သတင်းစာရောင်းသမား၊ ဓာတ်ငွေ့ဆိုင်လုပ်သားဘ၀မှ ကမ္ဘာကျော် အိမ်ခြံမြေလုပ်ငန်းရှင်သူကြွယ်ကြီးဖြစ်လာသူ (အပိုင်း-၈) ကားလ်ဘာ့ခ်ျ-ခြုံ ကြားမှ ဘုံဖျားသို့တက်လှမ်းခဲ့ကြသည့် ကမ္ဘာကျော်ပုဂ္ဂိုလ်များ (အပိုင်း-၈) - Property News in Myanmar from iMyanmarHouse.com
1290 Views

သတင်းစာရောင်းသမား၊ ဓာတ်ငွေ့ဆိုင်လုပ်သားဘ၀မှ ကမ္ဘာကျော် အိမ်ခြံမြေလုပ်ငန်းရှင်သူကြွယ်ကြီးဖြစ်လာသူ (အပိုင်း-၈) ကားလ်ဘာ့ခ်ျ-ခြုံ ကြားမှ ဘုံဖျားသို့တက်လှမ်းခဲ့ကြသည့် ကမ္ဘာကျော်ပုဂ္ဂိုလ်များ (အပိုင်း-၈)

ကားလ်ဘာ့ခ်ျကို စီးပွားရေးလောကတွင် လူတိုင်းသိကြသည်။
သူသည် ကမ္ဘာပေါ်တွင် အကျော်ကြားဆုံး အိမ်ခြံမြေလုပ်ငန်းရှင်ကြီးဖြစ်ပြီး နာမည်ကျော် ဆီလီကွန်တောင်ကြားအိမ်ခြံမြေသူဌေးကြီးအဖြစ် လူသိများသည်။ မိုက္ကရိုဆော့ဖ် ကော်ပိုရေးရှင်းနှင့် Apple Inc. တို့ကို တည်ဆောက်ခဲ့သူအဖြစ် နာမည်ကျော်သည်။

အမေရိကန်စီးပွားရေးလုပ်ငန်းရှင် ကားလ်အက်ဒ်ဝင် ဘာ့ခ်ျသည် ဖော့ဘ်မဂ္ဂဇင်းကြီး၏ ၂၀၁၃ ခုနှစ် ၊ မတ်လစာရင်းများအရ ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံကြွယ်ဝသူ ဖြစ်ပြီး အမေရိက၏ အချမ်းသာဆုံးပုဂ္ဂိုလ်များစာရင်းတွင် ကြိမ်ဖန်များစွာ ဖော်ပြခြင်းခံခဲ့ရသူဖြစ်လေသည်။

အမေရိက၏ အချမ်းသာဆုံးသူကြွယ်များစာရင်းတွင်ပါဝင်သော အိမ်ခြံမြေလုပ်ငန်းရှင်ကြီး ကားလ်ဘာ့ခ်ျသည် တစ်ချိန်ကမူ သတင်းစာရောင်းခဲ့ရ၏။ ဓာတ်ငွေ့ဆိုင်တွင် အလုပ်သမားလုပ်ခဲ့ရ၏။ ညဘက်အများသူငါ အိပ်စက်အနားယူနေချိန်တွင် ဟိုတယ်တစ်ခုတွင် ညအလုပ်ဆက်လုပ်ခဲ့ရ၏။

တစ်ချိန်တွင် အမေရိကကိုသာမက ကမ္ဘာကိုပါ ကိုင်လှုပ်မည့် မိုက္ကရိုဆော့ဖ်နှင့် Google တို့ကဲ့သို့ ကုမ္ပဏီကြီးများကို တည်ဆောက်ပုံဖော်ပေးမည့် ကားလ်ဘာ့ခ်ျကို အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်တွင် နေထိုင်သော ဂျူးမိသားစုတစ်ခုတွင် မွေးဖွားခဲ့သည်။

