အိမ်ခြံမြေဈေးကျ၍ လိုင်စင်မဲ့ဆောက်လုပ်မှုများ လျော့နည်းလာ - Property News in Myanmar from iMyanmarHouse.com
1428 Views

အိမ်ခြံမြေဈေးကျ၍ လိုင်စင်မဲ့ဆောက်လုပ်မှုများ လျော့နည်းလာ

ဆောက်လုပ်ရေးလုပ်ငန်းများ ခေတ်ကောင်းခဲ့သည့်၂၀၁၃မှ၂၀၁၅ နှစ်များအတွင်းကွန်ဒိုတိုက်ခန်းသစ်များရန်ကုန်မြို့နယ် နေရာအနှံ့အပြားတွင်အပြိုင်အဆိုင်ပေါ်ပေါက်ခဲ့သည်။

ဈေးကွက်လိုအပ်ချက်အရ ဆောက်လုပ် ရေးလုပ်ငန်းရှင်များကလည်း ကြိုပွိုင့်စနစ်များဖြင့် ရောင်းချကာ တည်ဆောက်ခြင်း၊ မြေရှင်များနှင့် အကျိုးတူပူးပေါင်း၍ အခန်းပေးအခန်းယူရောင်းချမှုများ ဆောက်လုပ်ရေးလောကတွင် ရေပန်းစားခဲ့သည်။

အဆိုပါကာလအတွင်း ကန်ထရိုက်တာ များက သက်ဆိုင်ရာအစိုးရဌာနများ၏ တရားဝင်ဆောက်လုပ်ခွင့်
ပါမစ်မရှိဘဲ တိုက်ခန်း များ တည်ဆောက်ကာ ရောင်းချသည့် ဈေးကွက်ရှိခဲ့ပြီး ၀ယ်လိုအားကောင်းခဲ့
သည်။ ထိုသို့ တရားဝင်ခွင့်ပြုချက်မရရှိဘဲ အဆောက်အအုံတည်ဆောက်မှုမှာ ယခင်နှစ်
များအတွင်း တစ်နှစ်လျှင် အလုံးရေ ၄,၀၀၀ အထိရှိခဲ့သည်။ ယင်းတို့ကို ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာ (အဆောက်အအုံ)ဌာနက တရားစွဲဆိုကာ
ဆောက်လုပ်စ အဆောက်အအုံများကို ဖျက်သိမ်းသည်အထိ အရေးယူမှုများရှိခဲ့ကြောင်းဌာနက
ကြေညာခဲ့သည်။

ယခုနှစ်တွင်မူ အင်ဂျင်နီယာဌာနက တရားစွဲဆိုလျက်ရှိသည့် ခွင့်ပြုချက်မဲ့ အဆောက်အအုံအရေ
အတွက်မှာ ဇွန်လ ကုန်အထိ စာရင်းအရ စုစုပေါင်း ၂,၀၉၄ လုံး သာရှိတော့ကြောင်း အင်ဂျင်
နီယာ(အဆောက် အအုံ) ဌာနမှူး ဦးသန်းဌေးက ပြောသည်။ ခွင့်ပြုချက်မဲ့အဆောက်အအုံများ
လျော့ နည်းသွားရခြင်း အဓိကအချက်မှာ ဆောက် လုပ်ရေးဈေးကွက် ကျဆင်းလာ၍ ဖြစ်
ကြောင်း ၎င်းကပြောသည်။ "စည်းကမ်းလိုက်နာတာလည်း ရှိသလို အဓိကကတော့
ဆောက်လုပ်ရေးဈေးကွက် က လုံးဝမကောင်းတော့ ဆောက်မယ့်သူတွေ မရှိတော့လို့
နည်းသွားတာ။ ခေတ်ကောင်း တုန်းက အကုန်လုံး ကန်ထရိုက်ပဲလုပ်ကြတယ်။ တရားစွဲရင်တော့
ဒဏ်ကြေးပေးပြီး ဆောက်ကြတာ၊ အခု ကန်ထရိုက်ခေတ် ကိုက ပျက်နေတာ"ဟု ၎င်းက
ပြောသည်။ ရန်ကုန်မြို့တွင်း ခွင့်ပြုချက်မဲ့ အဆောက် အအုံဆောက်လုပ်မှုများအနက်
သင်္ဃန်းကျွန်း မြို့နယ်သည် တရားစွဲဆိုခံရမှု အများဆုံးဖြစ် ပြီး အလုံးရေ ၇၅၄ လုံးရှိသည်။
ဒုတိယအများ ဆုံးမှာ လှိုင်မြို့နယ်ဖြစ်ပြီး အလုံးရေ ၃၃၃ လုံးရှိကြောင်း ဌာနက စာရင်းပြုစု
ထားသည်။ ထိုသို့ဆောက်လုပ်မှုများကို အမျိုးအစား လေးမျိုးဖြင့် တရားစွဲဆိုနိုင်ရာ ခွင့်ပြုချက်
တင်ထားပြီး ခွင့်ပြုချက်မရမီ ဆောက်လုပ် ခြင်း၊ ခွင့်ပြုချက်မဲ့အဆောက်အအုံ ဆောက်လုပ်ခြင်း၊
ခွင့်ပြုချက်မဲ့ ခြံစည်းရိုးကာခြင်းနှင့် ခွင့်ပြုချက်မဲ့ပြင်ဆင်ခြင်း၊ တိုးချဲ့ခြင်းနှင့် အဖီအဆွယ်
ထပ်ခိုးပြုလုပ်ခြင်းတို့ဖြစ်သည်။

