ရန်ကုန် အထပ်မြင့်စိစစ်ရေး ဆောက်လုပ်ရေးလောက ဂယက်ထပြီလား - Property News in Myanmar from iMyanmarHouse.com
3307 Views

ရန်ကုန် အထပ်မြင့်စိစစ်ရေး ဆောက်လုပ်ရေးလောက ဂယက်ထပြီလား

ပြီးခဲ့တဲ့ အစိုးရလက်ထက်က တည်ဆောက်ခွင့်ပါမစ်ကျပြီး အထပ်မြင့် ၁၂လုံးကို မြေပြင်ကွင်းဆင်း စစ်ဆေးပြီး အထပ်မြင့်တွေ ထက်ဝက်နီးပါး လျှော့ချတာ၊ တည်ဆောက်ခွင့်အသစ်ပြန်တင်ခိုင်းတာတွေ ဖြစ်လာချိန်မှာ ဆောက်လုပ်ရေးလောက ဂယက်စခဲ့ပြီး ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ သတင်းစာရှင်းလင်းပွဲ လုပ်တဲ့အထိ ကြီးကျယ်လာပါတယ်။

သည်လ၂၁ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ
ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ သတင်းစာရှင်းလင်းပွဲ ပြုလုပ်တာပါ။ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အဆောက်အအုံဆောက်လုပ်ခွင့် ရပ်နားတာ၊ တည်ဆောက်ခွင့်ကျပြီးအထပ်အမြင့်တွေ ပြန်လည်လျှော့ချတာကြောင့် အမေရိကန်ဒေါ်လာ ခြောက်ဘီလျံ ဆုံးရှုံးခဲ့တယ်လို့ ပြောကြတယ်။
ဇာတ်လမ်းအစကတော့ အဆောက်အအုံ ဆောက်လုပ်ခွင့်များ ရပ်နားခိုင်းတဲ့ အမန့်ကြော်ငြာစာကအစပြုခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ မေလ ၂၃ရက်နေ့ကစပြီး ရန်ကုန်မြို့တွင်းက အထပ်မြင့်အဆောက်အအုံအားလုံး ယာယီရပ်နားဖို့ အမိန့်ထုတ်ပြန်ခဲ့တာပါ။

အကြောင်းရင်းက မြို့ပြအင်္ဂါရပ်နဲ့ ညီညွတ်ဖို့ ပြန်လည်စစ်ဆေးမယ်ဆိုတဲ့ အကြောင်းပြချက်ဖြစ်ပါတယ်။အဲသည်အချိန်အထိ ဆောက်လုပ်ရေးလောကမှာ ပွဲမဆူသေးပါဘူး။

ယုံကြည်မှု ဆုံးရှုံး

ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးကျော်မြင့်က ‘ငွေကြေးဆုံးရှုံးတာက ပြန်ရှာလို့ ရပါတယ်၊ ကျွန်တော်တို့ဆီမှာ ဝယ်ယူတဲ့ customer တွေ ရှိပါတယ်၊ သူတို့ရဲ့ ယုံကြည်မှု၊ ကျွန်တော်တို့နဲ့ ဆက်ဆံနေရတဲ့ ကန်ထရိုက်တွေရဲ့ ယုံကြည်မှု၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေတဲ့ နိုင်ငံခြားသားတွေရဲ့ ယုံကြည်မှုတွေ ဆုံးရှုံးတယ်’ လို့ ပြောပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းတွေက ကြိုပွိုင့်ရောင်းချပြီး အခန်းမအပ်နိုင်ဘဲ အခန်းဝယ်ယူထားသူတွေ တရားရင်ဆိုင်နေခဲ့ရတဲ့ Father Land ဆောက်လုပ်ရေး၊ ရွှေတိဂုံဘုရားရဲ့ ကြံ့ခိုင်မှုနဲ့ မြင်ကွင်းကို ထိခိုက်စေလို့ တည်ဆောက်ခွင့် ဖျက်သိမ်းခံရတဲ့ ဒဂုံစီးတီး စတဲ့ ဂယက်တွေနဲ့ ရန်ကုန်မြို့ရဲ့ ဆောက်လုပ်ရေးဈေးကွက်က ပြဿနာတွေ ရှိနေတာပါ။ Father Land ဆောက်လုပ်ရေး ဂယက်ကတည်းကစပြီး အိမ်ခြံမြေလောက ကျဆင်းသွားတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးကျော်မြင့်က ရှင်းပြတယ်။

