သဘာဝဘေးကြောင့် နေအိမ်များ ဆုံးရှုံးခဲ့သည့် ဟားခါးမြို့က အိမ်ထောင်စု ၇၈ စုကို မြေနေရာ ပြန်လည် ချထားပေးမည် - Property News in Myanmar from iMyanmarHouse.com
1057 Views

သဘာဝဘေးကြောင့် နေအိမ်များ ဆုံးရှုံးခဲ့သည့် ဟားခါးမြို့က အိမ်ထောင်စု ၇၈ စုကို မြေနေရာ ပြန်လည် ချထားပေးမည်

ချင်းပြည်နယ်၊ ဟားခါးတွင် ပြီးခဲ့သည့်နှစ်သဘာဝ ဘေးကြောင့် ပြန်လည်နေရာချထား
ပေးရန်ကျန်ရှိသည့် အိမ်ထောင်စု ၇၈ စုကို မြေနေရာပြန်လည်ချထား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါနေအိမ်များ ကို ပြန်လည် ချထားပေးရန်အတွက် မြေနေရာ ရွေးချယ်ထားပြီးဖြစ်ကြောင်း ချင်း ပြည်နယ်အစိုးရအဖွဲ့ ဟားခါးမြို့ပြဖွံ့ဖြိုးရေးကော်မတီဥက္ကဋ္ဌ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုဝန် ကြီးဌာနဝန်ကြီး ဦးဆလိုင်းအိုက် ဇက်ခင်က သြဂုတ် ၇ ရက်က ဒီမိုကရေစီတူဒေးသတင်းစာသို့ ပြောသည်။

ဦးဆလိုင်းအိုက်ဇက်ခင်က ''ပြီးခဲ့သည့် ၂ဝ၁၅ခုနှစ်ဆိုင်ကလုန်း ကိုမန်ကြောင့် ထိခိုက်ဆုံးရှုံးမှုကြုံတွေ့ ခဲ့ရသူများအနက် ရွှေ့ပြောင်းနေရာချထားပေးရန် ကျန်ရှိနေသေး ကြောင်းတင်ပြချက်များအရ စနစ်တကျ အဆင့် ဆင့် စိစစ်မှုများပြုလုပ်ခဲ့တဲ့နောက် အိမ်ထောင်စု ၇၈ စုက အမှန်တကယ် ဘေးသင့်ရောက်ခဲ့သူများဖြစ်တယ်။ သူတို့ကိုနေရာချထားခြင်း မပြုရသေးကြောင်း စိစစ်တွေ့ရှိရသဖြင့် ယခုလအတွင်း အပြီးသတ် နေရာ ချထားမှုဆောင်ရွက်သွားမှာဖြစ်ပါတယ်''ဟု ပြောသည်။

၂ဝ၁၅ခုနှစ် ဇူလိုင်၊ သြဂုတ်လများတွင် မိုးသည်းထန်စွာရွာသွန်း ခြင်းကြောင့်နှင့် ဟားခါးမြို့ပေါ်တွင် မြေပြိုမှုဖြစ်ပွားခဲ့ခြင်းတို့ကြောင့် နေအိမ်ခုနစ်ရာကျော်ကိုရပ်ကွက်အသစ်တွင် ပြောင်းလဲချထားခဲ့ပြီး ဖြစ်ကြောင်းသိရသည်။

ဦးဆလိုင်းအိုက်ဇက်ခင်က ''အခုကျန်ရှိနေတဲ့နေအိမ်တွေကို ပြန်လည်ချထားပေးတဲ့အခါမှသူတို့ကသူတို့ဘာသာဆောက်ရမှာပါ။ နေရာကိုပဲပေးသွားမှာပါ။ နေရာကိုလည်း မဲဖောက်ပြီးပေးသွားမှာပါ''ဟုဆက် လက်ပြောသည်။

ချင်းပြည်နယ်တွင် ယခုနှစ် ဇူလိုင်လအတွင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့်မြေပြို ခြင်း၊ နေအိမ်များရေတွင်မျောသွား ခြင်းများ၊ လမ်းတံတားများပျက်စီး ခြင်း၊ လယ်ယာမြေများပျက်စီးခြင်း အပါအဝင် သဘာဝဘေးဆိုးရွားစွာ ခံစားခဲ့ရခြင်းတို့ကြောင့် ဇူလိုင်လ ၃၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ရုံးကသဘာဝဘေးအန္တရာယ်ကျ ရောက်ရာ ဒေသအဖြစ်
သတ်မှတ်ခဲ့ ကြောင်းသိရသည်။

Credit: Yangon Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service