(၁၀)မိနစ်အတွင်း စိတ်ဖိစီးမှု ကင်းစင်သွားဖို့ နည်းလမ်း (၁၀)ခု - Property Knowledge in Myanmar from iMyanmarHouse.com
6789 Views

(၁၀)မိနစ်အတွင်း စိတ်ဖိစီးမှု ကင်းစင်သွားဖို့ နည်းလမ်း (၁၀)ခု

Knowledge | Posted by Hnin Ei Khin

နေ့စဉ်ဘ၀ကို ရှင်သန်လှုပ်ရှားကြာရာမှာ စိတ်ဖိစီးမှုတွေကိုတော့ အနည်းနဲ့အများဆိုသလို ခံစားကြရတတ်ပါတယ်။ စိတ်ဖိစီးမှုဖြစ်ရတဲ့အကြောင်းရင်းတွေကသာ ကွဲပြားသွားနိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ပါစေ။ စိတ်ဖိစီးမှုကြောင့် သင့်ရဲ့ရည်မှန်းချက်တွေကို လမ်းလွဲသွားလို့မဖြစ်ပါဘူး။ ဒါ့ကြောင့် စိုးရိမ်သောကတွေ၊ ဖိစီးမှုတွေကို အလွယ်တကူရပ်တန့်ပစ်လိုက်နိုင်မယ့် နည်းလမ်း(၁၀)ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ တရားထိုင်ပါ။

စိတ်တွေစပြီး ရှုပ်ထွေးလာပြီဆိုတာနဲ့ တရားထိုင်မယ်ဆိုရင် စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိနိုင်ပါတယ်။ စိတ်ဖိစီးမှုခံစားရတဲ့အခါမှာ ကျွန်တော်တို့ရဲ့ စိတ်မှာ လုပ်စရာတွေ၊ လက်ရှိလုပ်နေတာတွေ၊ ဖြစ်နိုင်ချေရှိတာတွေကို တွက်ချက်ရင်း ရှုပ်ထွေးလာတတ်ပါတယ်။ ဘာကိုမှ ရှင်းရှင်းလင်းလင်းမတွေးနိုင်တော့ ဘူးလို့ ခံစားလာရပြီဆိုတာနဲ့ အချိန်ယူပြီး တရားရှုမှတ်ဆင်ခြင်လိုက်ပါ။ တရားထိုင်ရမယ်ဆိုတာနဲ့ တင်ပလ္လင်ခွေထိုင်၊ လက်တွေထိထားပြီး ရှုမှတ်ဖို့မလိုပါဘူး။ မျက်လုံးတွေကို ပိတ်ထားပြီး ၀င်သက်ထွက်သက်ကို အာရုံစူးစိုက်မှတ်သားပါ။ လက်ရှိအခြေအနေကိုပဲ သုံးသပ်ဆင်ခြင်ပါ။

၂။ Green tea သောက်ပါ။

စိတ်ဖိစီးမှုဟာ အလုပ်များတာကြောင့် ခံစားရတာ များပါတယ်။ ဒီလို အလုပ်များလာတဲ့အခါမှာ ကျွန်တော်တို့ အများစုက ကော်ဖီသောက်ဖို့ကို စိတ်ကူးမိတတ်ကြပါတယ်။ တကယ်တော့ ကော်ဖီသောက်မယ့်အစား Green Tea သောက်ပေးသင့်ပါတယ်။ Green Tea မှာပါဝင်တဲ့ အမိုင်နိုအက်ဆစ် L0Theanine က စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတို့ကို လျှော့ချပေးနိုင်ပါတယ်။

