လေးမြို့မြစ်ရေတိုက်စားခံရ၍ ပြောင်းရွှေ့ အိမ်ထောင်စုများ မြေနေရာအစား စီစဉ်ပေးရန်လိုလား - Property News in Myanmar from iMyanmarHouse.com
540 Views

လေးမြို့မြစ်ရေတိုက်စားခံရ၍ ပြောင်းရွှေ့ အိမ်ထောင်စုများ မြေနေရာအစား စီစဉ်ပေးရန်လိုလား

လေးမြို့မြစ်ရေ တိုက်စား၍ မြစ်ကမ်းပြိုကျသဖြင့် ကမ်းပါးအနီးရှိ နေအိမ်များ ဖြို ဖျက်ကာ ဘေးလွတ်ရာသို့ ပြောင်း ရွှေ့နေရသည့် မိသားစုများ အတွက် မြေနေရာများ လိုအပ်နေ ကြောင်း သတင်းရရှိသည်။


ချင်းပြည်နယ်မှ ရခိုင်ပြည် နယ်မြောက်ဦးမြို့နှင့် မင်းပြားမြို့ များဆီသို့ စီးဆင်းနေသည့် လေး မြို့မြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းအနီးရှိ မင်းပြားမြို့နယ် ပန်းမြောင်းတိုက်နယ်မှ နေအိမ်များနှင့် ပြည်တော်လှရပ်ကွက်မှ နေအိမ်များကို နေ့စဉ်ဖြိုဖျက်နေရ ကြောင်း မင်းပြားမြို့ခံ ဦးစိုးဝင်း က ပြောသည်။

‘‘မြစ်ရေတိုက်စားပြီး ကမ်း ပါးပြိုလို့ နေအိမ်ပြောင်းရွှေ့နေရ တာ ရပ်ကွက်နှစ်ရပ်ကွက် လောက်ရှိနေပါပြီ။ အခုလည်း ဆက်ပြိုနေတာကြောင့် ကမ်းနား အနီးက နေအိမ်တွေ နေ့စဉ် ပြောင်းရွှေ့နေရပါတယ်။ သူတို့ နေထိုင်ဖို့အတွက် မြေနေရာတွေ အရေးတကြီး လိုအပ်နေပါတယ်’’ ဟု မင်းပြားမြို့၊ ပြည်တော်လှရပ် ကွက် အုပ်ချုပ်ရေးမှူး ဦးသိန်း ထွန်းက ပြောသည်။

မြစ်ရေတိုက်စားမှုဒဏ်ကို မိုးတွင်းကာလတွင် အများဆုံးခံ စားနေရပြီး ကမ်းပါးပြိုကျမှုမှ ကာကွယ်ရန် ကမ်းထိန်းနံရံများကို ငွေအမြောက်အမြား အကုန်အကျခံ တည်ဆောက်နေသော်လည်း မိုးတွင်းကာလ ရောက်ရှိပါက ရေတိုက်စားကာ ပြန်လည်ပြိုကျမှုများ ဆက်လက် ဖြစ်ပေါ်နေသည်။

ထို့ကြောင့် ကမ်းထိန်းနံရံပြု လုပ်မည့်ငွေများကို ကမ်းပါးပြို၍ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရ သည့် မိသားစုဝင်များအတွက် မြေနေရာသစ်များရရှိအောင် ဆောင်ရွက်ပေးပါက ပိုမိုအကျိုးရှိ မည်ဖြစ်ကြောင်း ပန်းမြောင်းတိုက်နယ်မှ ဒေသခံဒေါ်စံပယ်အောင်လှိုင်က ပြောသည်။

မြစ်ရေတိုက်စားမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရ သည့် မိသားစုဝင်များအတွက် မြေနေရာသစ်ချပေးရန် ဌာနဆိုင် ရာအနေဖြင့် စီစဉ်မှုများ ရှိသော် လည်း မြို့တွင်းမြေနေရာ ရှားပါးနေ၍ မြေနေရာသစ်များ မချပေးနိုင်ကြောင်း မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service