နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာ စက်မှုဇုန်သစ်တွေပါဝင် - Property News in Myanmar from iMyanmarHouse.com
905 Views

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာ စက်မှုဇုန်သစ်တွေပါဝင်

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု(FDI)ကဏ္ဍမှာစက်မှုဇုန်အသစ်တွေတိုးချဲ့ထူထောင်တာပါဝင်တယ်လို့မြန်မာနိုင်ငံရင်းနှီးမြှုပ်မှုကော်မရှင်ကညွန့်ကြားရေးမှူးချုပ်ဦးအောင်နိုင်ဦးကပြောပါ
တယ် ။

စက်မှုဇုန်အသစ်တွေကိုကိုယ်ယူကိုယ်ထူထောင်တာမျိုး
မဟုတ်ဘဲနိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေနဲ့စနစ်တကျထူထောင်မှာဖြစ်ပါတယ် ။စက်မှုဇုန်တွေမှာလိုအပ်တဲ့ဝန်ဆောင်မှုတွေဖြစ်တဲ့ရေဆိုးစွန့်ပစ်စနစ် ၊
အမှိုက်စွန့်ပစ်စနစ်စတာတွေအပြင် ပတ်ဝန်းကျင်ထိခိုက်တာတွေကိုထိန်းသိမ်းနိုင်မယ့်စက်မှုဇုန်
ကြီးတွေကိုအရေအတွက်များများအားပေးဖိတ်ခေါ်
မှာဖြစ်ပါတယ် ။

စက်မှုဇုန်တွေကိုရန်ကုန်တိုင်းတစ်ခုတည်းမှာတည်ထောင်မှာမဟုတ်ဘဲသက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာစက်မှုဇုန်သစ်တွေကို
တည်ထောင်မှာဖြစ်တယ် ။သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရကဘယ်နေရာတွေကို
လုပ်စေချင်တယ် ၊စက်မှုဇုန်လုပ်နိုင်တဲ့မြေပမာဏဘယ်လောက်အထိရှာပေးနိုင်မလဲ ၊သည်အချက်တွေအပေါ်မူတည်ပြီးတော့ စက်မှုဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်တို့ပူးပေါင်းပြီးဆောင်ရွက်မှာဖြစ်ပါတယ် ။

ညွှန်ကြားရေးမှူးချုပ်ဦးအောင်နိုင်ဦးက ‘နိုင်ငံသားတွေအလုပ်အကိုင်ရရှိဖို့ကုန်ထုတ်လုပ်ငန်းတွေဦးစားပေးဆောင်ရွက်မယ် ၊သက်ဆိုင်ရာတိုင်းဒေသကြီး ၊ပြည်နယ်တွေမှာဇုန်သစ်တွေရင်းနှီးမြှုပ်ဖို့နိုင်ငံခြား
ရင်းနှီးမြှုပ်နှံတာတွေဖိတ်ခေါ်မယ် ‘လို့ပြောပါတယ် ။

ဒါ့အပြင်အလုပ်အကိုင်ရရှိဖို့စက်မှုဇုန်တွေမှာ အသက်မွေးဝမ်းကျောင်းဆိုင်ရာပညာရပ်တွေပါ သင်ကြားပေးမှာဖြစ်ပါတယ် ။

စက်မှုဇုန်တွေမှာ (Technical Training Education Center )သက်မွေးဝမ်းကျောင်းဆိုင်ရာပညာရပ်တွေကျွမ်းကျင်နိုင်ဖို
့ထပ်ဆင့်စီမံကိန်းတွေ ဆောင်ရွက်မှာဖြစ်ပါတယ် ။

စက်မှုဇုန်တွေမှာကျွမ်းကျင်မှုရှိတဲ့လုပ်သားတွေအဓိကလိုအပ်ပါတယ် ။စက်မှုဇုန်တွေတည်ထောင်ပြီးကုန်ထုတ်လုပ်ငန်းတွေလုပ်ပေမဲ့ ကိုယ့်နိုင်ငံသားတွေလုပ်ငန်းမကျွမ်းကျင်ရင်တိုင်းပြည်အတွက်အကျိုးမရှိနိုင်တာကြောင့်နိုင်ငံသားတွေအတွက်သက်မွေး
ဝမ်းကျောင်းဆိုင်ရာပညာရပ်တွေကျွမ်းကျင်ဖို့ဆောင်ရွက်ပေးတာဖြစ်တယ်လို့ ဦးအောင်နိုင်ဦးကရှင်းပြပါတယ် ။

စက်မှုဇုန်သစ်တွေကိုမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ၊သက်ဆိုင်ရာတိုင်းဒေသကြီး ၊ပြည်နယ်တွေနဲ့စက်မှုဝန်ကြီးဌာနတို့ကတာဝန်ခံပြီး
ဥပဒေတွေပြဌာန်းပြီးဆောင်ရွက်မှာဖြစ်ပါတယ် ။

လက်ရှိအစိုးရလက်ထက်မှာလှိုင်သာယာစက်မှုဇုန်ကိုသီလဝါအထူးစီးပွားရေးဇုန်လိုအဆင့်မြှင့်တင်ဖို့အစီအစဉ်တွေရှိတယ်လို့သိရပါတယ် ။

လှိုင်သာယာစက်မှုဇုန်ကပြည်တွင်းကစက်မှုဇုန်တွေထဲမှာအအောင်မြင်ဆုံးစက်မှုဇုန်တစ်ခုဖြစ်ပေမဲ့အခြေခံအဆောက်အအုံမလုံလောက်တာ ၊လျှပ်စစ်မီး ၊ရေ ၊အမှိုက်စွန့်ပစ်စနစ် ၊ရေဆိုးစွန့်ပစ်စနစ်တွေအားနည်းနေပြီး ကျူးကျော်ပြသနာတွေရှိနေပါတယ် ။

လှိုင်သာယာစက်မှုဇုန်မှာပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေအများဆုံးလုပ်ကိုင်နေကြတာဖြစ်ပါတယ် ။

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service