အဆောက်အအုံဆောက်လုပ်ခွင့်ပါမစ် အသစ်ပြင်ဆင်ရေးဆွဲပြီးစီး - Property News in Myanmar from iMyanmarHouse.com
1956 Views

အဆောက်အအုံဆောက်လုပ်ခွင့်ပါမစ် အသစ်ပြင်ဆင်ရေးဆွဲပြီးစီး

ရန်ကုန်မြို့အတွက် အဆောက်အအုံများ ဆောက်လုပ်ခွင့်ပါမစ်အသစ် ပြန်လည်ရေးဆွဲ မှု ပြီးစီးသွားပြီဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီအတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ပြောသည်။

ဆောက်လုပ်ခွင့်ပါမစ်အ တွက် ယခင်ကဥပဒေကို ပိုမို ကောင်းမွန်စေရန် ဖြည့်စွက်ရေး ဆွဲခြင်းဖြစ်ကာ အင်ဂျင်နီယာအ သင်းနှင့် ဗိသုကာအသင်းသို့ ချပြပြီးဖြစ်၍ မကြာမီပြည်သူသိရှိစေ ရန် ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထုတ်ပြန်ပါက နည်းဥပဒေ အဖြစ် ပြဋ္ဌာန်းအတည်ပြုသတ် မှတ်ပေးမည်ဖြစ်ကာ ရန်ကုန်မြို့ ၌ အသစ်တည်ဆောက်မည့် အ ထပ်နိမ့်၊ အထပ်မြင့်အဆောက် အအုံများအားလုံးကို အဆိုပါ ဥပ ဒေဖြင့် ခွင့်ပြုမိန့်ချပေးမည်ဖြစ် ကြောင်း သိရသည်။

ရန်ကုန်မြို့၌ အဆောက် အအုံများ ဆောက်လုပ်ရန် ခွင့်ပြု မိန့်ပေးရာတွင် အဓိကအခွင့်အာ ဏာရှိသည့် ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)က ကိုင်တွယ်ကျင့်သုံးသော လက်ရှိ နည်းဥပဒေ၌ လိုအပ်ချက်အချို့ ရှိသည်ဟု မြို့ပြစီမံကိန်းပညာရှင် များက ဆိုသည်။

လက်ရှိတွင် သုံးထပ်ခွဲနှင့် အောက်အဆောက်အအုံများကို သာ ခွင့်ပြုမိန့်ထုတ်ပေးနေပြီး သုံးထပ်နှင့်အထက် အဆောက် အအုံများကို ခွင့်ပြုမိန့်ထုတ်ပေး မှု ရပ်ဆိုင်းထားသည်မှာ လေးလ ကျော်ပြီဖြစ်သည်။

‘‘ဒီဥပဒေမှာ ဘာတွေပါမှာ လဲဆိုတာ ကျွန်တော်တို့ အရမ်း သိချင်တယ်။ အထပ်မြင့်တွေကို အရမ်းကို တင်းကျပ်တာတွေပါ လာမှာတော့ စိုးရိမ်ရတယ်’’ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ် ငန်းရှင်များအသင်း အလုပ်အမှု ဆောင် ဦးမျိုးမြင့်က သုံးသပ် သည်။

ရန်ကုန်မြို့တွင် ပြီးခဲ့သည့် အစိုးရလက်ထက်က တည် ဆောက်ရန် တင်ပြခဲ့သော အ ဆောက်အအုံများကို အစိုးရသစ် လက်ထက်၌ ပြန်လည်စစ်ဆေးမှုများ ပြုလုပ်ရန် ရပ်ဆိုင်းထား သည်။

ရန်ကုန်တိုင်း ၀န်ကြီးချုပ် ကိုယ်တိုင်ဖွဲ့စည်းပေးခဲ့သည့် ရန် ကုန်မြို့တော်အင်္ဂါရပ်နှင့်အညီ အဆောက်အအုံများ စစ်ဆေးရေး ကော်မတီက ယင်းအဆောက်အအုံများကို ပြန်လည်စစ်ဆေးလျက် ရှိသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service