သည်အထပ်မြင့် စစ်ဆေးရေးတွေကို ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဖိတ်ခေါ်ပြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုယ်တိုင် တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖွဲ့စည်းပေးထားတဲ့ ရန်ကုန်မြို့တော် အင်္ဂါရပ်နဲ့အညီ အဆောက်အအုံများ တည်ဆောက်မှုစိစစ်ရေး ကော်မတီနဲ့ ဆောက်လုပ်ရေး
လုပ်ငန်းရှင်တွေနဲ့ နှစ်ကြိမ်တွေ့ဆုံခဲ့ပြီး ဖြစ်တယ်လို့ သည်အဖွဲ့က ရပ်မိရပ်ဖအဖြစ် ပါဝင်တဲ့ ဦးရဲမင်းဦးက ပြောပါတယ်။

စစ်ဆေးရေးကော်မတီကို အဖွဲ့နိုင်သေးခင်ကတည်းက ဆောက်လုပ်ရေးလုပ်ငန်းတွေကိုရပ်ခိုင်းထားတယ်။အလုပ်သမားခတွေတော့ နေ့တိုင်း
ရှင်းပေးနေရပါတယ်။နှစ်လနီးပါးကြာ တည်ဆောက်ရေးတွေ ရပ်ဆိုင်းပြီး စစ်ဆေးပြီးတဲ့ အဖြေက အထပ်လျှော့ပြန်ဆောက်ဖို့အသစ်ပါမစ်တင်ခိုင်းတယ်လို့
ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ဝေဖန်ကြပါတယ်။

အချိန်တွေကြာ

လက်ရှိအထပ်လျှော့ပြီး အသစ်တည်ဆောက်ဖို့ အမိန့်ထုတ်ခံရတဲ့ အဆောက်အအုံတွေက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှာ အနည်းဆုံး နှစ်နှစ်ခွဲကနေ သုံးနှစ်အထိကြာပြီးမှ တည်ဆောက်ခွင့်ရထားတဲ့ အဆောက်အအုံတွေ ဖြစ်ပါတယ်။

တည်ဆောက်ခွင့်ပါမစ်ရဖို့ ပြည်တွင်းပြည်ပ ပညာရှင်တွေနဲ့ အကြိမ်ကြိမ် ဒီဇိုင်းဆွဲခဲ့ရပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာနတွေဖြစ်တဲ့ အဆောက်အအုံ၊ ရေသန့်၊ လမ်းတံတားနဲ့ မြေယာဌာနတွေက ခွင့်ပြုချက်တွေ ယူခဲ့ရတာပါ။HIC, CQHP စတဲ့ အထပ်မြင့်စစ်ဆေးရေး ပညာရှင်အဖွဲ့တွေက စစ်ဆေးပြီး ခွင့်ပြုချက်ယူခဲ့ရတာလို့ ဆိုပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးဥာဏ်မြတ်မင်းက “အဲ့ဒီခေတ် အဲ့ဒီအခါက မူဝါဒတွေနဲ့ ကိုက်ညီအောင်လုပ်ခဲ့တာ၊ ရွှေတိဂုံဘုရားဇုန် ၁၊၂၊၃ ကန့်သတ်ချက်တွေ FAR, BCR တွေလဲ တင်ပြခဲ့ရတယ်” လို့ ပြောပါတယ်။

ရန်ကုန်မြို့တော် အင်္ဂါရပ်နဲ့အညီ အဆောက်အအုံများ တည်ဆောက်မှု စိစစ်ရေးကော်မတီကတော့ စစ်ဆေးတဲ့ အခြေအနေမှာ ငွေကြေးဆုံးရှုံးနိုင်ခြေတွေ ရှိလို့ မူဝါဒချခဲ့တယ်။သည်မူအတိုင်း ဆွေးနွေးစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။စစ်ဆေးရေးအဖွဲ့က အကြံဥာဏ်တွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရကို အဆိုပြုရတာဖြစ်ပြီး သည်အဆိုပြုချက်တွေကို တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြန်လည်ဆွေးနွေးဆုံးဖြတ်ချက်ချတာ ဖြစ်ပါတယ်။

