ဆောက်လုပ်ရေးဈေးကွက် ဆက်စပ်လုပ်ငန်းတွေ ထိခိုက်နိုင်ခြေရှိလာ - Property News in Myanmar from iMyanmarHouse.com
2039 Views

ဆောက်လုပ်ရေးဈေးကွက် ဆက်စပ်လုပ်ငန်းတွေ ထိခိုက်နိုင်ခြေရှိလာ

ဆောက်လုပ်ရေးဈေးကွက် တုန့်ဆိုင်းလာခြင်းက မြန်မာနိုင်ငံရဲ့ တခြားဆက်စပ်စီးပွားရေးဈေးကွက်တွေကိုပါ ထိခိုက်လာနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တချို့ဆီက သိရပါတယ်။

ဆောက်လုပ်ရေးဈေးကွက်နဲ့ တိုက်ရိုက်ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေကတော့ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး၊ ဆောက်လုပ်ရေးသုံး စက်ယန္တရားများ၊ ဒီဇိုင်းလုပ်ငန်း(drawing)၊ piple လုပ်ငန်း၊ ADကွန်ကရစ်လုပ်ငန်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၊ အင်ဂျင်နီယာဈေးကွက်၊ တူးဖော်ရေးလုပ်ငန်း၊ အလုပ်သမားဈေးကွက်၊ တည်ဆောက်ပြုပြင်ရေးလုပ်ငန်း(Structure)၊ အစိုးရ (BOT) အငှားဈေးကွက်နဲ့ နောက်ပိုင်း ဘဏ်လုပ်ငန်းတွေမှာပါ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။

လက်ရှိဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကတော့ အလုပ်သမား ဆက်လက်ထိန်းသိမ်းရတဲ့ အခြေအနေ၊ ခေါက်ပြန်ပေးဆောက်လုပ်ရေးလုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းဈေးကွက်၊ ကဏ္ဍအလိုက်တည်ဆောက်ရေးလုပ်ငန်းတွေကို အချိန်နဲ့ဒီဇိုင်း ပြောင်းလဲရတဲ့ ပြဿနာနဲ့ မူလအခန်းဝယ်ယူထားသူတွေအပေါ် ယုံကြည်ချက်တည်ဆောက်နိုင်မှု စတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

‘အရင်က သတ်မှတ်ထားတဲ့ အထပ်တိုင်း မရနိုင်တဲ့ ကိစ္စက ငွေကြေးဆုံးရှုံးရတာထက် ကိုယ့်လုပ်ငန်းနဲ့ ဆက်နွှယ်တဲ့ ပတ်သက်သူတွေအပေါ် ယုံကြည်ချက် ပျောက်ဆုံးစေတာက ပိုဆိုးတယ်၊ ကိုယ့်အပေါ် ယုံကြည်လို့ ဝယ်ယူတဲ့ မိတ်ဆွေတွေ၊ ဆောက်လုပ်ရေး ကုန်ကြမ်းဆိုင်ကြီးတွေ၊ အလုပ်သမားတွေ ဒါတွေကို ရေရှည်မှာ ဆက်ဆံနိုင်ဖို့ ခက်ခဲသွားစေတယ်’ လို့ MKT ဆောက်လုပ်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးမျိုးမြင့်က ရှင်းပြပါတယ်။

ဒါ့အပြင် သည်လိုလုပ်ငန်းတွေ ရပ်ဆိုင်းသွားတာနဲ့အတူ ဆောက်လုပ်ရေးသမားတိုင်းလိုလို အသုံးပြုနေတဲ့ ဘဏ်က ချေးယူထားတဲ့ငွေ ပြန်လည်ပေးဆပ်ရမှုတွေမှာလည်း ဆောက်လုပ်ရေးကုမ္ပဏီတွေအနေနဲ့ ဒေဝါလီခံရမယ့် အခြေအနေတွေ ဆက်လက်ဖြစ်ပေါ်လာရင် ပြည်တွင်းဘဏ်လုပ်ငန်းတွေမှာပါ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ဆောက်လုပ်ရေးကုန်ကြမ်းဈေးကွက်အတွင်းမှာတော့ လုပ်ငန်းကြီး လုပ်ကိုင်တဲ့သူတိုင်းက ငွေပေးချေမှုကို ခေါက်ပြန်ပေးနဲ့ လည်ပတ်ကြတာဖြစ်လို့ သည်လိုကြားကာလတွေမှာ ငွေကြေးမလှည့်နိုင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်နေပါတယ်။

