တိုက်ခန်း အပေါင်လား အာမခံသူ ခေါ်လာပါ - Property News in Myanmar from iMyanmarHouse.com
1655 Views

တိုက်ခန်း အပေါင်လား အာမခံသူ ခေါ်လာပါ

တိုက်ခန်းအပေါင်ထားတဲ့ အခါ ငွေချေးသူတွေဘက်က နစ်နာတာ တွေကြုံရတာကြောင့် ငွေချေးသူတွေက အသိအကျွမ်းမဟုတ်ရင် အာမခံပေးသူမရှိရင်  အ ပေါင်စာချုပ်ပါ အချက်တွေမှာ အချက်အ လက်တွေ အသေးစိတ် ထည့်ပြီး မှလက်ခံ ကြတယ်လို့ သိရပါတယ်။

ကောင်းစံအကျိုးဆောင်က ဒေါ်တင်ကြည်က “အများစုက ငွေချေးသူတွေကပဲ ရောင်းပေါင်စာချုပ်တွေ ချုပ်ဆိုပြီး အ ပေါင်ခံကြတယ်၊  တကယ်တော့ အပေါင်လက်ခံသူတွေဘက်ကလဲ အလိမ်ခံရတာ တွေရှိတယ်၊ ပေါင်တဲ့သူက စာချုပ်စာတမ်း လုပ်ထားတယ်ဆိုပေမဲ့ ပိုင်ဆိုင်မှုအသစ် လုပ်ပြီး ပြန်မရွေးကြတော့တာတွေကြောင့် ငွေချေးသူတွေ
ခံရတာတွေလဲ ရှိတယ်”လို့  ပြောပါတယ်။

ပေါင်ထားတဲ့ အခန်းကို မြေရှင် ကန် ထရိုက်တို့ နဲ့ပေါင်းပြီး ပိုင်ဆိုင်မှု စာချုပ် အသစ်တွေ ပြုလုပ်ကာ ပြန်မရွေးတော့ဘဲ လိမ်လည်ပေါင်ကြတာ တွေ ရှိလာတယ်လို့ သိရပါတယ်။
ကြိုပွိုင့်တိုက်ခန်းတွေ၊ အရစ်ကျဝယ်ထားတဲ့ အခန်းတွေ၊ဝယ်ရောင်းသမားတွေ ငွေမြှုပ်နေရင်း ငွေအရင်းအနှီး ပြန်ထုတ်ချင်တဲ့သူ အများစု အပေါင်ထားကြတာ ဖြစ်တယ်။ တချို့ပေါင်သူတွေက ကန်ထရိုက်တာတွေ မြေရှင်တွေများပြီး ငွေပြန် ပေါ်တဲ့ အ ချိန်မှ ပြန်ရွေးတာမျိုးတွေလည်း ရှိတယ်လို့ သိရ ပါတယ်။

တိုက်ခန်းအပေါင်အများစုက သာမန်အသိသက်သေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ် တွေသာရှိတာကြောင့် အခန်းမှာနေထိုင် သူကမဖယ်ပေးတဲ့ တိုက်ခန်းတွေ လိမ်လည်တာများတယ် လို့သိရပါတယ်။ တိုက်ခန်းအပေါင်တွေ လက်ခံကြတဲ့အခါမှာ လူ နေထိုင်ခွင့်ကျပြီးသား တည်ဆောက်ပြီး သားအခန်းတွေကိုပဲ လက်ခံကြတာများတယ်။

ဝယ်ရောင်းအကျိုးဆောင်ဦးဝင်းနိုင်က “ဒီနောက်ပိုင်းအပေါင်ထားတွေက ဆောက်ပြီးသား တိုက်သစ်တွေကို အာမခံပေးတဲ့သူ၊ ရင်းနှီးသူပဲ လက်ခံကြတာများတယ်၊ အရပ်ထဲမှာ ငွေချေးတဲ့သူတွေဆို တော့ တရားမဝင်ဘူးပေါ့လေ၊ တချို့တွေ ရောင်းပေါင်စာချုပ်တွေနဲ့ချုပ်ပြီး ချေးတာ အဲဒါတွေကြောင့် ဖြစ်တယ်”လို့ ရှင်းပြပါတယ်။

သည်နောက်ပိုင်းမှာ ငွေချေးတဲ့ သူတွေကလည်း တိုက်ခန်းအပေါင်ကို အရောင်းအဝယ်စာချုပ်နဲ့ ချေးတယ်။ လူနေတဲ့ အခန်းဆို လက်မခံဘဲ အခန်းလွတ်ကို ပိတ်ပြီးမှ လက်ခံကြတယ်။ ချေးတဲ့အခါမှာ လည်း အပြင်ပေါက်ဈေးရဲ့  ထက်ဝက် လောက်ကိုပဲ ဈေးပေးပြီး ချေးကြတယ်လို့
ဈေးကွက်အတွင်းက သိရပါတယ်။

အတိုးနှုန်းက မြေကွက်တွေကိုပေါင်တဲ့ အတိုးနှုန်းထက် အနည်းငယ်များတယ်လို့သိရတယ်။ လူနေပြီး အ ပေါင်ထားတယ်ဆို  အတိုးနှုန်းကို ရှစ်ကျပ်လောက်အထိ ပေးရပြီး အခန်းလွတ်ဆိုရင်တော့ ခုနစ်ကျပ်တိုး ဝန်းကျင်ပေးရ တယ်။ တချို့နေရာတွေမှာဆို ကိုးကျပ်အတိုးနှုန်းအထိ ရှိတယ်လို့ သိရပါတယ်။

Credit: The kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service