ရန်ကုန်မြို့၏ လူနေမှုစရိတ်မှာဆီယက်တယ်၊ ဘာလင်၊ ဆစ်ဒနီ၊ပဲရစ်၊မော်စကိုနှင့် ဘန်ကောက်မြို့ကြီးများထက်ပင် များပြားလျက်ရှိကြောင်းကနေဒါစစ်တမ်းတစ်ခုအရတွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
1276 Views

ရန်ကုန်မြို့၏ လူနေမှုစရိတ်မှာဆီယက်တယ်၊ ဘာလင်၊ ဆစ်ဒနီ၊ပဲရစ်၊မော်စကိုနှင့် ဘန်ကောက်မြို့ကြီးများထက်ပင် များပြားလျက်ရှိကြောင်းကနေဒါစစ်တမ်းတစ်ခုအရတွေ့ရှိ

ကနေဒါအခြေစိုက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နိုင်ငံတကာ အတိုင်ပင်ခံအဖွဲ့ဖြစ်သောMercer ၏ စစ်တမ်းတစ်ရပ်အရ ၂၀၁၆ ခုနှစ် ဒုတိယသုံးလပတ်ကာလအတွင်းရန်ကုန်မြို့၏ လူနေမှုစရိတ်မှာဆီယက်တယ်၊ ဘာလင်၊ ကင်ဘာရာ၊ မော်စကိုနှင့် ဘန်ကောက်မြို့ကြီးများထက်ပင် များပြားလျက်ရှိကြောင်းတွေ့ရှိရသည်။
စစ်တမ်းအမည်မှာ 2016 Cost of Living Rankings ဖြစ်ပြီးအပြည့်အစုံဖတ်ရှုလိုသူများအနေဖြင့် mobility@mercer.comသို့ စာရေးသားဆက်သွယ်ကာဖတ်ရှုနိုင်ပါသည်။

အဆိုပါစစ်တမ်းအရရန်ကုန်မြို့ကြီး၏ လူနေမှုစရိတ်သည် ကမ္ဘာ့အဆင့် ၃၉ တွင် ရပ်တည်လျက်ရှိပြီးအမေရိကန်နိုင်ငံမှ ဆီယက်တယ်မြို့၊ ဂျာမနီနိုင်ငံဘာလင်မြို့၊ သြစတေးလျနိုင်ငံဆစ်ဒနီမြို့၊ ရုရှားနိုင်ငံမော်စကိုမြို့တော်နှင့် ထိုင်းနိုင်ငံဘန်ကောက်မြို့ကြီးများထက်ပင် ကုန်ကျစရိတ်များပြားလျက်ရှိကြောင်းဖော်ပြထားသည်။
2016 Cost of Living Rankingsစစ်တမ်းအရလူနေမှုကုန်ကျစရိတ်အများဆုံးထိပ်တန်းအာရှ ၃ မြို့မှာဟောင်ကောင်၊ စင်္ကာပူနှင့် တိုကျိုတို့ဖြစ်ကြသည်။

ကမ္ဘာ့နိုင်ငံပေါင်း ၂၀၉ နိုင်ငံအားစစ်တမ်းကောက်ယူထားရာတွင် အဆင့် ၃၉ တွင် ရပ်တည်နေသောရန်ကုန်မြို့ကြီးအောက် လူနေမှုစရိတ်နည်းပါသော မြို့ကြီးအချို့ကိုဖော်ပြရလျှင် ဗြူနိုအေးရီးစ် (အာဂျင်တီးနား-အဆင့် ၄၁)၊ ဆစ်ဒနီ(သြစတေးလျ-အဆင့် ၄၂)၊ တိုင်ပေ (ထိုင်ဝမ်-အဆင့် ၄၃)၊ ပဲရစ် (ပြင်သစ်-အဆင့် ၄၄)၊ မီယာမီ (အမေရိကန်-အဆင့် ၄၅)၊ ဒဗ္ဗလင် (အိုင်ယာလန်-အဆင့် ၄၇)၊ မီလန် (အီတလီ-အဆင့် ၅၀)၊ နဂိုယာ (ဂျပန်-အဆင့် ၅၄)၊ ရီယာ့ဒ် (ဆော်ဒီအာရေးဗီးယား-အဆင့် ၅၇)၊ ရောမ (အီတလီ-အဆင့် ၅၈)၊ မော်စကို (ရုရှား-အဆင့် ၆၇)၊ မဲလ်ဘုန်း (သြစတေးလျ-အဆင့် ၇၁)၊ ဘန်ကောက် (ထိုင်း-အဆင့် ၇၄)၊ မြူးနစ် (ဂျာမနီ-အဆင့် ၇၇)၊ မနီလာ (ဖိလစ်ပိုင်-အဆင့် ၈၀)၊ မွန်ဘိုင်း (အိန္ဒိယ-အဆင့် ၈၂)၊ စတော့ဟုမ်း (ဆွီဒင်-အဆင့် ၈၄)၊ ဟိုချီမင်းမြို့တော် (ဗီယက်နမ်-အဆင့် ၈၈)၊ ဂျကာတာ (အင်ဒိုနီးရှား-အဆင့် ၉၃)၊ ဘာမင်ဂန် (ဗြိတိန်-အဆင့် ၉၆)၊ ဘာလင် (ဂျာမနီ-အဆင့် ၁၀၀)နှင့် ဟနွိုင်း (ဗီယက်နမ်-အဆင့် ၁၀၆ ) မြို့ကြီးများကို ကောက်နှုတ်ဖော်ပြအပ်ပါသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂

Upcoming Property Events

From 04 Oct To 05 Oct

Magical World Apartment

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service