တန်းတူအခွင့်အရေး လိုချင်ကြ

လက်ရှိအထပ်မြင့်နဲ့ ပတ်သက်ပြီး အထပ်ကန့်သတ်လိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းအများစုက လက်ရှိအစိုးရနဲ့ အကျိုးတူဆောက်လုပ်နေတဲ့ BOT နဲ့ ဖက်စပ်လုပ်ငန်းတွေရဲ့ ဆောက်လုပ်မှုစစ်ဆေးတဲ့ အခြေအနေတွေကိုလည်း စိတ်ဝင်စားနေကြပါတယ်။သည်လို အစိုးရနဲ့ ဖက်စပ်ဆောက်လုပ်တဲ့ အခြေအနေတွေကိုလည်း စိတ်ဝင်စားနေကြပါတယ်။သည်လိုအစိုးရနဲ့ ဖက်စပ်ဆောက်လုပ်တဲ့ လုပ်ငန်းတွေရဲ့ ဆောက်လုပ်မှုတွေက စစ်ဆေးတဲ့ အကြောင်းကြားမိတာတွေ ရှိပေမဲ့ အဲသည်အဆင့်မြင့်အိမ်ရာတွေကို ဘယ်လိုပုံစံတွေနဲ့ စစ်ဆေးနေလဲဆိုတာ အတိအကျမသိဘူးလို့လည်း ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက ထောက်ပြကြပါတယ်။

‘အစိုးရအိမ်ရာတွေ အကောင်အထည်ဖော်နေတဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပြန်ပြီးပြင်ဆင်ရမယ်၊ အထပ်လျှော့ရမယ်လို့ မကြားမိဘူး၊ အဲဒီအဆောက်အအုံတွေကို ဘယ်လိုပုံစံနဲ့ စစ်ဆေးတယ်ဆိုတာ အတိအကျ မသိရဘူး’ လို့ ဦးမျိုးမြင့်ကပဲ ပြောပါတယ်။

အစိုးရဝန်ကြီးဌာနတွေက ပြန်လည်အဆင့်မြင့်တင် ဆောက်လုပ်နေတဲ့ လုပ်ငန်းတွေကတော့ လုပ်ငန်းအနေနဲ့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးလုပ်ငန်းတွေမှာ လုပ်ငန်းပေါင်း ၃၀ကျော်လောက် ဆောက်လုပ်အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။

လုပ်ရှိ နှစ်လကျော်ရပ်ဆိုင်းခံထားရတဲ့ အဆောက်အအုံနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ခွင့်ပြုမိန့်ကျပြီး အထပ်မြင့်အဆောက်အအုံ ၁၂လုံးအပေါ် အထပ်လျှော့ချလိုက်တာတွေရဲ့ ထိခိုက်နစ်နာမှုမှာ အမေရိကန်ဒေါ်လာ သန်း ၃၄၀လောက်အထိ ရှိတယ်လို့လည်း သိရပါတယ်။

အလုပ်သမားဈေးကွက်

အလုပ်သမားဈေးကွက်အခြေအနေကတော့ လုပ်ငန်းမလည်ပတ်တဲ့ နေရာက အလုပ်သမားတွေကို တခြားဆိုက်တွေမှာ ရွှေ့ပြောင်းလုပ်ခိုင်းတာတွေရှိပေမဲ့ ဆောက်လုပ်ရေးကန်ထရိုက်လုပ်ငန်းကြီးတစ်ခုမှာ အလုပ်သမား ရာနဲ့ချီ အလုပ်လုပ်ကြတာဖြစ်လို့ ရေရှည်ရပ်တည်ဖို့ အခက်တွေ့နေရပါတယ်။အလုပ်သမားဈေးကွက်ကလည်း ကျွမ်းကျင်အလုပ်သမားကို ကျပ် ၂၀,၀၀၀ ဝန်းကျင်လောက်အထိ ပေးရတာဖြစ်ပြီး အသင်အလုပ်သမားကို တစ်နေ့ ကျပ် ၇၀၀၀ ဝန်းကျင်လောက်အထိ ရှိနေပါတယ်။

