နိုင်ငံခြားသားများ ခေတ္တတည်းခိုရန်အတွက် နေအိမ်ငှားရမ်းနေခြင်းများအပေါ် ဥပဒေထုတ်ပြန်ရန်လိုအပ်ကြောင်း မလေးရှားဟိုတယ်အသင်းက ပြောကြား - Property News in Myanmar from iMyanmarHouse.com
1471 Views

နိုင်ငံခြားသားများ ခေတ္တတည်းခိုရန်အတွက် နေအိမ်ငှားရမ်းနေခြင်းများအပေါ် ဥပဒေထုတ်ပြန်ရန်လိုအပ်ကြောင်း မလေးရှားဟိုတယ်အသင်းက ပြောကြား

မလေးရှားနိုင်ငံတွင် နိုင်ငံခြားသားများ ခေတ္တတည်းခိုရန်အတွက် နေအိမ်ငှားရမ်းနေခြင်းများအပေါ် ဥပဒေထုတ်ပြန်ရန်လိုအပ်ကြောင်း မလေးရှားဘဏ္ဍာရေးဟိုတယ်အသင်း (MyBHA) ဥက္ကဌ ပီကေလီယွန်က ထုတ်ဖော်ပြောကြားလိုက်ကြောင်း မလေးရှားအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ယင်းသို့ ငှားရမ်းနေမှုများသည် ဟိုတယ်လုပ်ငန်းလုပ်ကိုင်နေသူများအပေါ် တိုက်ရိုက်ယှဉ်ပြိုင်ခြင်း ဖြစ်သည့်အပြင် ဟိုတယ်များ၏ ဈေးနှုန်းအတိုင်း ငှားရမ်းနေခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

“အခုလို ငှားရမ်းနေတာနဲ့ ပတ်သက်ပြီး တားမြစ်ထားတဲ့ သီးသီးသန့်သန့်ဥပဒေတစ်ရပ် မရှိဘူး။ လူနေအဆောက်အအုံတွေမှာ စီးပွားရေးလှုပ်ရှားမှုတွေ တားမြစ်တယ်ဆိုတဲ့အချက်မျိုးလောက်ပဲ ပါပါတယ်”ဟု ပီကေလီယွန်က ဆိုသည်။

ယင်းသို့ငှားရမ်းသူများအနေဖြင့်ဟိုတယ်ဈေးနှုန်းအတိုင်းမဟုတ်ဘဲအခြားနှုန်းထားဖြင့်ငှားရမ်းသင့်သည်ဟုလည်း ၎င်းက ဆိုသည်။

နေအိမ်ကိုငှားရမ်းသူတို့သည် လိုင်စင်ကြေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စအ၀၀အတွက် ကုန်ကျမှု၊ ဧည့်ကြိုဌာန၊ ကုမ္ပဏီအမြတ်ခွန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုအခွန်အစရှိသည်တို့ ပေးဆောင်ရခြင်းမရှိသောကြောင့် ဟိုတယ်များနှင့် ဈေးနှုန်းအားဖြင့် ကောင်းစွာယှဉ်ပြိုင်ငှားရမ်းနိုင်စွမ်းရှိကြောင်းလည်း ပီကေလီယွန်က ပြောကြားသည်။

မလေးရှားတွင် လက်ရှိအားဖြင့် ဟိုတယ်ပေါင်း ၆၀၀၀ ခန့်ရှိပြီး ၂၀၀၀ ခန့်မှာ အသင်းဝင်များဖြစ်ကြောင်းလည်း မစ္စတာ လီယွန်က ပြောကြားသည်။

နေအိမ်ငှားရမ်းသည့် အိမ်ရှင်များအနေဖြင့် ဟိုတယ်များနှင့် နှိုင်းယှဉ်လျှင် စိတ်ဝင်စားဖွယ်အငှားဈေးဖြင့် ငှားရမ်းနိုင်ကြသော်လည်း လုံခြုံမှုနှင့် ၀န်ဆောင်မှုအရည်အသွေးမှာမူ ရတက်မအေးဖြစ်ဖွယ်ရှိနေပြီး အထူးသဖြင့် မလေးရှားနှင့် အကျွမ်းတ၀င်မရှိသော နိုင်ငံခြားကမ္ဘာလှည့်ခရီးသည်များအတွက် ရတက်မအေးဖြစ်ရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။


Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service