အမေရိကန်၏ အကြီးမားဆုံးသတင်းစာကွန်ရက်ပိုင်ရှင် ၀ီလျံ ရန်းဒေါ့ ဟာ့စ်၏ ဘီဗာလီဟေးလ်နေအိမ်ကြီးကိုကန်ဒေါ်လာ ၁၉၅ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
1007 Views

အမေရိကန်၏ အကြီးမားဆုံးသတင်းစာကွန်ရက်ပိုင်ရှင် ၀ီလျံ ရန်းဒေါ့ ဟာ့စ်၏ ဘီဗာလီဟေးလ်နေအိမ်ကြီးကိုကန်ဒေါ်လာ ၁၉၅ သန်းဖြင့် ရောင်းချမည်

အမေရိကန်ပြည်ထောင်စုတွင်အကြီးမားဆုံးသတင်းစာကွန်ရက်ပိုင်ရှင်ဝီလျံရန်းဒေါ့ဟာ့စ်၏ဘီဗာလီဟေးလ်နေအိမ်ကြီးကိုကန်ဒေါ်လာ၁၉၅သန်းဖြင့်ရောင်းချမည်ဖြစ်ကြောင်းနယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါနေအိမ်ကြီးကိုနာမည်ကျော် “The Godfather”ဇာတ်ကား၏ ဇာတ်ဝင်ခန်းများတွင် ထည့်သွင်းရိုက်ကူးခဲ့ဖူးသည်။
ဝီလျံရန်းဒေါ့ဟာ့စ်ကိုအမေရိကန်ပြည်ထောင်စုဆန်ဖရန်စစ္စကိုတွင် ၁၈၆၃ ခုနှစ်၊ ဧပြီလ ၂၉ ရက်တွင်မွေးဖွားပြီး ၁၉၅၁ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်တွင် ကွယ်လွန်ခဲ့သည်။

ဖခင်ဖြစ်သူမှာမိုင်းတွင်းအင်ဂျင်နီယာ၊ သန်းကြွယ်သူဌေး၊ ရွှေတွင်းပိုင်ရှင်၊ အမေရိကန်အထက်လွှတ်တော်အမတ် ဂျော့ခ်ျဟာ့စ်ဖြစ်သည်။
ဝီလျံရန်းဒေါ့စ်ဟာ့စ်ကသူ၏ သတင်းစာများကိုဆောင်ပုဒ်ပေးထားရာတွင် “နေ့စဉ်သတင်းစာတို့၏ ဧကရာဇ်” ဟုဆောင်ပုဒ်ပေးထားလေသည်။
သူ၏သတင်းစာများတွင် ၀င်ရောက်ရေးသားရန်အတွက် ထိုခေတ်ကအရည်အသွေးအရှိဆုံးစာရေးဆရာများဖြစ်သောမာ့ခ်တွိန်းနှင့် ဂျက်လန်ဒန်တို့ကိုရရှိထားရာအလွန်အင်အားတောင့်တင်းသောမီဒီယာတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့လေသည်။

(မှတ်ချက်။ ဂျက်လန်ဒန်သည် ၀တ္ထုရှည်၊ ၀တ္ထုတို၊ ကဗျာ၊ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိများစွာရေးသားခဲ့ရာ The Sea Wolf နှင့် The Call of the Wild၀တ္ထုရှည်များ၊ To Build a Fireနှင့် The Law of Life ၀တ္ထုတိုများမှာအလွန်နာမည်ကျော်သည်။
အဆိုပါဝတ္ထုရှည်နှင့် ၀တ္ထုတိုများကို ပင်လယ်ဝံပုလွေ၊ အရိုင်းခေါ်သံ၊ အသက်ကလေးရယ်တဲ့ရှည်စေလိုမီးရအောင်ဖို၊ လောကတံထွာဟူသောအမည်များဖြင့် မြန်မာဘာသာသို့ ပြန်ဆိုခဲ့ကြပြီး ဖြစ်ပါသည်။)

၁၉၂၀ ပြည့်လွန်ကာလများတွင် အမေရိကန်ပြည်ထောင်စုတစ်ဝှမ်း၌ ရန်းဒေါ့စ်ဟာ့စ်ထုတ်ဝေလျက်ရှိသည့် သတင်းစာပေါင်း ၂၈ စောင်အထိရှိခဲ့ရာthe Los Angeles Examiner, the Boston American, the Atlanta Georgian, the Chicago Examiner, the Detroit Times, the Seattle Post-Intelligencer, the Washington Times, the Washington Heraldသတင်းစာများနှင့် သူ၏ပင်မသတင်းစာဖြစ်သောthe San Francisco Examinerတို့မှာနာမည်ကျော်သည်။

