှာတန်ဖိုးနည်း အိမ်ရာတွေ အများအပြား ဖော်ထုတ်ရောင်းချခဲ့ပေမယ်လည်း အဌားအိမ်ရာကို တော့ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းက ဗန္ဓုလ အဌားအိမ်ရာစီမံကိန်းတစ်ခုဘဲ အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တာ ရှိပါတယ် ။

ဗန္ဓုလ အဌားအိမ်ရာကို လျှောက်လွှာတင်ဖို့ ကြေညာလိုက်တဲ့ အချိန်ကနေ လျှောက်လွှာပိတ်တဲ့ရက်တဲ့ တကယ်အခန်းဌားပေးနိုင်တာက အခန်းတစ်ထောင်ကျော်ကျော်ဘဲရှိပေမယ့် တိုက်ခန်းအဌားလာလျှောက်သူတွေကတော့ လျှောက်လွှာပေါင်း ၃၅၅၀၀ ကျော်အထိ စံချိန်တင်များပြားခဲံလို့ တန်ဖိုးနည်းအိမ်ရာထက် အဌားအိမ်ရာကို ပိုမိုစိတ်ဝင်စားမှု များတာ တွေ့ရပေမယ့် လက်ရှိအစိုးရသစ်လက်ထက်မှာတော့ အဌားအိမ်ရာနဲ့ ပက်သက်ပြီး စီမံချက်တွ ချထားတာ တော့ မတွေ့ရသေးပါဘူး။
အစိုးရသစ်လက်ထက်မှာတန်ဖိုနည်းအိမ်ရာ အခန်းပေါင်း နှစ်သိန်းအထိ ဆောက်ပြီး ကျပ်သိန်းတစ်ရာအောက်နဲ့ ရောင်းပေးမယ်ဆိုပေမယ့်လည်း အမှန်တကယ် အိမ်၇ာလိုအပ်တဲ့ အများပြည်သူလက်ထဲကို ရောက်ဖို့ အတွက်ကလည်း လက်ရှိ ဘဏ်ချေးငွေစနစ်ကို ပြုပြင်ပြီး အခြားသောနိုင်ငံတွေကဲ့သို့ နှစ်ပေါင်း ၂၀ ဒါမှမဟုတ် နှစ်ပေါင်း ၃၀ အတွင်းလစဉ်လစာရဲ့ ရာခိုင်နှုန်းအလိုက်ပေးသွင်းရတဲ့ စနစ်ကို ဖော်ထုတ်နိုင်မှသာ ပြည်သူတွေလက်ထဲကို တန်ဖိုးနည်းအိမ်ရာတွေ ရောက်ရှိလာမှာဖြစ်ပါတယ် ။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service