အခန်း ၁ သောင်း၊ စားသောက်ဆိုင်ပေါင်း ၇၀ ပါဝင်မည့် ကမ္ဘာ့အကြီးဆုံးဟိုတယ်ကြီး ဆော်ဒီအာရေးဘီးယားတွင် ဆောက်လုပ် - Property News in Myanmar from iMyanmarHouse.com
1304 Views

အခန်း ၁ သောင်း၊ စားသောက်ဆိုင်ပေါင်း ၇၀ ပါဝင်မည့် ကမ္ဘာ့အကြီးဆုံးဟိုတယ်ကြီး ဆော်ဒီအာရေးဘီးယားတွင် ဆောက်လုပ်

ဆော်ဒီအာရေးဘီယားနိုင်ငံ၊ မက္ကာမြို့တွင် ကမ္ဘာ့အကြီးဆုံးဟိုတယ်ကြီးတခုကို ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံခန့် အကုန်အကျခံ၍ ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ဟိုတယ်ကြီးတွင် ခမ်းနားလှပသော အဆောက်အဦ ၁၂ လုံးတွင် အိပ်ခန်းပေါင်း ၁ သောင်းနှင့် စားသောက်ဆိုင်ပေါင်း ၇၀ ကျော် ပါဝင်မည်ဖြစ်သည်။
ယင်းမှာ သာမန်မြို့ကလေးတမြို့ရှိ စားသောက်ဆိုင်အရေအတွက်ထက်ပင် ပိုများပါလိမ့်မည်။

အဆိုပါ ဟိုတယ်ကြီးကို အကျယ်အ၀န်း ၁ ဒသမ ၄ သန်း စတုရန်းမီတာရှိ မြေဧရိယာပေါ်တွင် ဆော်ဒီ ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ရှိ AbrajKudai ကုမ္ဗဏီ၏ ဦးဆောင်မှုဖြင့် ဆောက်လုပ်နေခြင်းဖြစ်သည်။

ဟိုတယ်ကြီး၏ အချို့အထပ်များသည် တော်ဝင်မိသားစုနှင့် ဧည့်သည်တော်များအတွက် သီးသန့်လျာထားခြင်းဖြစ်ပြီး ရဟတ်ယာဉ်ကွင်းများပင်ထည့်သွင်းတည်ဆောက်မည် ဖြစ်သည်။ အိပ်ခန်းအရေအတွက်အားဖြင့် ကမ္ဘာ့အကြီးဆုံးဟိုတယ်ကြီးဖြစ်သည့်အပြင် ကွန်ဗင်းရှင်းစင်တာတခုလည်း ပါဝင်မည်ဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် ဖွင့်လှစ်မည့် ၎င်းဟိုတယ်ကြီး၏ အမြင့်ဆုံးတာဝါပေါ်တွင် ကမ္ဘာ့အကြီးဆုံး လိပ်ခုံးအမိုးတခုကိုလည်း ဆောက်လုပ်မည်ဖြစ်သည်။

Credit: News Watch

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ

Upcoming Property Events

From 11 Oct To 12 Oct

Jade Palace Condo

From 11 Oct To 12 Oct

Shwe Moe Kaung

Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service