ပြင်သစ်နိုင်ငံ နိုက်စ်မြို့ရှိ ဘယ်လ်ဂျီယမ်ဘုရင်ပိုင်ဆိုင်သော နေအိမ်ကြီးကို ကန်ဒေါ်လာသန်း ၁၁၀၀ ဖြင့် ရောင်းချရန် ဈေးကွက်တင်လာရာ ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးဆုံးနေအိမ်ဖြစ်လာ - Property News in Myanmar from iMyanmarHouse.com
2386 Views

ပြင်သစ်နိုင်ငံ နိုက်စ်မြို့ရှိ ဘယ်လ်ဂျီယမ်ဘုရင်ပိုင်ဆိုင်သော နေအိမ်ကြီးကို ကန်ဒေါ်လာသန်း ၁၁၀၀ ဖြင့် ရောင်းချရန် ဈေးကွက်တင်လာရာ ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးဆုံးနေအိမ်ဖြစ်လာ

ပြင်သစ်နိုင်ငံ၊ နိုက်စ်မြို့၊ စိန့်ယင်းကက်ဖဲဟာ့ Saint-Jean-Cap-Ferrat အရပ်တွင်ရှိသော နေအိမ်ကြီးတစ်လုံး အရောင်းဈေးကွက်သို့ ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံဖြင့် ရောက်ရှိလာရာ ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးဆုံးနေအိမ်ဖြစ်လာကြောင်း ထိုင်းအခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အဆိုပါနေအိမ်တည်ရှိရာအရပ်သည် ဘီလျံနာတို့ အခြေချရာအရပ်အဖြစ် နာမည်ကျော်ပြီး နေအိမ်၏ အမည်မှာ “ဗီလာလိဆေဒဟ” Villa Les Cèdres ဖြစ်သည်။

၁၈၃၀ ပြည့်နှစ်ဝန်းကျင်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဘယ်လ်ဂျီယံဘုရင် လီယိုပို II ပိုင်ဆိုင်ခဲ့သော နေအိမ်ကြီး ဖြစ်သည်။

နောက်ပိုင်းပိုင်ဆိုင်သူမှာ ကမ္ဘာကျော်တန်ဖိုးကြီး ပြင်သစ်ကော့ညက် Grand Marnier Quintessence ထုတ်လုပ်သည့် Grand Marnier မိသားစုဝင်တစ်ဦးဖြစ်သော ဆူဇန်မားနီယာ လာပို့စတို မှ ပိုင်ဆိုင်ထားသည်။
Grand Marnier ကော့ညက်ကို ၁၈၈၀ ပြည့်နှစ်တွင် ပဲရစ်မြို့၌ စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး အီဖဲလ်မျှော်စင်ကြီး မဆောက်လုပ်မီ ကိုးနှစ်ခန့်က ဖြစ်သည်။

တိုက်တန်းနစ်သင်္ဘောပျက်ကြီး၏ အပျက်အစီးများကြားတွင် Grand Marnier ကော့ညက်ပုလင်းများ တွေ့ရှိခဲ့ဖူးသည်ဟု ဆိုသည်။

ကော့ညက်သည် ကမ္ဘာပေါ်တွင် ပြင်သစ်တစ်နေရာတည်းတွင်သာ ထုတ်လုပ်သော ယမကာအမျိုးအစားဖြစ်သည်။

Grand Marnier Quintessence တစ်ပုလင်းလျှင် ကန်ဒေါ်လာ ၈၀၀ (မြန်မာငွေ ၁၀ သိန်းနီးပါး-စက်တင်ဘာ ၁၄ ရက်ငွေလဲနှုန်းအရ) ခန့် ပေါက်ဈေးရှိသည်ဟု ဆိုသည်။

Grand Marnier မိသားစုသည် ယင်းနေအိမ်ကြီးတွင် ၁၉၂၀ ပြည့်လွန်ကာလများကတည်းက နေထိုင်ခဲ့ကြခြင်း ဖြစ်သည်။

ယခုအခါတွင် ယင်းမိသားစုက သေးငယ်သောနေအိမ်တစ်လုံးသို့ ပြောင်းရွှေ့နေထိုင်လိုသည့်အတွက် ယခုနေအိမ်ကြီးကို ပြန်လည်ရောင်းချခြင်း ဖြစ်သည်ဟု ဆိုသည်။

