ဝယ်သူပျောက်လို့ ပုဂ္ဂလိကအိမ်ရာတွေလည်း အကျိုးဆောင်နဲ့ချိတ်ဆက် - Property News in Myanmar from iMyanmarHouse.com
1562 Views

ဝယ်သူပျောက်လို့ ပုဂ္ဂလိကအိမ်ရာတွေလည်း အကျိုးဆောင်နဲ့ချိတ်ဆက်

အဆင့်မြင့်ကွန်ဒိုတိုက်ခန်း အရောင်းအဝယ်ဈေးကွက် အေးနေတာကြောင့် ဆောက်
လုပ်ရေးလုပ်ငန်းရှင်တချို့က အကျိုးဆောင်တွေနဲ့ ချိတ်ဆက်ပြီး ဈေးကွက်ရှာနေကြတာတွေ ရှိတယ်လို့ သိရပါတယ်။

‘နာမည်ကြီး ဆောက်လုပ်ရေးတွေ၊ အိမ်ရာတွေကလဲ ချိတ်ဆက်လာတာတွေရှိတယ်၊ သူတို့က ဈေးကွက်မှာ သူသိလာအောင် ကြော်ငြာထားကြပေမဲ့လဲ ဝယ်သူရှာဖို့ကို ပူးပေါင်းကြတာမျိုးပေါ့၊ အကျိုးအမြတ်ကို ရာခိုင်နှုန်းအလိုက် ပေးတာမျိုးတွေနဲ့ ချိတ်ဆက်လာကြတာ’ လို့ ကျောက်တံတားမြို့နယ်ရှိ အကျိုးဆောင် ဦးအောင်ကျော်က ပြောပါတယ်။

တချို့ပုဂ္ဂလိကအိမ်ရာစီမံကိန်းတွေကတော့ ဆောက်လုပ်ရေး လုပ်ငန်းရှင်အချင်းချင်း ပူးပေါင်းရောင်းချတဲ့ အိမ်ခြံမြေအရောင်းပြပွဲတွေမှာသာ ပရိုမိုးရှင်းတွေပေးပြီး ရောင်းချတာများတယ်။

အကျိုးဆောင်နဲ့ ပူးပေါင်းရောင်းချတဲ့အခါ ပေးချေရတဲ့ အကျိုးအမြတ် ရာခိုင်နှုန်းက သာမန်အတိုင်း နှစ်ရာခိုင်နှုန်းဖြစ်တယ်လို့ သိရပါတယ်။

ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က ‘ အရင်က အကျိုးတူ ရောင်းတယ်ဆိုတာမျိုးက တော်တော်နည်းတယ်၊ ကုမ္ပဏီကြီးက ကိုယ်ပိုင်မာကတ်တင်းနဲ့ထားကြတာ၊ အခုက ဝယ်သူပျောက်နေတာကြောင့် အခုလိုတွေချိတ်ဆက်လုပ်လာကြတာ ‘ လို့ ပြောပါတယ်။

ပြည်တွင်းပြည်ပဆောက်လုပ်ရေးလုပ်ငန်းအများစုက ၂၀၁၅ ခုနှစ်အထိ ဈေးကွက်ကိုယ်ပိုင်ဝန်ထမ်းတွေနဲ့ ဈေးကွက်ကို ရှာဖွေခဲ့ကြတယ်။ဝန်ထမ်းကိုလည်း ကော်မရှင်ကြေးနဲ့
ပေးချေကြတာများတယ်။ဝယ်သူပျောက်နေတဲ့ ဈေးကွက်အခြေအနေမှာအခုလိုလုပ်ငန်းတူအချင်းချင်း ပူးပေါင်းတာ၊ အကျိုးဆောင်တွေနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်လာကြတာဖြစ်တယ်။

Credit: The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service