အိမ်ခြံမြေ အခြေပစ္စည်းရောင်းချသူများ ရောင်းခွန်ဆောင်ကြရန် အခွန်ဌာန နှိုးဆော်အသိပေး - Property News in Myanmar from iMyanmarHouse.com
1472 Views

အိမ်ခြံမြေ အခြေပစ္စည်းရောင်းချသူများ ရောင်းခွန်ဆောင်ကြရန် အခွန်ဌာန နှိုးဆော်အသိပေး

အိမ်ခြံမြေ အစရှိသည့် အခြေပစ္စည်းရောင်းချသူများအ နေဖြင့် ရောင်းခွန်ဆောင်ကြရန် ပြည်တွင်းအခွန်များဦးစီးဌာနက ဇူလိုင် ၂၀ ရက်တွင် အသိပေးနှိုး ဆော်လွှာထုတ်ပြန်သည်။

အိမ်ခြံမြေ ဝယ်ယူခြင်းများ အတွက် ဝယ်ယူသူများက သတ် မှတ် အခွန်ပေးဆောင်မှုများ ရှိ သော်လည်း အိမ်ခြံမြေရောင်းချသူများအနေဖြင့် အခွန်ထမ်းဆောင်ရန် ပျက်ကွက်မှုများရှိနေကြောင်း၊ မိမိအမည်ပေါက်ပိုင်ဆိုင်ခဲ့သော အိမ်ခြံမြေများအား ရောင်းချပြီးပါက သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများတွင် ဝင်ငွေကြေညာလွှာ တင်သွင်း၍ ကျသင့်အခွန်ပေးဆောင်ကာ ဝင်ငွေရလမ်း(ငွေဖြူ) ရယူဆောင်ရွက်ကြပါရန် ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်သည်။

‘‘အခွန်ဆောင်ခြင်းအားဖြင့် သူတို့နောက်တစ်ခုဝယ်တဲ့အခါ မှာ ငွေဖြူက ရပြီးသားဖြစ်သွား မယ်လေ။ အရောင်းကျတော့ အ ခြေပစ္စည်းက မြတ်စွန်းငွေပေါ်မှာ ၁၀ ရာခိုင်နှုန်းပဲ ဆောင်ရတာပါ’’ ဟု ပြည်တွင်းအခွန်များဦးစီးဌာန (မန္တလေးတိုင်းဒေသကြီး) ဒုညွှန် မှူး ဦးတင်ထွေးက ပြောသည်။

အိမ်ခြံမြေ အခြေပစ္စည်း ရောင်းချခြင်းများအတွက် ကျသင့်အခွန်နှုန်းထားသည် ၁၀ ရာခိုင်နှုန်း ဖြစ်သော်လည်း ရောင်းချသည့် ကာလတန်ဖိုးအပေါ်၌ ၁၀ ရာ ခိုင်နှုန်းထမ်းဆောင်ရမည်မဟုတ် ဘဲ ရောင်းရငွေပေါ်တွင် မူလတန် ဖိုးကို နုတ်ပယ်ပြီး မြတ်စွန်းငွေ အပေါ်တွင်သာ ၁၀ ရာခိုင်နှုန်း ထမ်းဆောင်ရမည်ဟု ပြည်တွင်း အခွန်များဦးစီးဌာန နှိုးဆော်လွှာ တွင် ဖော်ပြထားသည်။

အိမ်ခြံမြေရောင်းချသူများက အမြတ်ခွန်ဆောင်မှုနည်းပါး ခြင်းသည် သတ်မှတ်ထားသည့် အခွန်နှုန်းထား များပြားနေခြင်း၊ ရာဖြတ် တန်ဖိုး များပြားခြင်း၊ ရောင်းခွန်ဆောင်ပြီးသော်လည်း ငွေဖြူအဖြစ် ပြန်လည်အသုံးချရာ