တရားစွဲဆိုမှုများအနက် ခွင့်ပြုချက်မရမီ အဆောက်အအုံဆောက်လုပ်မှုမှာ အများဆုံး ဖြစ်သည်။
လိုင်စင်မဲ့ဆောက်လုပ်သည့် အမှု တွဲစုစုပေါင်း ၂,၀၉၄ လုံးအနက် ယင်းအမှုမှာ အလုံးပေါင်း
၁,၄၈၀ ရှိသည်။ ယခုနှစ်များအတွင်း အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးဈေးကွက်လည်း နှေးကွေး
လာသည်။ တိုက်ခန်းဈေးနှုန်းများ ၂၀ ရာခိုင် နှုန်းအထိ ကျဆင်းလာသလို ဆောက်လုပ် သူများလည်း လျော့နည်းလာကြောင်း မြနန္ဒာ ဆောက်လုပ်ရေးလုပ်ငန်း၏ တာဝန်ရှိသူ
တစ်ဦးဖြစ်သည့် ဦးအေးလင်းက ပြောသည်။ "သွက်သွက်ဝယ်မယ့်သူ မရှိဖြစ်နေတော့
ဆောက်မယ့်သူတွေကလည်း ကြိုပွိုင့်စနစ်နဲ့ ဆောက်ကြတော့ မဆောက်နိုင်တော့ဘူး။
ပြန်တက်လာဖို့လည်း သိပ်မထင်ဘူး"ဟု ၎င်းက ပြောသည်။

"လိုင်စင်မဲ့ကန်ထရိုက် နည်းကုန်တာလည်း ဈေးကွက်ကြောင့်ပဲ။ ၀ယ်မယ့်သူမရှိတော့
ဆောက်မယ့်သူတွေကလည်း အေးကုန်တာ။ တကယ်တမ်းကျတော့ တစ်လုံးပြီး တစ်လုံး
ကြိုပွိုင့်ရောင်းလို့ အဆင်ပြေမှ၊ ကန်ထရိုက် ကလည်း လည်တာကိုး။ သူက တစ်တိုက်လုံး
ဆောက်လိုက်၊ တစ်ခန်း နှစ်ခန်းစာလောက် အမြတ်ကျန်လိုက်၊ အဲဒီအမြတ်နဲ့ ပြန်ဆောက်လိုက်၊
အခုက ၀ယ်မယ့်သူက မရှိတော့ မဆောက်နိုင်တော့ဘူး"ဟု ဦးအေးလင်းက ပြောသည်။

ဈေးကွက်အတွင်း ယခင်ကွန်ဒိုတိုက် ခန်းများကို ၀ယ်ယူရင်းနှီးထားပြီး ပြန်လည်
ရောင်းချငှားရမ်းမှုများလည်း လျော့နည်း လာခဲ့သည်။ "ဟိုးတုန်းက အ၀ယ်သွက်တုန်း
ကတော့ ရောင်းလို့ ၀ယ်လို့ကောင်းတဲ့ နေရာတွေ မှာ အလိုက်ပေးပြီး ဆောက်ကြတာပေါ့။
ရင်းနှီးမြှုပ်နှံမှုအတွက် ၀ယ်ကျတာတွေလည်း များတယ်။ "အခုက သူတို့ကလည်း ရင်းနှီးမြှုပ်နှံမှု
ကိုလည်း ဈေးကွက်မကောင်းတော့ မထည့် နိုင်ကြတော့ဘူး။ ရောင်းလက်နဲ့ ၀ယ်လက်
မညီကြတော့ ကန်ထရိုက်တွေလည်း မဆောက်နိုင်ကြတော့ဘူး"ဟု သင်္ဃန်းကျွန်းမြို့နယ်မှ
ကန်ထရိုက်တာတစ်ဦးက ပြောသည်။

Credit: Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service