ကလိုက်ဘာ့ခ်ျအမည်ရှိ မွေးချင်းအစ်ကိုတစ်ဦးဖြစ်ပြီး ကလိုက်ဘာ့ခ်ျမှာလည်း နောင်အခါတွင် အိမ်ခြံမြေ developer တစ်ဦး ဖြစ်လာခဲ့သည်။

ကားလ်ဘာ့ခ်ျ ၁၀ နှစ်သားအရွယ်တွင် ဖခင်ဖြစ်သူကွယ်လွန်သွားခဲ့ရာ ကျောင်းဆရာမတစ်ဦးဖြစ်သော မိခင်မုဆိုးမကြီးတစ်ဦးတည်း ဘာ့ခ်ျကို ပြုစုပျိုးထောင်ခဲ့ရသည်။

ကားလ်ဘာ့ခ်ျတို့ သားအမိများမှာ ဆင်းရဲလှသောကြောင့် မိုးလင်းသည်နှင့် သတင်းစာများသယ်ယူကာ နေအိမ်များ၏ အိမ်ရှေ့မြက်ခင်းပြင်ပေါ်များသို့ ပစ်ကာပို့ခဲ့ရသည့် သတင်းစာပို့သမားလုပ်ရ၏။ ဓာတ်ငွေ့ဆိုင်တွင် အလုပ်လုပ်ရ၏။ အချိုရည်ရောင်းသည့်ကားတွင်လည်း အလုပ်လုပ်ခဲ့ရ၏။

ကောလိပ်တက်ရောက်နိုင်ရန်အတွက် ပံ့ပိုးမည့်သူမရှိသောကြောင့် ဘာ့ခ်ျသည်နေ့ဘက်တွင် စက်ပြင်သမားလုပ်ရပြီး ညဘက်တွင် ဟိုတယ်တစ်ခု၌ စာရေးလုပ်ကိုင်ကာ ငွေရှာခဲ့ရလေသည်။

ဟိုတယ်အလုပ်တွင် ကားလ်ဘာ့ခ်ျဝင်ရောက်လုပ်ကိုင်ခဲ့ခြင်း၏ အဓိကရည်ရွယ်ချက်မှာ ငွေရရန်ထက် ဘဏ်လုပ်ငန်းတွင် အလုပ်သွင်းပေးနိုင်မည့်သူဌေးတစ်ဦးဦးနှင့် တွေ့ဆုံနိုင်ရန်
ဖြစ်လေသည်။

အောင်မြင်မှုပန်းတိုင်သို့ ချီတက်ရာတွင် အရေးအကြီးဆုံးမှာ အောင်မြင်လိုသည့် ပြင်းပြသော
စိတ်ပင်ဖြစ်ပြီး ထို့ထက်ပို၍ အရေးကြီးသည်မှာ မည်သို့လုပ်ကိုင်ရမည်၊ လျှောက်လှမ်းရမည်ကို သိခြင်းပင် ဖြစ်၏။

အောင်မြင်သူတိုင်းတွင် အဆိုပါအချက်ကို တွေ့ရရာ ကားလ်ဘာ့ခ်ျက ဟိုတယ်အလုပ်ရွေးချယ်ခြင်း၏ ရည်ရွယ်ချက်မှာလည်း ယင်းအချက်ကို မီးမောင်းထိုးပြသနေသည်။

သူဌေးတစ်ဦးနှင့် တွေ့ဆုံသိကျွမ်းခွင့်ရရန်ဟူသော ရည်ရွယ်ချက်သည် အောင်မြင်လိုသူတိုင်း အောင်မြင်မှုသို့ ပို့ဆောင်ပေးနိုင်မည့်သူများနှင့် ရင်းနှီးကျွမ်းဝင်အောင်လုပ်ရမည်ဟူသော ဥပဒေသနှင့်လည်း ကိုက်ညီနေသည်။
ကားလ်ဘာ့ခ်ျ၏ စိတ်ကူးအိပ်မက်မှာ အမှန်တကယ်အကောင်အထည်ပေါ်လာခဲ့၏။

၎င်းအလုပ်လုပ်သည့် ဟိုတယ်သို့ အမြဲလာရောက်လေ့ရှိသည့် အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးထံသို့ ချဉ်းကပ်ခွင့်ရခဲ့လေ
သည်။

