ဆောက်လုပ်ရေးလောက အခက်အခဲများ ပူးပေါင်းဖြေရှင်းရန် ရန်ကုန်အခြေစိုက်လိုင်စင်ရ ကန်ထရိုက်တာများအသင်း ဖွဲ့စည်းရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
1181 Views

ဆောက်လုပ်ရေးလောက အခက်အခဲများ ပူးပေါင်းဖြေရှင်းရန် ရန်ကုန်အခြေစိုက်လိုင်စင်ရ ကန်ထရိုက်တာများအသင်း ဖွဲ့စည်းရန် စီစဉ်

ဆောက်လုပ်ရေးလော က၏ လက်ရှိကြုံတွေ့နေရသော အခက်အခဲများကို ပူးပေါင်းဖြေ ရှင်းနိုင်ရန် လုပ်ငန်းရှင်များ စု စည်း၍ ရန်ကုန်မြို့ အခြေစိုက် လိုင်စင်ရ ကန်ထရိုက်တာများအ သင်းဟူ၍ ဖွဲ့စည်းတည်ထောင် မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

လက်ရှိ ဆောက်လုပ်ရေး လောကတွင် ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်းနိုင်ရန် ရန်ကုန်မြို့ အခြေစိုက်လိုင်စင်ရ ကန်ထရိုက်တာများ အသင်း ဖွဲ့စည်းနိုင်ရန် သြဂုတ် ၃၁ ရက်တွင် အစည်းအဝေး ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါအဖွဲ့အား လုပ်ဆောင်မည့် MKT ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးမျိုးမြင့်က ဆိုသည်။

ထို့ကြောင့် ဆောက်လုပ်ရေး လုပ်ငန်း ဆောင်ရွက်နေသူ မည် သူမဆို ပါဝင်တက်ရောက်နိုင်ပြီး အသင်းဖွဲ့စည်းရေးနှင့်ပတ်သက် ၍ လုပ်ဆောင်မည်ဖြစ်ကြောင်းသိရသည်။

ရန်ကုန်မြို့တော်စည်ပင် နယ်နိမိတ်အတွင်း လုံခြုံစနစ်ကျ ပြီး အရည်အသွေးပြည့်ဝသော အဆောက်အအုံများ ထွက်ပေါ် လာရေးနှင့် မြို့တော်အင်္ဂါရပ်နှင့် အညီ လိုအပ်သည့် စည်းမျဉ်း ဥပဒေများကို အစိုးရအဖွဲ့သို့ အကြံပြုနိုင်ရန် ယခုအသင်းကို ဖွဲ့စည်းရခြင်းဖြစ်သည်ဟု ဦးမျိုးမြင့်က ဆိုသည်။

‘‘အဓိကကတော့ကျွန်တော် တို့လောကမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပူးပေါင်းဖြေ ရှင်းနိုင်အောင်ပါ’’ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။အစိုးရသစ်လက်ထက်တွင် ရန်ကုန်မှ အထပ်မြင့်အဆောက် အအုံများကို ကော်မတီတစ်ရပ်ဖွဲ့ ကာ အထပ်မြင့် စီမံကိန်း ၁၀၀ ကျော်အား စစ်ဆေးမှုများပြုလုပ်ခဲ့ သောကြောင့် ဆောက်လုပ်ရေး လောကအတွင်း ကြီးမားသော ဂယက်ဖြစ်ပေါ်ခဲ့သည်။

ထို့ကြောင့် နောက်ပိုင်းတွင် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ နှင့် အစိုးရအကြား ပူးပေါင်း ဆောင်ရွက်နိုင်ရန် ယခုကဲ့သို့ လိုင်စင်ရ ကန်ထရိုက်တာများအ သင်းကို ရည်ရွယ်ဖွဲ့စည်းလိုက် ခြင်းဖြစ်ကြောင်း ဆောက်လုပ် ရေးလုပ်ငန်းရှင်များက ဆိုသည်။

လက်ရှိတွင် တစ်နိုင်ငံလုံး ကိုယ်စားပြု လွှမ်းခြုံသည့် မြန်မာ နိုင်ငံဆောက်လုပ်ရေး လုပ်ငန်း ရှင်များအသင်းမှာလည်း တရား ၀င်အသင်းအဖြစ် ရပ်တည်လျက် ရှိသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service