FMI ရှယ်ယာတစ်စု ကျပ် ၁၉၀၀၀ နှင့် သီလ၀ါ ရှယ်ယာတစ်စု ကျပ် ၄၆၀၀၀ အထိ အနိမ့်ဆုံးထိုးဆင်းခဲ့ပြီး ဇူလိုင်လအတွင်း ကုမ္ပဏီနှစ်ခုပေါင်းမှ ကျပ် သုံးဘီလျံကျော်သာ ရောင်းချခဲ့ရ - Property News in Myanmar from iMyanmarHouse.com
562 Views

FMI ရှယ်ယာတစ်စု ကျပ် ၁၉၀၀၀ နှင့် သီလ၀ါ ရှယ်ယာတစ်စု ကျပ် ၄၆၀၀၀ အထိ အနိမ့်ဆုံးထိုးဆင်းခဲ့ပြီး ဇူလိုင်လအတွင်း ကုမ္ပဏီနှစ်ခုပေါင်းမှ ကျပ် သုံးဘီလျံကျော်သာ ရောင်းချခဲ့ရ

ရန်ကုန်စတော့အိတ်ချိန်း စတင်ဖွင့်လှစ်သည့် ၂၀၁၆ ခုနှစ် မတ် ၂၅ ရက်မှစတင်၍ ဇွန် ၃၀ ရက်အထိ ရှယ်ယာ အရောင်းအ၀ယ်ဖြစ်မှု တန်ဖိုးပေါင်းမှာ FMI ရှယ်ယာ အရောင်းအ၀ယ်ဖြစ်ပေါ်မှု ၃၈ ဘီလျံကျော်နှင့် သီလ၀ါ ရှယ်ယာ အရောင်းအ၀ယ်ဖြစ်ပေါ်မှု ၁၃ ဘီလျံကျော်ဖြင့် ကျပ် ၅၁ ဘီလျံကျော်အထိ အရောင်းအ၀ယ် ဖြစ်ပေါ်ခဲ့ပြီး ဇွန်လအတွင်း ခြောက်ဘီလျံကျော်သာ အရောင်းအ၀ယ်ဖြစ်ပေါ်ကာ ဇူလိုင်လတွင် ကျပ် ၃ ဒသမ ၇ ဘီလျံ ကျော်သာ အရောင်းအ၀ယ် ဖြစ်ခဲ့သဖြင့် အနည်းဆုံး အရောင်းအ၀ယ် ဖြစ်ပေါ်မှု ဖြစ်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ သြဂုတ် ၁ ရက်တွင်ထုတ်ပြန်သည့် လစဉ် အရောင်းအ၀ယ် ဖြစ်ပေါ်မှုဆိုင်ရာ အချက်အလက်များအရ သိရသည်။

င်္FMI ကုမ္ပဏီ၏ အရောင်းအ၀ယ်ဖြစ်ပေါ်သည့် အခြေအနေများမှာ မတ်လတွင် အနိမ့်ဆုံး ကျပ် ၃၁၀၀၀ မှ အမြင့်ဆုံး ကျပ် ၄၁၀၀၀ အကြားတွင် အစုရှယ်ယာ အရောင်းအ၀ယ် ဖြစ်ပေါ်မှုပေါင်း ၆၆၉၉၃၉ အထိရှိခဲ့သည်။ ဧပြီလတွင်မူ အနိမ့်ဆုံး ကျပ် ၃၀၀၀၀ နှင့် အမြင့်ဆုံး ကျပ် ၃၇၀၀၀ အကြားတွင် အစုရှယ်ယာပေါင်း ၁၈၂၇၅၇ စုသာ အရောင်းအ၀ယ် ဖြစ်ပေါ်ခဲ့သဖြင့် ထိုသို့ အစုရှယ်ယာ အရောင်းအ၀ယ် ဖြစ်ပေါ်မှု ကျဆင်းခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

