တိကျသေချာတဲ့ အရောင်းအဝယ်အတွက် ရောင်းသူဝယ်သူတို့မသိမဖြစ် - Property Knowledge in Myanmar from iMyanmarHouse.com
3197 Views

တိကျသေချာတဲ့ အရောင်းအဝယ်အတွက် ရောင်းသူဝယ်သူတို့မသိမဖြစ်

Knowledge | Posted by Zarni Kyaw

အိမ်ခြံမြေတိုက်တာအိုးအိမ်နဲ့ ပတ်သက်ပြီး အရောင်းအဝယ်ပြုလုပ်ခြင်းက ဘဝမှာ အလွန်တန်ဖိုးကြီးသော ရင်းနှီးမှု၊ စွန့်စားမှုဖြစ်တာကြောင့် အတိမ်းအစောင်းအမှားအ ယွင်းမရှိရလေအောင် ဂရုတစိုက်ဆောင်ရွက်သင့်သည်ဖြစ်ရာ ခုရှုပ်မှနောင်ရှင်းဆိုသလို တိကျ သေချာစွာနဲ့စနစ်တကျ ရောင်းဝယ်နိုင်ကာမှ တော်ကာကျနိုင်မှာဖြစ်ပါတယ်။ တရားရေးရာတရားခွင်နေရာတွေမှာ အရှည်အကြာဆုံးနဲ့ အရှုပ်ထွေးဆုံး ရင်ဆိုင်နေရ တဲ့ကိစ္စတွေဆိုရင် အိုးအိမ်ပိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့ အရှုပ်အထွေးဆုံးပြဿနာတွေပဲဖြစ် ပါတယ်။
မိမိကအိမ်ကို ရောင်းချသည်ဖြစ်စေ၊ မိမိကဝယ်ယူသည်ပဲဖြစ်စေ ဝယ်လက်နဲ့ အရောင်း ကြားမှာ အရောင်းအဝယ်ပြုလုပ်မယ့် ပစ္စည်းအတွက် အချက်အလက်ခိုင်ခိုင်လုံလုံရရှိ ထားရန်လိုပါတယ်။ ထို့အတွက်ကြောင့် နေအိမ်တိုက်တာအရောင်းအဝယ်တစ်ခုပြု လုပ်ခြင်းနှင့် ပတ်သက်ပြီးရောင်းသူ၊ ဝယ်ယူသူတို့ လိုက်နာသိရှိရမယ့်အချက်အလက် အချို့ကို ဗဟုသုတအနေနဲ့သိထားသင့်တဲ့အတွက် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ဝယ်ယူသူတွေအနေနဲ့က