အလုပ်သမားအများစုကို ဆောက်လုပ်ရေးလုပ်ငန်းတွေကို လုပ်ငန်းရှိချိန်နဲ့ မရှိချိန် အလုပ်သမားမပျောက်သွားဖို့ ထိန်းသိမ်းရတာတွေရှိလို့ သည်လိုဈေးကွက်တွေ ပျက်သွားရင် ဆောက်လုပ်ရေးအလုပ်သမား ၄၀,၀၀၀ ဝန်းကျင်လောက် တိုက်ရိုက်ထိခိုက်နိုင်တယ်လို့ သိရပါတယ်။

‘labour တွေကို တတ်နိုင်သလောက်တော့ ခွဲပြီး ထည့်ထားကြတယ်၊ တချို့ကျတော့လဲ လုပ်ငန်းနားထားတဲ့ နေရာမှာ တခြားအတွင်းပိုင်းတွေကို ပြင်ဆင်ခိုင်းတာတွေ လုပ်ကြတယ်၊ ဘယ်လုပ်ငန်းမဆို အလုပ်မရှိဘဲ ရေရှည်ပိုက်ဆံမပေးနိုင်ဘူး’ လို့ Globle Resort Group ရဲ့ ဒါရိုက်တာ ဦးကျော်မြင့်ဦး ကပြောပါတယ်။

လက်ရှိစစ်ဆေးမှု အခြေအနေ

လက်ရှိမှာ တည်ဆောက်ခွင့်ပြုထားတဲ့ အထပ်မြင့်အဆောက်အအုံ ၅၁လုံးထဲက ၂၇လုံးကို စစ်ဆေးပြီးဖြစ်ပါတယ်။ပြီးခဲ့တဲ့ အစိုးရလက်ထက်က တည်ဆောက်ဖို့ မူအားဖြင့် ခွင့်ပြုပေးထားတဲ့ အထပ်မြင့်အဆောက်အအုံတွေထဲက ၅၁လုံးကို အစိုးရသစ်လက်ထက်မှာ ပြန်လည်စစ်ဆေးဖို့ အမိန့်ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ သည်စစ်ဆေးခံရတဲ့ အထပ်မြင့်အဆောက်အအုံတွေထဲက စာရွက်စာတမ်းအချက်အလက်တွေ(open paper) စစ်ဆေးပြီး မြို့ပြအင်္ဂါရပ်နဲ့ ကိုက်ညီတဲ့ အထပ်မြင့် ၁၂လုံးကိုတော့ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။

နှစ်လနီးပါး အဆောက်အအုံဆောက်လုပ်ခွင့် ရပ်နားစစ်ဆေးပြီးနောက် မြေပြင်ကွင်းဆင်း စစ်ဆေးခံရတဲ့ အထပ်မြင့် ၁၂လုံးကို အထပ်လျှော့တာနဲ့ တည်ဆောက်ခွင့် ပြန်တင်ဖို့ ဆောင်ရွက်ခဲ့ပြီး ၅၁လုံးကိုတော့ ပြန်လည် တည်ဆောက်ခွင့် ပြုလိုက်ပါတယ်။

သည်လို အထပ်မြင့် စစ်ဆေးတာတွေကို အဆောက်အအုံတွေ စစ်ဆေးဖို့ ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကြေညာချက်အရ အဆောက်အအုံ တည်ဆောက်ဖို့ စည်ပင်သာယာက ခွင့်ပြုမိန့် (ပါမစ်ကြီး) ရပြီးတဲ့ အဆောက်အအုံ ၆၄လုံးနဲ့ မူအားဖြင့် ခွင့်ပြုပေးထားတဲ့ အထပ်မြင့် အဆောက်အအုံ ၁၈၅ လုံးကို တည်ဆောက်ခွင့်ပေးဖို့ ပြန်လည်စိစစ်မှာ ဖြစ်ပါတယ်။

သည်လို အထပ်မြင့် လျှော့ချတာနဲ့ ပတ်သက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဘက်က သူတို့ရဲ့ သဘောထားကို ဆက်လက်တင်ပြသွားဖို့ရှိပြီး ယခင်ဆောက်လုပ်ခွင့် ရရှိခဲ့တဲ့ ပုံစံအတိုင်း ဆက်လက်ဆောက်လုပ်ခွင့်ရဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။

Credit: Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service