ပုံစံပြောင်းရောင်းချလာတဲ့ အိမ်ခြံမြေဈေးကွက် - Property News in Myanmar from iMyanmarHouse.com
2170 Views

ပုံစံပြောင်းရောင်းချလာတဲ့ အိမ်ခြံမြေဈေးကွက်

အိမ်ခြံမြေဈေးကွက်အတွင်း ကန်တရိုက်တိုက်ခန်း ၊မြေကွက် ၊လုံးချင်းတိုက်စတဲ့ အိမ်ခြံမြေလုပ်ငန်းတွေကိုနည်းလမ်းမျိုးစုံအသုံးပြုပြီး မြေပိုင်ရှင်နဲ့ ကန်ထရိုက်တွေကအရောင်းဈေးကွက်တင်လာကြတယ်လို့ အကျိုးဆောင်တချို့ဆီကသိရပါတယ် ။
‘အရင်ကအိမ်ခြံမြေလုပ်မယ်ဆိုရင်အကျိုးဆောင်ကိုအပ်တယ် ၊ရောင်းဝယ်ငှါးအားလုံးကိုအကျိုးဆောင်ကတဆင့်သွားကြတယ်၊အခုကျတော့အဝယ်ကမဖြစ်တော့ကိုယ်တိုင်အွန်လိုင်းတင်တယ် ၊ပွဲစားမလိုရောင်းမယ်လို့ကြော်ငြာထားတယ် ၊အရစ်ကျတွေကိုနှစ်အလိုက်ရောင်းလာကြတယ်’ လို့သုခအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက ကိုနန္ဒကပြောပါတယ် ။

ကိုယ်တိုင်ရှာ ကိုယ်တိုင်ရောင်း
သိန်း(၅၀၀)အောက်တိုက်ခန်းနဲ့မြေကွက်အများစုကိုတော့မြေရှင်အများစုကကိုယ်တိုင်အရောင်းတင်ပြီး ဈေးကွက်ရှာ
လာကြပါတယ် ။မြေကွက်အရောင်းဈေးကွက်မှာအရင်က
ကျပ်သိန်း၁၀၀ အောက်မြေကွက်တွေအရောင်းမရှိပေမဲ့
နောက်ပိုင်းမှာတော့
သိန်း၁၀၀အောက်မြေကွက်တွေအပြင်သိန်း၅၀အောက်မြေကွက်တွေပါခွဲခြမ်းပြီး
ရောင်းလာကြပါတယ်။ဈေးကွက်တိုင်းလိုလိုကိုယ်တိုင်အရောင်းတင်ပြီးတစ်ခါနဲ့တစ်ခါမတူညီတဲ့ လျှော့ဈေးတွေနဲ့ရောင်းလာကြပါတယ် ။တန်ဖိုးနည်းမြေကွက်အများစုကတော့အရင်ကဈေးကွက်ကောင်းချိန်ဝယ်ယူထားကြတဲ့မြေကွက်တွေဖြစ်ပြီးအများစုကတော့အိမ်မပါတဲ့စလစ်မြေ၊ပါမစ်နဲ့လယ်ယာမြေတွေဖြစ်ကြပါတယ် ။

တန်ဖိုးနည်းမြေကွက်အများစုကဒဂုံလေးမြို့နယ်ကမြေတွေအပြင်အခုနောက်ပိုင်းမှော်ဘီ ၊တိုက်ကြီး ၊မင်္ဂလာဒုံ ၊သန်လျင် ၊လေးထောင့်ကန်အစရှိတဲ့နေရာက မြေတွေကိုလည်းရောင်းချလာကြပါတယ် ။မြေကွက်ကိုအကျယ်အဝန်းရှိတိုင်းရောင်းချတာမျိုးထက်ငွေကြေးတတ်နိုင်သလောက်ခွဲခြမ်းပြီးရောင်းချတာတွေလည်းရှိနေပါတယ် ။

ရစ်ကျလည်း ရမယ်
အရင်ကကြိုပွိုင့်တိုက်ခန်းကိုသာအရစ်ကျရောင်းချတာဖြစ်ပေမဲ့နောက်ပိုင်းမှာတော့အသင့်နေထိုင်လို့ရတဲ့တိုက်ခန်းတွေနဲ့မြေကွက်တွေကိုပါအရစ်ကျရောင်းချလာကြပါတယ် ။ဒါ့အပြင်
မြေပိုင်ရှင်တွေကိုယ်တိုင်ကလည်းအကျိုးတူဆောက်လုပ်ထားတဲ့တိုက်ခန်းတွေကိုနားလည်မှု
နဲ့အရစ်ကျရောင်းချတာတွေရှိသလို (၃၀)ရာခိုင်နှုန်းပေးအသင့်နေပြီးလစဉ်ကြေးပေးသွင်းရောင်းချတာတွေလည်းရှိပါတယ် ။

သည်လိုအရစ်ကျရောင်းချတဲ့တိုက်ခန်းတွေကပြင်ပက
တိုက်ခန်းပေါက်ဈေးတွေထက်ကျပ်
(၁၀)သိန်းလောက်များပြီးအရစ်ကျကိုသုံးနှစ်လောက်အထိထားကာရောင်းချလာကြပါတယ် ။အရစ်ကျကို(၃၀)ရာခိုင်နှုန်းသွင်းကာတစ်လ(၅)သိန်းနဲ့ရောင်းချတာတွေရှိသလိုလူနေထိုင်လို့မရသေးတဲ့တိုက်ခန်းတွေကိုတော့(၃၀)ရာခိုင်နှုန်းသွင်းတစ်လတစ်ရာခိုင်နှုန်းနဲ့ရောင်းချတာတွေရှိတယ်လို့သိရပါတယ် ။တိုက်ခန်းအရောင်းရဲ့ဈေးနှုန်းတွေကတော့နောက်ပိုင်းမှာကျပ်သိန်း (၁၂၀)ကနေ (၁၄၀)လောက်အထိဈေးနှုန်းသင့်တင့်တဲ့တိုက်ခန်းတွေ
ပါဝင်ပြီးအားလုံးလိုလိုကိုအရစ်ကျရောင်းချလာကြပါတယ် ။


Credit :The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service