တွင် အသုံးဝင်ထိရောက်မှုအား နည်းခြင်းနှင့် အိမ်ခြံမြေအခွန်စနစ် မတည်ငြိမ်ဘဲ အပြောင်းအလဲများ ခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း မန္တလေးမြို့ခံ ဝါရင့်အိမ်ခြံမြေအ ကျိုးဆောင် ဦးတင်မောင်(ထွန်း သစ္စာ)က ပြောကြားသည်။

အိမ်ခြံမြေ ဝယ်ယူခြင်းများ အတွက် ပေးဆောင်ရမည့် အခွန် နှုန်းထားများကို ၃ ရာခိုင်နှုန်း၊ ၅ ရာခိုင်နှုန်း စသဖြင့် အခွန်နှုန်းထားများ လျှော့ချသတ်မှတ်ပေးခဲ့သော်လည်း ရောင်းချသူပေး ဆောင်ရမည့် အမြတ်ခွန်ကို ၁၀ ရာခိုင်နှုန်း သတ်မှတ်ထားရာ အခွန်ပမာဏ များပြားနေသည်ဟု ဦးတင်မောင်က ဆိုသည်။ ထို့ပြင် အခွန် ဆောင်ထားလျှင်လည်း ယင်းငွေဖြူဖြင့် ပြန်လည်အသုံး ချရာ၌ ထိရောက်မှုအားနည်းခြင်း များကြောင့်လည်း အခွန်ဆောင် လိုသူနည်းပါးခြင်းဖြစ်နိုင်သည်ဟု ၎င်းက ဆိုသည်။

‘‘လူအများအခွန်ဆောင်ချင် တဲ့ အခွန်စနစ်မဖြစ်သေးဘူး။ လူ တိုင်းအခွန်ဆောင်ချင်တဲ့ အခွန် စနစ်ဖြစ်အောင် ပြောင်းလဲဖို့လို တယ်။ ဒါမှ အိမ်ခြံမြေဆိုရင်လည်းရောင်းသူရော၊ ဝယ်သူရော အခွန်ဆောင်မှာ ဖြစ်ပါတယ်’’ဟု ဦးတင်မောင်က ပြောသည်။

မန္တလေးမြို့တော် စည်ပင် သာယာ နယ်နိမိတ်အတွင်း မြို့ နယ်များရှိ အိမ်ခြံမြေများကို တိုင်း ဒေသကြီး အိမ်ခြံမြေကာလတန်ဖိုး စိစစ်ရေးအဖွဲ့နှင့် အခြားမြို့နယ် များအတွက် သက်ဆိုင်ရာမြို့နယ် အိမ်ခြံမြေ ကာလတန်ဖိုး စိစစ် သတ်မှတ်ရေး အဖွဲ့များက ရာ ဖြတ်တန်ဖိုးများသတ်မှတ်ထားပြီး အိမ်ခြံမြေ အစရှိသည့် အခြေ ပစ္စည်းများ ဝယ်ယူခြင်းအတွက် ယင်းရာဖြတ်တန်ဖိုးများအတွက် တွက်ချက်ကာ သတ်မှတ် အခွန် ကောက်ခံခြင်း ဖြစ်ကြောင်း ပြည် တွင်း အခွန်များဦးစီးဌာနမှ သ တင်းရရှိသည်။

အိမ်ခြံမြေ ရောင်းချသူများ အနေဖြင့် ရောင်းချပြီး ရက် ၃၀ အတွင်း မြို့နယ်အခွန်ဦးစီးမှူးရုံး တွင် ဝင်ငွေ ကြေညာလွှာ တင် သွင်းကာ အခွန်ဆောင်နိုင်ပြီး အိမ်ခြံမြေရောင်းချခြင်းအတွက် မှတ်ပုံတင် အရောင်းအဝယ် စာချုပ် မိတ္တူ၊ ဂရန်မိတ္တူ၊ ၁၀၅ မြေပုံ၊ အိမ်ထောင်စုဇယားမိတ္တူနှင့် ရောင်းချ သူ၏မှတ်ပုံတင်မိတ္တူတို့ တင်ပြ ရန် လိုအပ်မည်ဖြစ်သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service