၁။ ဝယ်ယူမယ့် အိမ်ခြံမြေနဲ့ပတ်သက်ပြီး အရောင်းအဝယ် စာချုပ်၊ စာရွက်စာတမ်း ပြည့်စုံမစုံစစ်ဆေးရန်လိုအပ်ပါတယ်။
၂။ အိမ်အမည်ပေါက်၊ ပိုင်ရှင်ကိုယ်တိုင် ရောင်းချခြင်းဟုတ်မဟုတ်။
၃။ ပိုင်ဆိုင်မှုအဆင့်ဆင့်နှင့်သက်ဆိုင်သောစာချုပ်များ၊ စာရွက်စာတမ်းများ ပြည့်စုံမှုရှိ မရှိ။
၎။ ရောင်းသူသည် အမှန်တကယ်ပိုင်ဆိုင်ခွင့် ရောင်းချခွင့်ရှိသူ ဟုတ်မဟုတ်။
၅။ နေအိမ်လက်ဝယ်ပိုင်ဆိုင်မှုစာရွက်စာတမ်းက မိတ္တူမှန်၊ ဂရန်မိတ္တူဘက်ခြမ်းတို့ဆိုရင် သက်ဆိုင်ရာ ဌာနတွေမှာသွားရောက်စစ်ဆေးသင့်ပါတယ်။
၆။ လွှဲပြောင်း၊ ရောင်းချ၊ ပေါင်နှံ၊ စွန့်လွှတ်၊ လှူဒါန်း၊ အာမခံတင်သွင်းထားခြင်းရှိမရှိစစ် ဆေးရန်လိုအပ်ပြီး လိုအပ်ပါက ဝယ်ယူမည့်အကြောင်းကို သတင်းစာတွင်ကန့်ကွက် မည့်သူရှိမရှိကြေငြာရန်လို။
၇။ ဝယ်ယူမှုစာချုပ်ချုပ်ဆိုရာတွင် ရောင်းသူဝယ်ယူ မိသားစုတွေအားလုံးသိရှိကြောင်း စာချုပ်ချုပ်ဆိုပါ။
၈။ အကယ်၍ မိမိဝယ်ယူစဉ်မှာ အိမ်၊မြေဂရမ်က ရောင်းချသူအမည်မပေါက်ပဲ တဆင့် တဆင့်အမည်ပေါက်ဖြစ်နေပါက မိမိဂရမ်အမည်ပေါက် ပြောင်းလဲချိန်ထိတိုင်လိုက်လံ ဆောင်ရွက်ပေးကြောင်း ထည့်သွင်းချုပ်ဆို။
၉။ ရောင်းချလိုက်သည့်နေအိမ်မြေနေရာနှင့်ပတ်သက်ပြီး တစုံတရာအရှုပ်အရှင်းပေါ် ပေါက်လာပါက တာဝန်ယူဖြေရှင်းပေးဖို့ တောင်းဆိုရန်လိုအပ်ပါတယ်။

တဖန် ရောင်းချသူဘက်ကလည်း မိမိရောင်းချမည့် နေအိမ်ခြံအတွက်
၁။ သင့်တင့်ပြီးမိမိစိတ်ကြိုက်ဈေးနဲ့ ရောင်းချနိုင်တော့မယ့် နေအိမ်အတွက် ဝယ်လက် စိတ်ကြိုက်စိတ်ကျေနပ်စေနိုင်မယ့် နေအိမ်အချက်အလက်အပြည့်အစုံရှိနေရပါမယ်။
၂။ မိမိဝယ်ယူခဲ့စဉ်ကတည်းက အချက်အလက်အပြည့်အစုံ၊ အတိအကျ ဝယ်ယူခဲ့တာ မဟုတ်တာကြောင့် ပြန်လည်ရောင်းချရမယ့်အနေအထားလေးတွေမှာ စာရွက်စာတမ်း အတွက် လိုအပ်ချက်တွေရှိလာနိုင်ပါတယ်။ အဲ့ဒီအတွက် မိမိကရောင်းချင်အနေနဲ့ တစ် ဖက် ဝယ်လက်အပေါ် စိတ်ရှည်လက်ရှည်နဲ့ညှိနှိုင်းပေးဖို့လိုပါတယ်။


၃။ ပိုင်ဆိုင်မှု၊ အမည်ပေါက်ပြောင်းလဲခြင်း၊ ဂရန်မြေအနေအထားတို့နဲ့ ပတ်သက်ပြီး တတ်ကျွမ်းနှံ့စပ်ခြင်းမရှိပါက အရောင်းအဝယ်လုပ်ချိန်မှာ ဌာနဆိုင်ရာကလူကြီး တစ်ဦး ဖြစ်ဖြစ် နားလည်တတ်ကျွမ်းသူတစ်ဦးကို ဆွေးနွေးသူသက်သေတစ်ဦးအဖြစ် ခေါ်ယူ ထားရန်လိုပါတယ်။
၎။ မိမိအိမ်အတွက် ရောင်းချမည့်ဈေးကို အခေါ်ဈေးနဲ့ရောင်းမယ်ဆိုရင် ဈေးကွက်အ ရောင်း အဝယ်အေးနေချိန်မှာဆိုရင် ဝယ်သူနည်းနေတာကြောင့် ဝယ်သူရှိရင်ညှိုနှိုင်းဈေး နဲ့ ရောင်းမှသာအရောင်းအဝယ်ဖြစ်နိုင်မှာပါ။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသားဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service