ရန်ကုန်မြို့လယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Landmark Development စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမည့် အစုရှယ်ယာရှင်များ သဘောတူစာချုပ် ချုပ်ဆို - Property News in Myanmar from iMyanmarHouse.com
1549 Views

ရန်ကုန်မြို့လယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Landmark Development စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမည့် အစုရှယ်ယာရှင်များ သဘောတူစာချုပ် ချုပ်ဆို

First Myanmar Investment Co.,Ltd (FMI) သည် ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်း အမှတ် ၃၇၂/၃၈၀ နေရာရှိ မြေကွက်ပေါ်တွင် ပြန်လည်ပြုပြင် တည်ဆောက်ရေး စီမံကိန်းနှင့် ပတ်သက်ပြီး Yoma Strategic Investments Ltd (YSIL)၊ Mitsubishi Corporation၊ Mitsubishi Co.,Ltd၊ International Finance Corporation (IFC) တို့နှင့် အစုရှယ်ယာရှင်များ သဘောတူစာချုပ်ကို ၂၀၁၆ ခုနှစ် ဇူလိုင် ၁၂ ရက်တွင် အပြီးသတ် လက်မှတ်ရေးထိုးခဲ့ကြောင်း ဇူလိုင် ၁၃ ရက်တွင် FMI က သတင်းထုတ်ပြန်သည်။

အဆိုပါ စီမံကိန်းတွင် အဆင့်မြင့် ကွန်ဒိုမီနီယံ အဆောက်အအုံ တစ်လုံး၊ စီးပွားရေး လုပ်ငန်းသုံး ဟိုတယ်တစ်လုံး၊ Serviced Apartment များ၊ Grade A အဆင့်ရှိ ရုံးခန်း တာဝါများနှင့် ဈေးဝယ်စင်တာများ ပါဝင်သည်။ ယခု ချုပ်ဆိုသော စာချုပ်သည် အဆိုပါ လုပ်ငန်းနှင့်သာ သက်ဆိုင်ပြီး မြန်မာ့မီးရထား ရုံးချုပ်ကို ပြန်လည်မွမ်းမံသည့် လုပ်ငန်းနှင့် မသက်ဆိုင်ဘဲ အဆိုပါ ပြင်ဆင်မှု လုပ်ငန်းကို သီးခြားဖက်စပ် စာချုပ် ချုပ်ဆို ဆောင်ရွက်သွားမည် ဖြစ်သည်။

အစုရှယ်ယာရှင်စာချုပ် အကောင်အထည်ဖော်ရာတွင် စာချုပ်ပါ စည်းကမ်းများကို လိုက်နာရန် လိုအပ်ပြီး အဓိက စည်းကမ်းချက်များမှာ အဆိုပါ စီမံကိန်းကို ဆောင်ရွက်မည့် ဖက်စပ်ကုမ္ပဏီ တစ်ခုဖြစ်သော Meeyahta Development Ltd (MDL) အနေဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) မှ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့် ရရှိရန်၊ အာရှဖွံ့ဖြိုးရေးဘဏ် အနေဖြင့် အဆိုပါ စာချုပ်ကို လက်မှတ် ရေးထိုးရန်၊ စီမံကိန်းနှင့် စပ်လျဉ်းသည့် လုပ်ငန်းစီမံချက်၊ ဘတ်ဂျက်၊ မြေငှားစာချုပ်များ၊ ရှယ်ယာထည့်ဝင်မှုဆိုင်ရာ သဘောတူညီချက်များ အပြီးသတ် သဘောတူရန် လိုအပ်သည်။

အထက်ပါ စည်းကမ်းချက်များ ပြီးမြောက်အောင် ဆောင်ရွက်ပြီးပါက အစုရှယ်ယာရှင်များဖြစ်သော FMI က ၁၂ ရာခိုင်နှုန်း၊ YSIL က ၄၈ ရာခိုင်နှုန်း၊ Mitsubishi Corporation နှင့် Mitsubishi Estate Co., Ltd က ရာခိုင်နှုန်း ၃၀၊ IFC က ငါးရာခိုင်နှုန်း၊ အာရှဖွံ့ဖြိုးရေး ဘဏ်က ငါးရာခိုင်နှုန်း အစုရှယ်ယာများထည့် ၀င်ရမည်ဖြစ်သည်။

FMI ကုမ္ပဏီ အနေဖြင့် အဆိုပါစီမံကိန်းနှင့် ပတ်သက်ပြီး MDL မှ လိုအပ်သည့် ဌာနဆိုင်ရာ ခွင့်ပြုချက်များကို လိုက်ပါကူညီ ဆောင်ရွက်ပေးရမည်ဖြစ်ပြီး အစုရှယ်ယာရှင်များ အနေဖြင့် ၂၀၁၇ ခုနှစ် ဇွန် ၃၀ ရက် မတိုင်မီ ပထမဆုံးအကြိမ် အစုရှယ်ယာများ ထည့်ဝင်နိုင်ခြင်း မရှိပါက အဆိုပါစာချုပ် ပျက်ပြယ်မည်ဖြစ်ကြောင်း FMI က အသိပေး ထုတ်ပြန်ထားသည်။

အဆိုပါ စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမည့် ပမာဏကို မြန်မာ ကုမ္ပဏီများ ဘက်က ထုတ်ဖော်ပြောဆိုခြင်း မရှိသေးသော်လည်း Mitsubishi Corporation ၏ ပြောကြားချက်အရ စီမံကိန်း တစ်ခုလုံး ဒေါ်လာ သန်း ၆၀၀ တန်ဖိုးရှိပြီး Mitsubishi က ဒေါ်လာသန်း ၂၀၀ မြှုပ်နှံမည်ဖြစ်ကြောင်း ၎င်း၏ ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service