ဧရာဝဏ်၊ ရတနာ တန်ဖိုးသင့်အိမ်ရာ စီမံကိန်း ဆက်လက်ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံမှု ပမာဏ ကြီးမားသည့် အတွက် တိုင်းရင်းသား လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်မည် - Property News in Myanmar from iMyanmarHouse.com
1365 Views

ဧရာဝဏ်၊ ရတနာ တန်ဖိုးသင့်အိမ်ရာ စီမံကိန်း ဆက်လက်ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံမှု ပမာဏ ကြီးမားသည့် အတွက် တိုင်းရင်းသား လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်မည်

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်း မြို့နယ်အတွင်း အကောင်အထည်ဖော်နေသည့် ဧရာဝဏ်နှင့် ရတနာ တန်ဖိုးသင့်အိမ်ရာစီမံကိန်း ဆက်လက် အကောင်အထည်ဖော်ရန် ရင်းနှီးမြှုပ်နှံမှုငွေပမာဏ ကြီးမားသည့်အတွက် တိုင်းရင်းသား လုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောကြားသည်။

“ဧရာဝဏ်နဲ့ ရတနာအိမ်ရာစီမံကိန်းက မူလရည်မှန်းချက်က ပါဆယ် ၁၁ ခု၊ အ ဆောက်အအုံ ၄၁ လုံး ဆောက်မှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့ အခါမှာ ရင်းနှီးမြှုပ်နှံမှု ငွေပမာဏ ကြီးမားတဲ့ အတွက်ကြောင့် အခုပထမအဆင့် အနေနဲ့ ပါဆယ်တစ်ခုကို လာမယ့်ဒီဇင်ဘာအတွင်းမှာ ဖွင့်လှစ်နိုင်ဖို့ ရည်မှန်းချက်ထား ဆောင်ရွက်နေပါတယ်။ ဒီလိုပါဆယ်တစ်ခု ဆောင်ရွက်နေသလို ကျန်တဲ့ပါဆယ်တွေကိုလည်း ဆက်လက်ပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဒီလိုဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ တိုင်းရင်းသား လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီးတော့မှ ဧရာဝဏ်၊ ရတနာအိမ်ရာ စီမံကိန်းကို ဆက်လက်ပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
လက်ရှိမှာလည်း ကုမ္ပဏီတစ်ခုနဲ့ ဆောင်ရွက်နေပါတယ်။ မကြာခင်မှာလည်း ကျန်တဲ့လုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းပြီးတော့ ဆက်လက် အကောင်အထည် ဖော်သွားမယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောကြားသည်။

အဆိုပါစီမံကိန်းရှိ၁ထပ်အဆောက်အအုံ ခြောက်လုံးပါဝင်
သည့် Block-G ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာအတွင်း ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

ဧရာဝဏ်-ရတနာ တန်ဖိုးသင့်အိမ်ရာ စီမံကိန်းရှိ တိုက်ခန်းများကို ၂၀၁၆ ခုနှစ် မတ်လလယ်မှ စတင်ရောင်းချခဲ့ပြီး တစ်စတုရန်းပေကို တစ်သိန်းကျပ်ဖြင့် ရောင်းချပေးနေပြီး လက်ငင်းငွေချေစနစ်ဖြင့် ၀ယ်ယူသူများ အနေဖြင့် ငါးရာခိုင်နှုန်း ဈေးလျှော့ပေးကာ ရောင်းချခဲ့သည်။

အဆိုပါ တိုက်ခန်းများအား အရစ်ကျချေးငွေစနစ်ဖြင့် ၀ယ်ယူလိုပါက ရာခိုင်နှုန်း၅၀ အား ကနဦး ပေးသွင်းပြီး ကျန်ငွေကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) နှင့် ချိတ်ဆက်၍ ၀ယ်ယူနိုင်ကြောင်း၊ အဆိုပါအိမ်ရာ စီမံကိန်းအား အပိုင်း သုံးပိုင်းဖြင့် တည်ဆောက်နေပြီး ပထမအဆင့် အဆောက်အအုံ ၁၈ လုံး၊ ဒုတိယအဆင့် အဆောက်အအုံ ၁၆ လုံး၊ တတိယအဆင့် အဆောက်အအုံ ၁၅ လုံး ပါဝင်မည်ဖြစ်ပြီး စုစုပေါင်း အဆောက်အအုံ ၄၉ လုံး ပါဝင်သည်။

ဧရာဝဏ်နှင့် ရတနာ တန်ဖိုးသင့်အိမ်ရာ စီမံကိန်းကို ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ဆောက်လုပ်ရေးကုမ္ပဏီ ၃၁ ခုတို့ ပူးပေါင်းဆောင်ရွက် နေခြင်းဖြစ်သည်။

Credit: Eleven Media

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service