အိမ်ခြံမြေ အပေါင်စာချုပ် ဥပဒေနဲ့အညီ ချုပ်ဆိုဖို့ လိုအပ် - Property Knowledge in Myanmar from iMyanmarHouse.com
7119 Views

အိမ်ခြံမြေ အပေါင်စာချုပ် ဥပဒေနဲ့အညီ ချုပ်ဆိုဖို့ လိုအပ်

Knowledge | Posted by Aye Myat Thu

အိမ်ခြံမြေစတဲ့အရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေကိုပေါင်နှံဖို့
အပေါင်စာချုပ်ပြုလုပ်ရာမှာစာချုပ်စာတမ်းအက်
ဥပဒေတွေနဲ့အညီချုပ်ဆိုပြုလုပ်ဖို့လိုအပ်တယ်လို့သိရပါတယ် ။

အိမ်ခြံမြေအရောင်းအဝယ်အေးနေတဲ့အချိန်တွေမှာတချို့ကအငှါးနဲ့ရပ်တည်ကြတာရှိသလိုတချို့ကအပေါင်
ထားပြီးငွေဖော်ကြတာတွေလည်းရှိပါတယ် ။အရပ်ထဲမှာအပေါင်ထားကြရင်းအပေါင်ဆုံးသွားတာ ၊အတိုးပေါ်အတိုးဆင့်ပြီးပြန်မရွေးနိုင်တော့တာတွေကနေအမှုအခင်းတွေဖြစ်တဲ့အထိဖြစ်ကြတာတွေရှိပါတယ် ။

ဝယ်ရောင်းအကျိုးဆောင်ဦးဝင်းနိုင်က ‘အရပ်ထဲမှာဈေးကွက်ထဲမှာအချင်းချင်းဆိုရင်တော့ပြောရ
လွယ်ပေမဲ့တချိုတွေကရောင်းပေါင်စာချုပ်တွေနဲ့ပေါင်ကြတာရှိပါတယ် ၊အကျိုးဆောင်အချင်းချင်းပြန်လက်ခံကြတာတွေရှိပါတယ် ၊အပေါင်လက်ခံထားသူတွေကသူတို့ဘက်ကသေချာအောင်ရောင်းပေါင်တွေချုပ်ကြတယ် ၊လိုရာရေးပြီးချုပ်ထားတာတွေဆိုတော့စပြီးချုပ်ဆိုကတည်းကဥပဒေနဲ့အညီလုပ်ဖို့လိုအပ်တယ် ၊အရပ်ထဲကမှာပြီးစလွယ်လွယ်ကူကူနဲ့လုပ်နေကြတာတွေများတယ် ‘လို့ပြောပါတယ် ။

ဈေးကွက်ထဲမှာအများဆုံးကအပေါင်ထားကြတယ်ဆိုပေမဲ့
တရားဝင်မဟုတ်တော့လက်ခံတဲ့သူကလည်း
သူ့ပိုက်ဆံပြန်မရတဲ့အခါသတ်မှတ်ထားချိန်ကျော်ရင်သိမ်းချင်တယ် ။အပေါင်ထားသူတွေကလည်းမတန်တဆဈေးနဲ့မို့မရဘူးနဲ့အမှုဖြစ်ကြတာတွေရှိတယ်လို့သိရပါတယ် ။

ရပ်ကွက်အတွင်းမှာတော့အများအားဖြင့်တရားမဝင်လုပ်ကြတာများတယ် ။ငါးကျပ်တိုး၊နှစ်ကျပ်တိုးတို့နဲ့အပေါင်ခံကြတာရှိတယ် ။ဥပဒေအတိုင်းစာချုပ်မချုပ်ရင်တရားမဝင်ပါဘူး ။ဘယ်အချိန်ဘယ်နေရာမှာဖြစ်ဖြစ် စာချုပ်ချုပ်မယ်ဆို မှတ်ပုံတင်ရမယ် ။ဒါတွေကသတ်မှတ်ချက်တွေရှိတယ်လို့သိရပါတယ် ။

‘အရပ်ထဲမှာအပေါင်ခံသူတွေအပေါင်ခံရာမှာရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းနဲ့မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းဆိုတာရှိပါတယ် ။အပေါင်ထားတယ် ဆိုတာတကယ်တော့ငွေချေးရာမှာအာမခံတင်သွင်းထားတာပါပဲ ၊ငွေတိုးချေးစားခြင်း အက်ဥပဒေနဲ့သက်ဆိုင်တယ် ‘လို့အကျိုးဆောင်ရှေ့နေမသီတာကရှင်းပြပါတယ် ။

ပေါင်နှံတဲ့အခါမှာရွေးနုတ်ပိတ်ပင်ခွင့် ၊ရောင်းချခွင့်စတဲ့အရာတွေလည်းအရေးပါတယ် ။ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ ၅၉အရတန်ဖိုး ၁၀၀ထပ်ပိုတဲ့ချေးငွေဆိုမရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းတွေ
ကိုပေါင်နှံရင်စာချုပ်ပြုလုပ်ချုပ်ဆိုပြီးမှတ်ပုံတင်ရတယ်လို့ပြောရတယ်ဆက်ပြောပါတယ် ။

ဈေးကွက်ထဲမှာအများစုကအပေါင်စာချုပ်ကိုအလွယ်ပြုလုပ်ကြတာတွေများပါတယ် ။တချို့ဆိုစာရွက်အလွတ်မှာလက်မှတ်ထိုးပေးတာမျိုးတွေတောင်ရှိခဲ့ကြတာပါ ။အရပ်ထဲမှာအပေါင်ထားချင်ရင်ငွေချေးတယ် ၊ငါးကျပ်တိုးနဲ့ ။ဒါပေမဲ့သိန်း ၁၀၀အနည်းဆုံးစပြီးငွေယူလို့ရတယ် ။တချို့ကသိန်း ၅၀၀ကစပြီးအပေါင်လက်ခံတာတွေလည်းရှိတယ်လို့သိ
ရတယ်။အပေါင်ထားတာကတန်ဖိုးရဲ့သုံးချိုးနှစ်ချိုးတောင်ရတာ ၊နည်းကြတယ်လို့ပြောပါတယ် ။ဒါတွေကြောင့်စာချုပ်စာတမ်းအက်ဥပဒေနဲ့အညီချုပ်ဆိုပြီး
အပေါင်ထားသင့်တယ်လို့သိရပါတယ် ။


Credit: Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service