နေအိမ်အတွင်း အိပ်ခန်း ၁၀ ခန်း၊ ပြိုင်ပွဲကျင်းပနိုင်သည့်အရွယ်အစား ရေကူးကန်တစ်ခု၊ မြက်ခင်းဧရိယာ ၃၅ ဧက၊ မြင်းကောင်ရေ ၃၀ နှင့်အထက်ဆံ့သော မြင်းဇောင်းများ၊ ရုက္ခဗေဒဥယျာဉ်များ ပါဝင်သည်။

ဖော့ဘ်မဂ္ဂဇင်းကြီး၏ သုံးသပ်ချက်အရ ယင်းနေအိမ်ဝန်းအတွင်း တန်ဖိုးအရှိဆုံးမှာ ရုက္ခဗေဒဥယျာဉ်ဖြစ်သည်ဟု ဆိုသည်။

အဆိုပါဥယျာဉ်သည် ဥရောပရှိ အလှပဆုံးကိုယ်ပိုင်ပန်းဥယျာဉ်များတွင် တစ်ခုအပါအ၀င်ဖြစ်သည်ဟု ဆိုသည်။
ဥယျာဉ်တွင် အချိန်ပြည့် ပန်းဥယျာဉ်မှူး ၁၅ ဦးရှိပြီး ပန်းပျိုးသည့် greenhouse အလုံး ၂၀ ပါဝင်ပြီး ရှားပါးပန်းမျိုးစိတ်ပေါင်း ၁၅၀၀၀ ခန့် စိုက်ပျိုးထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ပြင်သစ်နိုင်ငံ နိုက်စ်မြို့ရှိ ဘယ်လ်ဂျီယမ်ဘုရင်ပိုင်ဆိုင်သော နေအိမ်ကြီးကို ကန်ဒေါ်လာသန်း ၁၁၀၀ ဖြင့် ရောင်းချရန် ဈေးကွက်တင်လာရာ ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးဆုံးနေအိမ်ဖြစ်လာ - Property News in Myanmar from iMyanmarHouse.com
ပြင်သစ်နိုင်ငံ နိုက်စ်မြို့ရှိ ဘယ်လ်ဂျီယမ်ဘုရင်ပိုင်ဆိုင်သော နေအိမ်ကြီးကို ကန်ဒေါ်လာသန်း ၁၁၀၀ ဖြင့် ရောင်းချရန် ဈေးကွက်တင်လာရာ ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးဆုံးနေအိမ်ဖြစ်လာ - Property News in Myanmar from iMyanmarHouse.com
ပြင်သစ်နိုင်ငံ နိုက်စ်မြို့ရှိ ဘယ်လ်ဂျီယမ်ဘုရင်ပိုင်ဆိုင်သော နေအိမ်ကြီးကို ကန်ဒေါ်လာသန်း ၁၁၀၀ ဖြင့် ရောင်းချရန် ဈေးကွက်တင်လာရာ ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးဆုံးနေအိမ်ဖြစ်လာ - Property News in Myanmar from iMyanmarHouse.com
ပြင်သစ်နိုင်ငံ နိုက်စ်မြို့ရှိ ဘယ်လ်ဂျီယမ်ဘုရင်ပိုင်ဆိုင်သော နေအိမ်ကြီးကို ကန်ဒေါ်လာသန်း ၁၁၀၀ ဖြင့် ရောင်းချရန် ဈေးကွက်တင်လာရာ ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးဆုံးနေအိမ်ဖြစ်လာ - Property News in Myanmar from iMyanmarHouse.com
ပြင်သစ်နိုင်ငံ နိုက်စ်မြို့ရှိ ဘယ်လ်ဂျီယမ်ဘုရင်ပိုင်ဆိုင်သော နေအိမ်ကြီးကို ကန်ဒေါ်လာသန်း ၁၁၀၀ ဖြင့် ရောင်းချရန် ဈေးကွက်တင်လာရာ ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးဆုံးနေအိမ်ဖြစ်လာ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ

လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး

စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....

ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ

Upcoming Property Events

From 04 Oct To 05 Oct

Magical World Apartment

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service