အိမ်ပိုင်မရှိသည့် တက္ကသိုလ်ဆရာ၊ ဆရာမများအတွက် မင်းဓမ္မဥယျာဉ်မြို့တော် အိမ်ရာစီမံကိန်းတွင် နေထိုင်ခွင့်ပေးမည်ဟု ပညာရေးဝန်ကြီးပြော - Property News in Myanmar from iMyanmarHouse.com
1588 Views

အိမ်ပိုင်မရှိသည့် တက္ကသိုလ်ဆရာ၊ ဆရာမများအတွက် မင်းဓမ္မဥယျာဉ်မြို့တော် အိမ်ရာစီမံကိန်းတွင် နေထိုင်ခွင့်ပေးမည်ဟု ပညာရေးဝန်ကြီးပြော

ပညာရေးဝန်ကြီးဌာနအောက်ရှိ အိမ်ပိုင်မရှိသော တက္ကသိုလ်ဆရာ၊ ဆရာမများအတွက် ရန်ကုန်မြို့ လှိုင်မြို့နယ် မင်းဓမ္မဥယျာဉ်မြို့တော်အိမ်ရာစီမံကိန်းတွင် စိစစ်မှုများပြုလုပ်၍ နေထိုင်ခွင့်ပေးသွားမည်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

သြဂုတ်လ ၁၈ ရက်ကကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လှိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်၏ လှိုင်မြို့နယ်(၁၂)ရပ်ကွက်၊ မင်းဓမ္မလမ်းနှင့်ပါရမီလမ်းထောင့်ရှိ တက္ကသိုလ်ဆရာ၊ ဆရာမများရိပ်သာအပါအ၀င် ပညာရေးဝန်ကြီးဌာနပိုင်မြေနေရာ၌ ဆောက်လုပ်နေသော အဆောက်အဦများအား မည်သို့စီမံဆောင် ရွက်ထားသည်ကိုသိရှိလိုကြောင်းမေးခွန်းကို ပြန်
လည်ဖြေကြားရာတွင် ၀န်ကြီးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

''ပညာရေးဝန်ကြီးဌာနပိုင် အိမ်ခန်းများကို အဆင့်မြင့်ပညာဦးစီးဌာန(ရန်ကုန်ရုံးခွဲ)ရှိ ဦးစီးဌာန၊ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်နှင့် တွဲဖက်ဌာနများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် သင်ကြား/ စီမံဝန်ထမ်းများအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း မိမိကိုယ် ပိုင်အိမ်မရှိဘူး။ မိမိဇနီး(သို့မဟုတ်) ခင်ပွန်း အိမ်ပိုင်မရှိသူ၊ နိုင်ငံပိုင်အိမ်ခန်းရယူထား ခြင်းမရှိသူများမှ
လျှောက်ထားခြင်းကိုစိစစ်နေထိုင်ခွင့်ပြုပါတယ်''ဟု ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။

ပညာရေးဝန်ကြီးဌာနပိုင်အိမ်ခန်းများအား နေရာချထားရေးနှင့်ပတ်သက်၍ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဥက္ကဋ္ဌအဖြစ် တာဝန်ယူလျက်ရှိသော ရန်ကုန်မြို့ရှိ တက္ကသိုလ်အရာထမ်း၊ အမှုထမ်း၊ အိမ်နေရာချထားရေးကော်မတီက သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့်အညီ ပမာဏလျာထား စာရင်းကို သက် ဆိုင်ရာကျောင်းနှင့် ဌာနအကြီးအကဲများက စည်းကမ်းလိုက်နာမည့်သူများကို ထပ်မံစိစစ်၍ နေရာချထားပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

''ရန်ကုန်မှာတင် မဟုတ်ဘဲနဲ့ တနိုင်ငံလုံးမှာ ဆောက်ပေးမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ နယ်တွေမှာ ရန်ကုန်ထက်တောင် မြေနေရာတွေပေါပါတယ်။ လုပ်ပေးချင်တယ်ဆိုရင်ပေါ့လေ။ ဒီလိုလုပ်ပေးသင့်တာ ကြာပါပြီ။ အခုလိုလုပ်ပေးတဲ့အတွက်လည်း ၀မ်းသာပါတယ်''ဟု ပုသိမ်တက္ကသိုလ် သမိုင်းဌာနမှ ကထိက ဦးသန်းထိုက်အောင်က ပြောသည်။ ပညာရေးဝန်ကြီးဌာနအောက်တွင် တာဝန်ထမ်းဆောင် လျက်ရှိသော ညွှန်ကြားရေးမှူးချုပ်နှင့် ပါမောက္ခချုပ်များအတွက် အခန်း(၁၀)ခန်း၊ ပါမောက္ခ(ဌာနမှူး)၊ ညွှန်ကြားရေးမှူး၊ ဌာနမှူးအဆင့်များအတွက် ၁၅၆ ခန်း၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ(၀ါရင့်)၊ ဒုတိယညွှန်ကြားရေးမှူး၊ (၀ါရင့်) အဆင့်များအတွက် ၁၇၈ ခန်း၊ တွဲဖက်ပါမောက္ခ၊ ဒုတိယညွှန်ကြားရေးမှူး ကထိကအဆင့်များအတွက် ၁၄၃၀ ခန်း၊ လက်ထောက်ကထိက(၀ါရင့်)များအတွက် ၈၄ ခန်း၊ လက်ထောက်ကထိကများအတွက် ၁၁၂ ခန်း၊ နည်းပြ/ သရုပ်ပြ(၀ါရင့်)များအတွက် ၄၂၀ ခန်း စုစုပေါင်း ၂၃၉၀ ခန်းကို ၂၀၁၄ ခုနှစ်မှ စတင်ကာ ပညာရေး ၀န်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် Myanmar Vega Co,Ltd တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း ပညာရေးဝန်ကြီးထံမှ သိရှိရသည်။

Credit: News Watch

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service