အဆိုပါလုပ်ငန်းရှင်ကြီးသည် အမေရိကန်ပြည်ထောင်စုတွင် အကြီးမားဆုံးဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင်ကြီး ဖြစ်၏။
ယင်းသူဌေးကြီးက ဘာ့ခ်ျကို ဒေသတွင်းရှိ ဌာနခွဲတစ်ခုတွင် အလုပ်ပေးခဲ့လေသည်။

အဆိုပါလုပ်ငန်းတွင်ရရှိခဲ့သော အတွေ့အကြုံများသည် နောင်အခါတွင် နာမည်ကျော် ဆီလီကွန်တောင်ကြား ဆောက်လုပ်ရေးလုပ်ငန်းများလုပ်ရာတွင် များစွာအထောက်အကူပြုခဲ့လေသည်။
“ကျွန်တော်က ဘ၀စုံတယ်။ ကြုံသမျှကို အကုန်လေ့လာတယ်။ ကိုယ်လုပ်တဲ့အလုပ်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားတယ်”ဟု ကားလ်ဘာ့ခ်ျက ပြောကြားသည်။

ကယ်လီဖိုးနီးယားသို့ ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း ရောက်ရှိလာခဲ့သည်။
ဆန်ဂျို့စ်သည် အမေရိကတွင် ဖွံ့ဖြိုးမှုအမြန်ဆုံးဖြစ်လျက်ရှိသည်ကို သတင်းစာတစ်စောင်ထဲတွင် ဖတ်လိုက်ရ၏။
ဆန်နီဗေးလ်တွင်အိမ်ခြံမြေ၀ယ်ယူမှုဆိုင်ရာငွေချေးကုမ္ပဏီ
တစ်ခုတွင် ၀င်ရောက်အလုပ်လုပ်ရင်း ဂျွန်ဆိုဘရာတိုနှင့်တွေ့ခဲ့သည်။

ဆိုဘရာတိုသည် ဆန်တာကလာရာခရိုင်တွင် အထက်မြက်ဆုံးအိမ်ခြံမြေအကျိုးဆောင်တစ်ဦး ဖြစ်သည်။
ဆိုဘရာတိုနှင့် ကားလ်ဘာ့ခ်ျတို့သည် အိမ်ခြံမြေအင်ပါယာကြီးကို တည်ထောင်သူနှစ်ဦးဖြစ်လာလိမ့်မည်ဟု ထိုအချိန်က မည်သည့်လုပ်ဖော်ကိုင်ဖက်များကမျှ တွေးထင်မထားခဲ့ချေ။

“ဆိုဘရာတိုက အရောင်းသမား ၊ သူ့ကို ကိုအပြင်လူလို့ ခေါ်ကြတယ်။ ကားလ်ကတော့ ချေးငွေသမား၊ သူ့ကိုကျတော့ ကိုအတွင်းလူ လို့ ခေါ်ကြတယ်။ သူတို့ ၂ ယောက်က တစ်ယောက်နဲ့တစ်ယောက် အမြဲပြိုင်နေကြတဲ့သူတွေ”ဟု Orchard Commercial မှ ဥက္ကဌဖြစ်သူ ဂျိုးလူးဝစ်က ပြောကြားသည်။

နောက်ပိုင်းတွင် သူတို့ ၂ ဦးသည် အဆိုပါအလုပ်မှထွက်ကာ Midtown Realty အမည်ဖြင့် အိမ်ခြံမြေလုပ်ငန်းတစ်ခုကို အတူတည်ထောင်ခဲ့ကြသည်။

ယင်းလုပ်ငန်းတည်ထောင်ရာတွင် ဆိုဘရာတို၏မိခင်ဖြစ်သူ အန်းဆိုဘရာတို၏ အကူအညီလည်း ပါဝင်လေသည်။
အိမ်ခြံမြေလောကတွင်၂ ယောက်လက်တွဲလုပ်ကိုင်ခဲ့ကြ
သည့် ၎င်းတို့ ၂ ဦးသည် ယခုအခါတွင် အမေရိက၏ ထိပ်သီးများ ဖြစ်နေကြလေပြီ။