၃။ သီချင်းနားထောင်ပါ။

တေးသီချင်းတွေနားထောင်ပြီး စိတ်တည်ငြိမ်အောင် ကြိုးစားကြည့်သင့်ပါတယ်။ သီချင်းတွေဟာ ကျွန်တော်တို့ရဲ့ စိတ်ခံစားမှုအပေါ် သက်ရောက်မှုရှိတာကြောင့် စိတ်ဖိစီးမှုကို လျော့ပါးသက်သာစေမှာ သေချာပါတယ်။ စိတ်ဖိစီးမှုအတွက် အကောင်းဆုံးက ဂန္တ၀င်တေးဂီတတွေ ဖြစ်ပါတယ်။ ဒါပေမယ့် သင်နှစ်သက်တဲ့ hip hop ပဲ ဖြစ်ဖြစ် country ပဲဖြစ်ဖြစ် ကြိုက်ရာကို နားထောင်နိုင်ပါတယ်။ သီချင်းနားထောင်တဲ့ အဓိကရည်ရွယ်ချက်ကစိတ်တင်းမာမှုတွေကို ပြေလျော့စေ
ဖို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘယ်လိုဂီတမျိုးပဲဖြစ်ပါစေ အရေးမကြီးပါဘူး။

၎။ လမ်းလျှောက်ပါ။

ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေကလည်း စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။ အပြင်ထွက်ပြီး ခဏတဖြုတ် လမ်းလျှောက်မယ်ဆိုရင် သဘာဝတရားရဲ့ အေးချမ်းမှုကိုခံစားနိုင်မှာ ဖြစ်တဲ့အပြင် စိတ်ခံစားမှုကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ စိမ်းလန်းစိုပြေတဲ့ ပန်းခြံတွေ၊ သဘာဝနယ်မြေတွေမှာ လမ်းလျှောက်မယ်ဆိုရင်တော့ တင်းကြပ်မှုတွေ၊ စိတ်ဖိစီးမှုတွေ အားလုံးကို လွင့်စင်ပျောက်ကွယ်သွားစေနိုင်ပါတယ်။

၅။ ချရေးပါ။

ကျွန်တော်တို့ရဲ့ ခံစားချက်တွေကို စာရွက်တစ်ရွက်မှာ ချရေးလိုက်မယ်ဆိုရင် စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ အကြောင်းရင်းတွေကို သိရှိလာမှာဖြစ်ပြီး နည်းလမ်းတကျ ရှင်းထုတ်ပစ်နိုင်မှာ ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ ကျွန်တော်တို့စိတ်ခံစားမှုတွေရဲ့ အကြောင်းရင်းကို မသိနိုင်ကြပါဘူး။ စိတ်ပျက်စရာတွေခံစားနေရပေမယ့် ဘာကြောင့်မှန်းမသိတာမျိုးဖြစ်ပါတယ်။ ဒါ့ကြောင့် ခံစားချက်တွေကိုချရေးလိုက်မယ်ဆိုရင်တော့ ပြဿနာတွေကိုဖွင့်ပြောတိုင်ပင်လိုက်ရသလို ပေါ့ပါးလန်းဆန်းသွားမှာ ဖြစ်ပါတယ်။

၆။ ရနံ့ကုထုံးကို အသုံးပြုပါ။

အနံ့အမျိုးမျိုးက စိတ်ခံစားမှုအမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် နောက်တစ်ခါ စိုးရိမ်ပူပန်စရာတွေနဲ့ စိတ်ညစ်စရာတွေ ကြုံလာပြီဆိုရင် နှစ်သက်ရာ အမွှေးရနံ့တစ်ခုခုကို အသုံးပြုသင့်ပါတယ်။ ရနံ့ကုထုံးက တကယ်အလုပ်ဖြစ်မဖြစ်ဘူးဆိုတာကတော့ မသေချာပါဘူး။ နှင်းဆီရနံ့၊ ရေမွှေးပန်းနံ့တို့ကတော့ စိတ်ဖိစီးမှုကို လျော့ပါးသက်သာစေသလို စန္ဒကူးနံ့က စိုးရိမ်ပူပန်မှုကို သက်သာစေပြီး စိတ်ကိုတည်ငြိမ်စေပါတယ်။