အထပ်မြင့်တွေကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ အနာဂတ်အတွက် အားလုံးစဉ်းစားပြီး တိုင်းဒေသကြီးရဲ့ ဆုံးဖြတ်ချက်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အကောင်အထည်ဖော်ပေးရတာ ဖြစ်ပါတယ်။

လက်ရှိအစိုးရက ဖွံ့ဖြိုးမှုကို အားမပေးဘဲ နောက်ပြန်သွားနေတယ်၊ တိုးတတ်ဖွံ့ဖြိုးမှုနဲ့ ထိန်းသိမ်းတာလွန်ဆွဲနေတယ်လို့ ဝေဖန်သံတွေ
ထွက်ပေါ်နေပါတယ်။သည်ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ဦးရဲမင်းက ‘ ဖွံ့ဖြိုးတိုးတက်စရာရှိတဲ့ ဟာတွေကို ဆက်လုပ်မှာ၊ စက်မှုဇုန်တွေ မြို့သစ်တွေ ထပ်ပေါ်လာမှာပဲ ၊ အဲဒီမှာ တစ်ဖက်ကမထိခိုက်အောင် ပတ်ဝန်းကျင်ရော၊ လူတွေရော လိုအပ်တဲ့ အစီအမံတွေလုပ်ရမှာပေါ့ ‘ လို့ ရှင်းပြပါတယ်။

ဆက်လက်တာဝန်ယူရ

အထပ်မြင့် စစ်ဆေးတာတွေက ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရသက်တမ်းကုန်ခါနီး လွှတ်တော်မှာ အထည်ပြုခဲ့တဲ့ ကိစ္စဖြစ်ပါတယ်။အာဏလွှဲပြောင်းကာလမှာ အကောင်းအထည်မဖော်နိုင်ခဲ့လို့ လက်ရှိအစိုးရက ဆက်လက်အကောင်အထည် ဖော်နေရတာလို့ သိရပါတယ်။

မူအားဖြင့် တည်ဆောက်ခွင့်ပြုထားတဲ့ အထပ်မြင့် ၁၈၅ လုံးထဲက မြေသာလုပ်ငန်း ဆောင်ရွက်နေတဲ့ အဆောက်အအုံ ၅၁လုံးကို သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ဆောက်လုပ်မှုဖြစ်အောင် ၁၉လုံးကို စတင်စစ်ဆေးနေပါတယ်။ကျန်တဲ့ ၃၂လုံးကို သည်လ ၂၅ရက်နေ့မှာ အပြီးစစ်ဆေးမှာပါ။မြေပြင်လုပ်ငန်း မဆောင်ရွက်သေးတဲ့ အဆောက်အအုံ ၁၀၇လုံးကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှာ တည်ဆောက်ခွင့် ပြန်တင်ရမှာ ဖြစ်ပါတယ်။

အထပ်မြင့်တွေ စစ်ဆေးတာကြောင့် ဘယ်လောက်အထိ ထိခိုက်နစ်နာတယ်ဆိုတာ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေသာအသိဆုံးဖြစ်ပြီးဘယ်လောက်အထိတောင့်ခံနိုင်မလဲဆိုတာလည်း သူတို့သာအသိဆုံးဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အထပ်မြင့်ဆုံးဖြတ်ချက်တွေကို အမိန့်ကြော်ငြာစာထုတ်ပြန်လက်တွေ့ အကောင်အထည်ဖော်ပေးနေရတဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအသိုင်အဝိုင်းကတော့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ အထပ်မြင့်စစ်ဆင်ရေးကို ‘ ဝန်ကြီးချုပ် က heavyweight ကိုအနိင်ထိုးနိုင်ရင်ကျန်တဲ့အထပ်နိမ့်တွေထိန်းစရာမလိုတော့ ဘဲ အလိုလိုငြိမ်သွားမယ် ‘ လို့ မှတ်ချက်ပြုကြပါတယ်။

Credit: The Kumudar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service