Google နှင့် IMB ကဲ့သို့နည်းပညာကုမ္ပဏီကြီးများအတွက် အဆောက်အအုံများစွာ ဆောက်လုပ်ပေးခဲ့သည်။
“ကားလ်နဲ့ ကျွန်တော်က အမှီအခိုအရမ်းကင်းတဲ့သူတွေ။ တစ်ယောက်နဲ့တစ်ယောက်လုပ်ပုံကိုင်ပုံချင်းလည်း လုံးဝခြားနားတယ်။ ဒါပေမယ့် နောက်ဆုံးရလဒ်ကတော့ အတူတူပဲ”ဟု ဆိုဘရာတိုက ပြောကြားသည်။

လူးဝစ်၏ ပြောကြားချက်အရ ကားလ်ဘာ့ခ်ျ၏ အောင်မြင်မှုလျှို့ဝှက်ချက်မှာ ရိုးရှင်းသည်ဟု ဆိုသည်။“ကားလ်ဘာ့ခ်ျက လယ်သမားတစ်ယောက်လို ရုပ်ဖျက်လာတဲ့ ငွေကြေးဆိုင်ရာဥာဏ်ကြီးရှင်တစ်ယောက်ပဲ။ ခင်ဗျားက တစ်လှမ်းလှမ်းပြီးချိန်မှာ သူက ၁၀ လှမ်းလောက်လှမ်းပြီးနေပြီ”ဟု လူးဝစ်က ဆိုသည်။
ဆိုဘရာတိုနှင့် ဘာ့ခ်ျတို့သည် နှစ်ပေါင်း ၂၀ နီးပါး ရင်းနှီးခင်မင်ခဲ့ကြသူများ ဖြစ်ကြသည်။

“အမ်ဒါကော်ပိုရေးရှင်းအတွက် စတုရန်းပေ ၂၀၀၀၀၀ လောက် ကျွန်တော်တို့ ပထမဆုံးဆောက်လုပ်ပေးခဲ့ကြတယ်”ဟု ဆိုဘရာတိုက ပြန်ပြောင်းပြောကြားသည်။
အိုင်ဘီအမ်ကော်ပိုရေးရှင်းမှ တည်ထောင်ခဲ့သော ဆန်နီဗေးလ်ကွန်ပြူတာထုတ်လုပ်ရေးကုမ္ပဏီကို ရည်ညွှန်းခြင်း ဖြစ်သည်။

“ဆီလီကွန်တောင်ကြားမှာ ဘာတွေဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့ မြင်နိုင်၊ သိနိုင်ခဲ့ပါတယ်။ ဒါဟာ ကွန်ပြူတာတွေရဲ့ အစပါပဲ”ဟု ကားလ်ဘာ့ခ်ျက ပြောကြားသည်။
သူတို့နှစ်ဦးလမ်းခွဲကြသောအခါတွင် ဆိုဘရာတိုက ဆောက်လုပ်ရေးလုပ်ငန်းဆက်လက်လုပ်
ကိုင်ပြီး ဘာ့ခ်ျက လုပ်ငန်းရှင်များကို ကူညီထောက်ပံ့သည့်အလုပ် ဆက်လက်လုပ်ကိုင်ခဲ့သည်။

ကုမ္ပဏီကို ၅၀ ရာခိုင်နှုန်းစီ ခွဲဝေရယူခဲ့ကြပြီးနောက် ယခုတိုင် မိတ်ဆွေကောင်းများအဖြစ်ရှိနေကြဆဲ ဖြစ်သည်။
၁၉၉၇ ခုနှစ်တွင် Mission West အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကို ၀ယ်ယူခဲ့ပြီး ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာတွင် Divco West ကုမ္ပဏီသို့ ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဖြင့် ပြန်လည်ရောင်းချခဲ့သည်။