၇။ ရယ်မောလိုက်ပါ။

စိတ်ဖိစီးမှုတွေက စိုးရိမ်စရာဖြစ်တယ်လို့ ထင်ရပါတယ်။ တကယ်တော့မဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ စိတ်ထဲမှာ ပေါ့ပေါ့ပါးပါးတွေးထားမယ်ဆိုရင် ကျွန်တော်တို့ရဲ့ပြဿနာတွေက ထင်သလောက် မကြီးဘူးဆိုတာကို သိရှိလာမှာပါ။ ရီမောပျော်ရွှင်နိုင်မယ့် အရာတွေကို လုပ်ဆောင်ပါ။ နည်းနည်းလောက် ရီမောလိုက်ရရင်ကို လက်ရှိပြဿနာတွေကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းတွေကို တွေ့ရှိနိုင်ပါတယ်။

၈။ အသက်၀၀ရှုပါ။

အသက်ရှုတဲ့အခါမှာ ဖြည်းဖြည်းချင်းနဲ့ တ၀ကြီးရှုသွင်းတာက သင့်ရဲ့စိတ်ခံစားမှုနဲ့ စိတ်ကြည်လင်မှုကို အထောက်အကူဖြစ်စေပါတယ်။ အသက်ရှုတာနဲ့ပတ်သက်ပြီး လေ့ကျင့်ခန်းတွေ အများကြီးရှိပါတယ်။ သင်နဲ့ အဆင်ပြေမယ့် ပုံစံတစ်ခုကို လုပ်ဆောင်ကြည့်ပါ။

၉။ အမေဆီကို ဖုန်းခေါ်ပါ

တစ်နေ့တာလှုပ်ရှားရုန်းကန်ရင်း စိတ်ဖိစီးမှုတွေ ခံစားလာရပြီဆိုရင် ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းက သင့်အမေဆီကို ဖုန်းခေါ်ပြီး ဖွင့်ဟတိုင်ပင်ဖို့ပဲဖြစ်ပါတယ်။ လေ့လာမှုတစ်ခုအရ မိခင်နဲ့ ဖုန်းပြောရတဲ့အခါမှာ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ဟော်မုန်းတွေ လျော့ကျသွားပြီး ခံစားမှုကောင်းစေတဲ့ အောက်စီတိုဂျင်ဓာတ်ပစ္စည်းတွေ ပိုမိုထွက်ရှိလာတယ်လို့ ဆိုပါတယ်။

၁၀။ အပြုသဘောဆောင်တဲ့အတွေးတွေပဲ တွေးပါ။

စိတ်ဖိစီးမှုခံစားနေရပြီဆိုရင် အကူအညီမဲ့ပြီး မကောင်းတာတွေကိုချည်းပဲ တွေးမိလာတတ်ပါတယ်။ ဒါ့ကြောင့် အပြုသဘောဆောင်တဲ့ အတွေးတွေကို များများတွေးဖြစ်အောင် ကြိုးစားပါ။ သင့်စိတ်ထဲက အတွေးတွေပေါ်မှာ မူတည်ပြီး အပြုသဘောဆောင်တဲ့ နည်းလမ်းကောင်းတစ်ခုနဲ့ ဖြေရှင်းချက်ကို တွေ့ရှိနိုင်ပါတယ်။ ဥပမာပြောရရင် သင့်ရဲ့အားနည်းချက်နဲ့ အပြစ်တွေကို စဉ်းစားနေမယ့်အစား သင်ပိုင်ဆိုင်ထားတဲ့ အရည်အချင်းကောင်းတွေကို တိုးတက်အောင် ဘယ်လိုလုပ်မလဲ အာရုံစိုက်ဖို့ ဖြစ်ပါတယ်။

Credit: GentleMan Magazine

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ

Upcoming Property Events

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

Magical World
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service