မေ ၂၀ ရက်တွင် စတင်ရောင်းချသည့် သီလ၀ါ MTSH ရှယ်ယာများအနေဖြင့် ရှယ်ယာတစ်စုလျင် ကျပ် ၅၀၀၀၀ ဖြင့်သာ ဈေးဖွင့်ခဲ့သော်လည်း ကျပ် ၇၀၀၀၀ အထိ ဈေးနှုန်းမြင့်တက်မှုဖြစ်ပေါ်ခဲ့သည်။ အဆိုပါ နှုန်းထားများသည်ပင် သီလ၀ါရှယ်ယာ၏ အမြင့်ဆုံးနှင့် အနိမ့်ဆုံး ဈေးနှုန်းများဖြစ်ခဲ့ ပြီး အစုရှယ်ယာ အရောင်းအ၀ယ် ဖြစ်ပေါ်မှုပေါင်း ၁၇၃၉၂၅ စု ဖြစ်ပေါ်ကာ ကျပ် ၁၀ ဘီလျံကျော်ဖိုးအထိ အရောင်းအ၀ယ်ဖြစ်ပေါ်ခဲ့သည်။ သီလ၀ါရှယ်ယာများသည်လည်း ရှယ်ယာတစ်စုလျင် ကျပ် ၅၂၀၀၀ အထိ ကျဆင်းခဲ့ပြီး အရောင်းအ၀ယ် ဖြစ်ပေါ်မှု ၇၄၀၄၂ စုသာရှိကာ ၃ ဒသမ ၉ ဘီလျံကျော်ဖိုးသာ အရောင်းအ၀ယ် ဖြစ်ပေါ်ခဲ့သည်။

ဇွန်လတွင် FMI ရှယ်ယာအဖွင့်ဈေးမှာ ၂၅၅၀၀ ကျပ်ရှိခဲ့ပြီး အမြင့်ဆုံးကျပ် ၂၇၀၀၀ ဖြစ်ခဲ့ကာ အနိမ့်ဆုံးမှာ ရှယ်ယာတစ်စုလျင် ကျပ် ၂၀၀၀၀ ဖြစ်ခဲ့ပြီး အစုရှယ်ယာ အရေအတွက် ၁၁၈၅၅၀ ဖြင့် ၂ ဒသမ ၉ ဘီလျံကျော်ဖိုး အရောင်းအ၀ယ် ဖြစ်ပေါ်ခဲ့ပြီး သီလ၀ါရှယ်ယာမှာ အဖွင့်ဈေး ၅၆၀၀၀ ကျပ်ရှိခဲ့ပြီး အမြင့်ဆုံးကျပ် ၅၉၀၀၀ ဖြစ်ခဲ့ကာ အနိမ့်ဆုံးမှာ ရှယ်ယာတစ်စုလျင် ကျပ် ၄၇၀၀၀ ဖြစ်ခဲ့ကာ အစုရှယ်ယာ အရေအတွက် ၇၄၀၄၂ ဖြင့် ၃ ဒသမ ၉ ဘီလျံကျော်ဖိုး အရောင်းအ၀ယ်ဖြစ်ပေါ်ခဲ့သည်။

ဇူလိုင်လတွင် FMI ရှယ်ယာအဖွင့်ဈေးမှာ ၂၂၀၀၀ ကျပ်ရှိခဲ့ပြီး အမြင့်ဆုံးကျပ် ၂၂၀၀၀ သာဖြစ်ခဲ့ကာ အနိမ့်ဆုံးမှာ ရှယ်ယာတစ်စုလျင် ကျပ် ၁၉၀၀၀ အထိကျဆင်းခဲ့ပြီး အစုရှယ်ယာအရေအတွက် ၆၉၆၆၃ ဖြင့် ၁ ဒသမ ၄ ဘီလျံကျော်ဖိုး အရောင်းအ၀ယ် ဖြစ်ပေါ်ခဲ့ပြီး သီလ၀ါရှယ်ယာမှာ အဖွင့်ဈေး ကျပ် ၅၀၀၀၀ ရှိခဲ့ပြီး အမြင့်ဆုံး ကျပ် ၅၁၀၀၀ သာဖြစ်ခဲ့ကာ အနိမ့်ဆုံးမှာ ရှယ်ယာတစ်စုလျင် ကျပ် ၄၆၀၀၀ ဖြစ်ခဲ့သဖြင့် အစုရှယ်ယာ အရေအတွက် ၄၆၃၈၅ ဖြင့် ၂ ဒသမ ၃ ဘီလျံကျော်ဖိုးသာ အရောင်းအ၀ယ် ဖြစ်ပေါ်ခဲ့သည်။

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service