ကျူးကျော်စာရင်း ကောက်ယူမှု ဒဂုံဆိပ်ကမ်းမြို့နယ်သို့ ရောက်ရှိ - Property News in Myanmar from iMyanmarHouse.com
1154 Views

ကျူးကျော်စာရင်း ကောက်ယူမှု ဒဂုံဆိပ်ကမ်းမြို့နယ်သို့ ရောက်ရှိ

ကျူးကျော်နေထိုင်သူ စာရင်းကို ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မှာ သည်နေ့စတင်ကောက်ယူနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ကျူးကျော်စာရင်းတွေကို သည်လ ၂ရက်နေ့ကစပြီး တောင်ဒဂုံမြို့နယ်မှာ ကောက်ယူခဲ့တယ်။
ရပ်ကွက် ၂၀ကို ပထမဆုံး စီမံချက်နဲ့ ကောက်ယူခဲ့ပါတယ်။ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်က ကျူးကျော်စာရင်း ကောက်ယူတာကို သည်လ ၂ရက်နေ့ကနေ ၁၃ရက်နေ့အထိ ကောက်ယူခဲ့တာ ဖြစ်ပါတယ်။

ကျူးကျော်စာရင်းကောက်ယူတဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်က ဒေသခံတစ်ဦးဖြစ်တဲ့ မောင်စည်တော်က ‘၁၃ရက်နေ့က တောင်ဒဂုံကောက်တာ ပြီးသွားတယ်၊ အခုဆိပ်ကမ်းနဲ့ ဒဂုံအရှေ့ကို ဆက်ကောက်မယ်၊ ဒီနေ့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်က စကောက်နေပြီ’ လို့ ပြောပါတယ်။

ကျူးကျော်စာရင်းတွေကို ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်က ၁၇၊ ၂၁၊ ၅၅၊ ၅၄၊ ၅၆ စတဲ့ အိမ်ခြေမဲ့ ဦးရေများတဲ့ ရပ်ကွက် ၂၀ကို ကောက်ယူခဲ့တာဖြစ်ပြီး ဆက်စပ်မြို့နယ်တွေဖြစ်တဲ့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)ကို ဆက်လက်ကောက်ယူနေတာ ဖြစ်ပါတယ်။

ကျူးကျော်စာရင်းကို နည်းပညာနဲ့ လက်ဗွေရာကို စကင်န်ဖတ်၊ ဓါတ်ပုံမှတ်တမ်းယူပြီး ကောက်ယူနေတာ ဖြစ်ပါတယ်။ကျူးကျော်စာရင်း ကောက်ယူတဲ့ ပုံစံက အုပ်ချုပ်ရေးပိုင်းက ကျူးကျော်တွေကို စုပေးပြီး စာရင်းကောက်ယူတဲ့အဖွဲ့က လက်ဗွေရာ စစ်ဆေးပြီး အသိအမှတ်ပြု သက်သေခံလက်မှတ်ထုတ်ပေးတာ ဖြစ်ပါတယ်။

အုပ်ချုပ်ရေးပိုင်းက ပေးတဲ့စာရင်းနဲ့ ကောက်ယူရတာဖြစ်လို့ အုပ်ချုပ်ရေးပိုင်းက ပေးတဲ့ စာရင်းက ဘယ်လောက်အထိ မှန်မှန်ကန်ကန် တင်ပြနိုင်မလဲဆိုတာ လွှတ်တော်ကိုယ်စားလှယ်တွေက မေးမြန်းထားပါတယ်။အုပ်ချုပ်ရေးပိုင်းက စာရင်းပေးဖို့ ကျန်ခဲ့တာတွေကို ထပ်မံကောက်ယူမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မဲဆန္ဒနယ်အမှတ်(၁)က လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ‘အုပ်ချုပ်ရေးပိုင်းကနေပြီးတော့ လူဦးရေ စာရင်းပေါ်မူတည်ပြီးတော့ ကျွန်တော်တို့က ကောက်ရတာပါ၊ လွှတ်တော်ကိုယ်စားလှယ်တွေက လိုက်ပြီး ဝန်းရံတဲ့သဘောပါပဲ’ လို့ ပြောပါတယ်။

နည်းပညာအကူအညီနဲ့ ကျူးကျော်စာရင်း ကောက်ယူတာကို ရန်ကုန်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်နဲ့ ဆောင်ရွက်မှာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေကို ဝန်းရံတဲ့အနေနဲ့ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ကျူးကျော်စာရင်းတွေကို စာရင်းကောက်သူ ၃၀ဦး၊ ကွန်ပျူတာပညာရှင် ၁၈ဦးနဲ့ ဝန်းရံအင်အား ၃၀၊ စုစုပေါင်း ၇၈ဦးနဲ့ ကောက်ခံနေတာ ဖြစ်ပါတယ်။

ကျူးကျော်နေထိုင်သူတွေ ဖြစ်ကြောင်း အသိအမှတ်ပြုလက်မှတ်ကို တစ်ဆင့်ရောင်းချတာမျိုး ဆောင်ရွက်လို့မရဘူးလို့ သိရပါတယ်။သည်လက်မှတ်တွေက လက်ဗွေရာပါပြီးသားဖြစ်လို့ လက်ဗွေရာကွဲလွဲနေရင် ဥပဒေအကြောင်းအရ အရေးယူခံရမှာဖြစ်ပါတယ်။

သည်အစီအစဉ်ကို မေလ ၂၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ သတင်းမီဒီယာတွေကို ချပြခဲ့တယ်။သုံးလအကြာ သည်စက်တင်ဘာလ ၂ ရက်နေ့မှာ ပထမဆုံးစီမံကိန်းအဖြစ် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်က ရပ်ကွက် ၂၀ကို စတင်ကောက်ယူတာ ဖြစ်ပါတယ်။ဒုတိယမြို့နယ်အဖြစ် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ကို ကောက်ယူနေပါတယ်။

Credit:The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service