၁၉၉၈ တွင် စတုရန်းပေ ၈ ဒသမ ၁ သန်းအကျယ်အ၀န်းရှိ မြေပေါ်တွင် နည်းပညာကုမ္ပဏီများအတွက် အဆောက်အအုံပေါင်း ၁၁၂ လုံး ဆောက်လုပ်ပေးခဲ့သည်။
ကားလ်ဘာ့ခ်ျ၏ အားသာချက်မှာ မည်သည့်အချိန်တွင်ဝယ်ရမည်၊ မည်သည့်အချိန်တွင် ရောင်းရမည်ကို ကောင်းစွာသိခြင်း
ပင် ဖြစ်သည်။

အမေရိကတွင် စီးပွားကျနေသည့် ၁၉၉၀ ပြည့်လွန်နှစ်များတွင် စတုရန်းပေ ၅၁၅၀၀၀ ကျယ်ဝန်းသည့်မြေနေရာကို ၀ယ်ယူထားခဲ့ပြီး အိမ်ခြံမြေဈေးကွက်အထွတ်အထိပ်သို့ရောက်ချိန် ၁၉၉၉ ခုနှစ်တွင်မိုက္ကရိုဆော့ဖ်သို့ ပြန်လည်ရောင်းထုတ်ခဲ့လေသည်။

အမေရိကတွင် အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းလျက်ရှိသည့် လက်ရှိစီးပွားကျကာလအတွင်း၌ပင် ကားလ်ဘာ့ခ်ျသည် အမေရိက၏ အချမ်းသာဆုံးပုဂ္ဂိုလ်များစာရင်းတွင် ပါဝင်နေဆဲဖြစ်သည်။

ဘာ့ခ်ျက အလုပ်အလွန်လောဘကြီးသူဖြစ်သည်။
နေ့စဉ်နေ့တိုင်း ညနေ ၆ နာရီသို့ရောက်လျှင် ဇနီးဖြစ်သူ မေရီအန်းက အိမ်ပြန်ချိန်ရောက်ပြီဖြစ်ကြောင်း ဖုန်းဆက်သတိပေးရသည်ဟု ဆိုသည်။

သူသည် ဟိတ်ဟန်ကြီးတတ်သူမဟုတ်ချေ။
သာမန်ရှပ်အင်္ကျီတစ်ထည်နှင့် ထသွားထလာဘောင်းဘီဝတ်နေရသည်ကိုသာ သဘောကျသူမျိုး ဖြစ်သည်။
နာမည်ကျော်တန်ဖိုးအကြီးဆုံးကားကို စီးရမှဟူသော စိတ်မျိုး သူ့တွင်လုံးဝမရှိ။သူစီးမည့်ယာဉ်သည် တစ်နေရာမှ တစ်နေရာသို့ ပို့ဆောင်ပေးနိုင်မှုကိုသာ အလေးထားသည်။

ဘာ့ခ်ျသည် ဆန်တာကလာရာတောင်ကြားကို သစ်ခွစိုက်သည့်ဒေသအဖြစ်မှ ကွန်ပြူတာချစ်ပ်ပြားများထုတ်လုပ်သည့်နေရာအဖြစ် ပြောင်းလဲပေးခဲ့သူ ဖြစ်သည်။
ကားလ်ဘတ်ခ်ျ၏ နောက်ဆုံးကြိုးပမ်းခဲ့သည့် စီမံကိန်းမှာ Google Inc. ပရောဂျက်ဖြစ်သည်။

လက်ရှိတွင် Berg & Berg အင်တာပရိုက်စ်၊ LLC နှင့် International Network Services ကုမ္ပဏီများကို ဦးဆောင်လျက်ရှိပြီး အမေရိက၏ အချမ်းသာဆုံးပုဂ္ဂိုလ် ၄၀၀ စာရင်းတွင် ပါဝင်နေဆဲဖြစ်သည်။

