လျှော့ချဆောက်လုပ်ရန် ညွှန်ကြားထားသည့် အထပ်မြင့် အဆောက်အအုံ ၁၂ လုံးကို ပြန်လည်ခွင်ပြု၊ မပြု သြဂုတ် ၁၈ ရက်တွင်ဆုံးဖြတ်မည် - Property News in Myanmar from iMyanmarHouse.com
1111 Views

လျှော့ချဆောက်လုပ်ရန် ညွှန်ကြားထားသည့် အထပ်မြင့် အဆောက်အအုံ ၁၂ လုံးကို ပြန်လည်ခွင်ပြု၊ မပြု သြဂုတ် ၁၈ ရက်တွင်ဆုံးဖြတ်မည်

အထပ်များ လျှော့ချဆောက်လုပ်ရန် ပြန်လည် ညွှန်ကြားခံထားရသည့် အထပ်မြင့် အဆောက်အအုံ ၁၂ လုံးကို ပြန်လည် ခွင့်ပြု၊ မပြုနှင့်ပတ်သက်ပြီး သြဂုတ် ၁၈ ရက်တွင်ပြုလုပ်မည့် ရန်ကုန် တိုင်း ဒေသကြီး အစိုးရအဖွဲ့ ကက်ဘိနက် အစည်းအဝေးတွင် ဆုံးဖြတ်ပေးမည် ဖြစ်ကြောင်း အဆောက်အအုံလုပ် ငန်းရှင်များထံမှသိရသည်။

အထပ်များလျှော့ချဆောက်လုပ်ရန် ပြန်လည်ညွှန်ကြားခံရသော အထပ်မြင့်အဆောက်အအုံပိုင်ရှင်များက အထပ်မြင့်လျှော့ချခြင်းကြောင့် ငွေကြေးများစွာ နစ်နာမှုများရှိနေ ကြောင်း သနားခံစာတင်ပြ လာခြင်းကြောင့် ၀န်ကြီးချုပ်အနေဖြင့် လုပ်ငန်းကုမ္ပဏီအဖွဲ့တစ်ဖွဲ့ချင်း၊ တစ်ဦးချင်းခေါ်ယူတွေ့ဆုံခဲ့ပြီး ယင်းအ ဆောက်အအုံများအား မြို့တော်ဝန် နှင့် စစ်ဆေးရေးအဖွဲ့၌ပါဝင်သည့် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဒေါ်နီလာကျော်တို့က စစ်ဆေးခဲ့ကာ သြဂုတ် ၁၁ ရက်၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကက်ဘိနက်အစည်းအဝေးတွင် ဆုံး ဖြတ်ပေးမည်ဟုပြောကြားခဲ့သော် လည်း ဆုံးဖြတ်ချက်မချနိုင်ခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ သြဂုတ် ၁၈ ရက်တွင် ပြုလုပ်မည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကက်ဘိနက်အစည်းအဝေးတွင် ပြန်လည်ခွင့်ပြု၊ မပြုဆုံးဖြတ်ချက်ချနိုင်ရန်အတွက် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်အနေဖြင့် အထပ်များ လျှော့ချဆောက် လုပ်ရန် ပြန်လည်ညွှန်ကြားခံရသော အထပ်မြင့်အဆောက်အအုံများ၏ ဗိသုကာပညာရှင်များ နှင့်ခေါ်ယူတွေ့ ဆုံဆွေးနွေးနေကြောင်း အဆောက်အအုံလုပ်ငန်းရှင်များထံမှသိရသည်။ ယင်းကဲ့သို့ခေါ်ယူတွေ့ဆုံရာတွင်ပါဝင်သည့် ဆောက်လုပ်ရေးလုပ် ငန်းရှင်တစ်ဦးက "Architect တွေ ကို ခေါ်တွေ့ ရုံသက်သက် ပါ။ ပြန်လည် ခွင့်ပြု၊ မပြုတော့ သြဂုတ် ၁၈ ရက်၌ပြုလုပ်မယ့် ရန်ကုန်တိုင်းအစိုးရ အဖွဲ့ ကက်ဘိနက် အစည်းအဝေးမှာ ဆုံးဖြတ်ပေးမယ်လို့သိရပါတယ်" ဟု ပြောသည်။

