လေ့လာသင်ယူသမျှ အမြဲတမ်းမှတ်မိနေစေဖို့ နည်းလမ်း (၄)ခု - Property Knowledge in Myanmar from iMyanmarHouse.com
2096 Views

လေ့လာသင်ယူသမျှ အမြဲတမ်းမှတ်မိနေစေဖို့ နည်းလမ်း (၄)ခု

Knowledge | Posted by Zarni Kyaw

အသိပညာ အတတ်ပညာတစ်ခုခုကို လေ့လာသင်ယူရာမှာ သိထားသင့်တဲ့အရာ နှစ်ခုရှိပါတယ်။ ပထမတစ်ခုက လေ့လာသင်ယူမယ့် အကြောင်းအရာ၊ ဘာသာရပ်နဲ့သက်ဆိုင်တဲ့ အသိပညာဗဟုသုတတွေ ဖြစ်ပြီး နောက်တစ်ခုကတော့ လေ့လာသင်ယူမှု ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို သိထားဖို့ပဲ ဖြစ်ပါတယ်။
ကံမကောင်းတာက ကျွန်တော်တို့ အခုလက်ရှိအသုံးပြုနေတဲ့ ပညာရေးစနစ်က ဒီအချက်နှစ်ခုစလုံး မပြည့်စုံတာပဲ ဖြစ်ပါတယ်။

ဒီကိစ္စက ပြဿနာရှိပါတယ်။ ကျွန်တော်တို့အများစုက အတန်းပညာတွေကနေ လုပ်ငန်းခွင်ဝင်တဲ့အထိ လိုအပ်တဲ့ပညာတွေ လေ့လာဆည်းပူးခဲ့ကြပါတယ်။ ဒါပေမယ့် ရေရှည်မှာအောင်မြင်မှုကို ဆုပ်ကိုင်ထားနိုင်ဖို့အတွက် အရည်အချင်းတွေ တစ်ခုပြီးတစ်ခု ဆက်လက်လေ့လာသင်ယူနေဖို့ လိုပါတယ်။ ဒ့ါကြောင့် လေ့လာသင်ယူမှု လုပ်ငန်းစဉ်ကို နားလည်ပြီး အားလုံးကို မှတ်မိနေဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် လေ့လာသင်ယူသမျှကို မှတ်မိနေစေမယ့် နည်းလမ်း ၄ ခုကို ဖော်ပြလိုက်ပါတယ်။

၁။ မှတ်ဉာဏ်ကို အားစိုက်အသုံးပြုပါ။

ထိထိရောက်ရောက်လေ့လာသင်ယူနိုင်ဖို့အတွက် ကြိုးစားရာမှာ ပျော်စရာမကောင်းတဲ့အချက်က ခက်ခဲတာပဲဖြစ်ပါတယ်။ ဒါပေမယ့် ခက်ခဲနေချိန်မှာ ကြိုးစားလေ့လာတာက အကောင်းဆုံးလေ့လာသင်ယူမှုဖြစ်ပါတယ်။ အလေးမ အားကစားလုပ်တဲ့အခါမှာ မ နိုင်တဲ့အလေးချိန်ထက် အနည်းငယ်တိုးမရင်း တဖြည်းဖြည်းသန်စွမ်းလာသလို မှတ်ဉာဏ်ကိုလည်း လေ့ကျင့်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် လေ့လာသင်ယူသမျှ မှတ်မိနေစေဖို့ မှတ်ဉာဏ်ကို အားစိုက်အသုံးပြုပါ။

တချိန်ကျရင် ရရှိလာနိုင်တဲ့ နောင်တများ

၂။ အလေးအနက်ထားပါ။

သင့်အနေနဲ့ တစ်ခုခုကို ဖတ်လိုက်ရချိန်မှာ မှတ်ရလွယ်ပါတယ်လို့ ခံစားမိရင် စွဲစွဲမြဲမြဲမှတ်မိမှာမဟုတ်ပါဘူး။ ဥပမာ ပြောရရင် လေယာဉ်စီးပြီးခရီးသွားဖို့ လေဆိပ်မှာရောက်နေတယ် ဆိုပါစို့။ သင်စီးနင်းလိုက်ပါမယ့် လေယာဉ်ဘယ်ဂိတ်မှာ ရှိလဲဆိုတာကို ဖတ်လိုက်ပြီး ဂိတ်နံပါတ်က B44 လို့ထားပါ။ ဒါဆိုရင် “B44 ၊ လွယ်ပါတယ်“လို့တွေးပြီး လှည့်ထွက်လာမယ်။ ဟိုကြည့် ဒီကြည့်လုပ်၊ ဖုန်းခဏ ကလိလိုက်ပြီး လျှောက်လာရင်းနဲ့ ပြန်စဉ်းစားတဲ့အခါ မမှတ်မိတော့တာမျိုး ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် တစ်ခါဖတ်လိုက်ပြီးတာနဲ့ မော်နီတာကို မကြည့်ပဲ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။ နံပါတ်ကို မှန်အောင်ဖြေနိုင်ပြီဆိုမှာ ထွက်လာခဲ့ပါ။ ဒီလိုနည်းနဲ့ မှတ်ဉာဏ်ကို ပြန်ခေါ်ပြီး လေ့လာသင်ယူသမျှကို မှတ်မိနေစေနိုင်ပါတယ်။

၃။ အသစ်တွေကို အဟောင်းတွေနဲ့ ချိတ်ဆက်ပေးပါ။

လေ့လာသင်ယူရသမျှ အကြောင်းအရာအသစ်တွေကို နဂိုရှိနှင့်ပြီးသား အသိပညာ ဗဟုသုတတွေနဲ့ သင့်တော်သလို ပူးတွဲမှတ်သားတတ်မယ်ဆိုရင် အသစ်အသစ်သော လေ့လာသင်ယူမှုအားလုံးကို စွဲစွဲမြဲမြဲမှတ်မိနေမှာ ဖြစ်ပါတယ်။ ဒီလို မှတ်သားနိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ လက်ရှိပတ်ဝန်းကျင်က နမူနာတွေနဲ့ နှိုင်းယှဉ်တွေးခေါ်ကြည့်ဖို့ပါပဲ။ ဥပမာ – အပူစီးကူးမှုသဘောတရားဆိုတာက ကော်ဖီပူတစ်ခွက်သောက်လိုက်ချိန်မှာ ခန္ဓာကိုယ်နွေးထွေးသွားတဲ့ ခံစားချက်နဲ့ တူညီတယ်ဆိုတာကို တွေးကြည့်ဖို့ပဲ ဖြစ်ပါတယ်။

လူတွေက ဦးနှောက်ရဲ့ (၁၀)ရာခိုင်နှုန်းကိုပဲ သုံးတာလား ?

၎။ ပြန်တွေးပါ။

လေ့လာခဲ့သမျှအရာတွေ၊ လုပ်ဆောင်ခဲ့တဲ့ကိစ္စတွေကို ပြန်တွေးကြည့်တာက တကယ်ကို အထောက်အကူဖြစ်စေပါတယ်။ ဒီလိုပြန်တွေးကြည့်ခြင်းအားဖြင့် မိမိစွမ်းဆောင်ရည်ကို ယုံကြည်မှုရှိလာစေတာကြောင့် ဖြစ်ပါတယ်။ ယုံကြည်မှုများလာတဲ့အတွက် စွမ်းဆောင်ရည်တွေလည်း ပိုမိုမြင့်မားလာမှာဖြစ်ပါတယ်။

Credit: GentleMan Magazine

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service