တချိန်ကမူ သတင်းစာရောင်းခဲ့ရ၏။ ဓာတ်ငွေ့ဆိုင်တွင် အလုပ်သမားလုပ်ခဲ့ရ၏။ ညဘက်အများသူငါ အိပ်စက်အနားယူနေချိန်တွင် ဟိုတယ်တစ်ခုတွင် ညအလုပ်တစ်ခု ဆက်လုပ်ခဲ့ရ၏။
ကားလ်ဘာ့ခ်ျ၏ မှတ်သားဖွယ်ရာစကားများ

၁။ ဘ၀ကို ကျွန်တော်ချဉ်းကပ်ပုံကတော့ ကျွန်တော်ရခဲ့တဲ့အခွင့်အရေးမျိုး တခြားသူတွေကို ပေးနိုင်ဖို့ အားထုတ်တာပဲ ဖြစ်ပါတယ်
၂။ ကုမ္ပဏီအောင်မြင်ဖို့အတွက် ကျွန်တော်လုပ်နိုင်သမျှ ဘာပဲဖြစ်ဖြစ်လုပ်ပါတယ်
၃။ ဘာပဲလုပ်လုပ် အကောင်းဆုံးဖြစ်အောင် အားထုတ်ပါ
ဘလွန်းဘာ့ဂ်ျမဂ္ဂဇင်းကြီးက ကားလ်ဘာ့ခ်ျကို တွေ့ဆုံမေးမြန်းခဲ့ရာ အဆိုပါ တွေ့ဆုံခန်းမှ အချို့အမေး၊ အဖြေများကို ဖော်ပြအပ်ပါသည်။

မေး။ ဗင်းဆင့်ဗန်ဂိုးရဲ့ ပန်းချီကားဝယ်ထားတယ်ဆိုတာ ဟုတ်ပါသလားခင်ဗျာ

ဖြေ။ ဟုတ်ပါတယ်။ ၁၉၉၇ ခုနှစ်တုန်းက လေလံပွဲတစ်ခုကနေ ဒေါ်လာ ၃၁၅၀၀၀ နဲ့ ၀ယ်ခဲ့ပါတယ်။

မေး။ ကျောက်မျက်ရတနာတွေနဲ့ ပီကာဆိုရဲ့ ပန်းချီကားနှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဘယ်ဟာက စိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်ပါသလဲခင်ဗျာ

ဖြေ။ ပီကာဆိုရဲ့ လက်ရာအစစ်ဆိုရင်တော့ ပန်းချီကားက ပိုပြီးစိတ်ချရတယ်။ အနုပညာလက်ရာဈေးကွက်က အမြဲအတက်ပဲရှိတယ်။

မေး။ လူကြီးမင်းရဲ့ ဘ၀သင်ခန်းစာတစ်ခုခု ပြောပေးလို့ရမလားခင်ဗျာ

ဖြေ။ အသိဥာဏ်ရှိဖို့၊ အမြင်ရှိဖို့က အရေးအကြီးဆုံးပဲ

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
သတင်းစာရောင်းသမား၊ ဓာတ်ငွေ့ဆိုင်လုပ်သားဘ၀မှ ကမ္ဘာကျော် အိမ်ခြံမြေလုပ်ငန်းရှင်သူကြွယ်ကြီးဖြစ်လာသူ (အပိုင်း-၈) ကားလ်ဘာ့ခ်ျ-ခြုံ ကြားမှ ဘုံဖျားသို့တက်လှမ်းခဲ့ကြသည့် ကမ္ဘာကျော်ပုဂ္ဂိုလ်များ (အပိုင်း-၈) - Property News in Myanmar from iMyanmarHouse.com
သတင်းစာရောင်းသမား၊ ဓာတ်ငွေ့ဆိုင်လုပ်သားဘ၀မှ ကမ္ဘာကျော် အိမ်ခြံမြေလုပ်ငန်းရှင်သူကြွယ်ကြီးဖြစ်လာသူ (အပိုင်း-၈) ကားလ်ဘာ့ခ်ျ-ခြုံ ကြားမှ ဘုံဖျားသို့တက်လှမ်းခဲ့ကြသည့် ကမ္ဘာကျော်ပုဂ္ဂိုလ်များ (အပိုင်း-၈) - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service