ရန်းဒေါ့စ်ဟာ့စ်သည် ဒီမိုကရက်ပါတီ၏ အောက်လွှတ်တော်အမတ်အဖြစ် ၂ ကြိမ်ရွေးကောက်ခံခဲ့ရဖူးပြီး ၁၉၀၅ ၊ ၁၉၀၉ နှင့် ၁၉၀၆ တို့တွင် နယူးယောက်မြို့တော်ဝန်အဖြစ် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသော်လည်းရွေးကောက်ခံခဲ့ရခြင်းမရှိချေ။
ရန်းဒေါ့ဟာ့စ်၏ နေအိမ်ကြီးကို ၂၀၀၇ ခုနှစ်ကတည်းကအရောင်းဈေးကွက်သို့ တင်သွင်းခဲ့ခြင်းဖြစ်ပြီးထိုစဉ်ကခေါ်ဈေးမှာကန်ဒေါ်လာ ၁၆၅ သန်း ဖြစ်သည်။

နေအိမ်တည်ရှိရာမှာကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့ရှိ ဟောလိဝုဒ်ကြယ်ပွင့်များစွာအခြေချရာဘီဗာလီဟေးလ်တွင် ဖြစ်သည်။
နေအိမ်၏ လက်ရှိပိုင်ရှင်မှာအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုများပြုလုပ်နေသည့် ရှေ့နေတစ်ဦးဖြစ်သူလီယိုနတ် ရော့စ် ဖြစ်သည်။
လီယိုနတ်ရော့စ်ကယင်းနေအိမ်ကြီးကိုလွန်ခဲ့သော နှစ်ပေါင်း ၄၀ ခန့်က ၀ယ်ယူခဲ့ခြင်းဖြစ်ပြီးထိုစဉ်ကကန်ဒေါ်လာ ၂ သန်းပင် မပေးခဲ့ရချေ။
ခြံဝန်းအကျယ်အ၀န်းမှာ ၅ ဧက ကျယ်ဝန်းပြီး ခြံဝန်းအတွင်း အဆောက်အအုံ ၆ လုံး ပါဝင်သည်။

နေအိမ်ကြမ်းခင်းဧရိယာမှာစတုရန်းပေ ၅၀၀၀၀ ခန့်အထိ ပါဝင်ပြီးအိပ်ခန်း ၂၈ ခန်းနှင့် ရေချိုးခန်း ၃၈ ခန်းအထိ ပါဝင်သည်။
၂၀၀၇ ခုနှစ်တွင် ရောင်းမထွက်ခဲ့ပြီးနောက်ပိုင်းတစ်လလျှင် ကန်ဒေါ်လာ ၆၀၀၀၀၀ ဖြင့် အငှားချထားခဲ့ပြီးယခုအခါ အရောင်းဈေးကွက်သို့ ပြန်တင်လာခြင်း ဖြစ်သည်။
ယင်းနေအိမ်ကြီးကိုသရုပ်ဆောင်မင်းသမီးမာရီယွန် ဒါဗီးစ်လည်းပိုင်ဆိုင်ခဲ့ဖူးသည်။
အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီနှင့် ဇနီးဖြစ်သူဂျက်ကလင်းကနေဒီအိုနာစစ်တို့သည် မင်္ဂလာဦးကာလပျားရည်ဆမ်းခရီးတွင် အဆိုပါနေအိမ်ကြီး၌ နေထိုင်ခဲ့ဖူးသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အမေရိကန်၏ အကြီးမားဆုံးသတင်းစာကွန်ရက်ပိုင်ရှင် ၀ီလျံ ရန်းဒေါ့ ဟာ့စ်၏ ဘီဗာလီဟေးလ်နေအိမ်ကြီးကိုကန်ဒေါ်လာ ၁၉၅ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်၏ အကြီးမားဆုံးသတင်းစာကွန်ရက်ပိုင်ရှင် ၀ီလျံ ရန်းဒေါ့ ဟာ့စ်၏ ဘီဗာလီဟေးလ်နေအိမ်ကြီးကိုကန်ဒေါ်လာ ၁၉၅ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်၏ အကြီးမားဆုံးသတင်းစာကွန်ရက်ပိုင်ရှင် ၀ီလျံ ရန်းဒေါ့ ဟာ့စ်၏ ဘီဗာလီဟေးလ်နေအိမ်ကြီးကိုကန်ဒေါ်လာ ၁၉၅ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်၏ အကြီးမားဆုံးသတင်းစာကွန်ရက်ပိုင်ရှင် ၀ီလျံ ရန်းဒေါ့ ဟာ့စ်၏ ဘီဗာလီဟေးလ်နေအိမ်ကြီးကိုကန်ဒေါ်လာ ၁၉၅ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service