ယင်းကဲ့သို့ ခေါ်ယူတွေ့ဆုံရာတွင် အဆောက်အအုံများ၏ ကားပါကင်သတ်မှတ်ချက်များကို အဓိက ခေါ်ယူရှင်းလင်းပြောကြားခြင်းဖြစ် ကြောင်းသိရသည်။ အထပ်မြင့်လျှော့ခံရာတွင် ပါဝင်သည့် East Race Course အထပ်မြင့် ဆောက်လုပ်ရေးကုမ္ပဏီမှ ဦးကျော် ကျော်မိုးက "သြဂုတ် ၁၃ ရက်က စပြီးတော့ ၀န်ကြီးဒေါ်နီလာကျော်က အထပ်လျှော့ခံရတဲ့အဆောက် အအုံတွေရဲ့ Architect တွေ၊ Structure တွေခေါ်တွေ့နေပါတယ်။ အဓိက ကတော့ ကားပါကင်သတ်မှတ်ချက် တွေကိုရှင်းပြတာပါ" ဟု ဒီမိုကရေစီ တူဒေးသတင်းစာသို့ ပြောသည်။

အထပ်မြင့်လျှော့ခံရသော ၁၂ လုံးအနက် အဆောက်အအုံပိုင်ရှင် ရှစ်ဦးအနေဖြင့် အစိုးရသစ်လက်ထက်တွင် စည်းကမ်းနှင့်မညီ ဟု ဆိုကာ အထပ်များ လျှော့ချဆောက်လုပ်ရန် ပြန်လည်ညွှန်ကြား ခံရသော အထပ်မြင့်အဆောက်အအုံများမှာ စည်းကမ်းမဲ့ဆောက်လုပ်ထားခြင်း မဟုတ်ကြောင်း၊ ယခင်အစိုးရလက်ထက် မူဝါဒစည်းကမ်းများနှင့် အညီ ဆောက်လုပ်ထားခြင်းဖြစ်သောကြောင့် အထပ်မြင့်လျှော့ ချခြင်းကြောင့် ငွေ ကြေးများစွာနစ်နာမှုများရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီသို့ တိုင်ကြားလာခြင်းကြောင့် ပြန်လည် ကွင်းဆင်းစစ်ဆေး ခဲ့ရာ စည်း ကမ်းမဲ့စွာ ဆောက်လုပ်ထားခြင်း မတွေ့ ရခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရသို့ သုံးသပ်ချက်ပြန်လည် တင် ပြထားကြောင်းလည်း သိရသည်။

လက်ရှိတွင် ယခင်အစိုးရလက် ထက်ကခွင့်ပြုခဲ့သည့် သတ်မှတ်ချက်စည်းကမ်းနှင့်မညီညွတ်သော အ ဆောက်အအုံများကို အစိုးရသစ်မှ ပြန်လည် စိစစ်နေသည့်အတွက် အ ဆောက်အအုံ ၂၄၉ လုံးအား ရပ်ဆိုင်းထားခဲ့ပြီး ယင်းရပ်ဆိုင်းထား သည့်အဆောက်အအုံ ၂၄၉ လုံးတွင် ပါမစ်ကြီးချပေးထားသည့် အဆောက်အအုံ ၆၄ လုံးနှင့် မူအားဖြင့်ဆောက် ခွင့်ပေးထားသည့် အဆောက်အအုံ ၁၈၅ လုံးရှိကြောင်းသိရသည်။ ပါမစ်ကြီးချပေးထားသည့် အ ဆောက်အအုံ ၆၄ လုံးထဲမှ စစ်ဆေးခဲ့ရာ ၁၂ လုံးအားစစ်ဆေးခဲ့ရာမှ ပြင် ဆင်စရာများရှိနေသည့်အတွက် လက်ရှိပြီးစီး သည့်အထပ်သာ ရပ် တန့်ထားပြီး ယင်း ၁၂ လုံးကို အထပ်များလျှော့ချရန် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရမှ ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

အထပ်များလျှော့ချဆောက် လုပ်ခံရသော အဆောက်အအုံများ မှာ East Race Course အဆောက် အအုံမှာအထပ် ၂၀ မှ ၁၆ ထပ်ထိ၊ ဖိုးစိန် လမ်းရှိဖိုးစိန်ကွန်ဒိုမှာ ၃၁ ထပ် မှ ၁၂ ထပ် ၊ Golden Dragon ကွန် ဒိုမှာ ၁၂ ထပ်မှလေးထပ်၊KER အ ဆောက်အအုံမှာ ၂၉ ထပ်မှ ၁၇ ထပ်၊ Paragon Residence မှာ၂၇ ထပ်မှ အထပ်၂၀ သို့ စသည်ဖြင့် လျှော့ချ ခံခဲ့ရကြောင်းသိရသည်။

Credit: Yangon Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service