အထပ်မြင့်အိမ်ရာစီမံကိန်းများရပ်ဆိုင်းထားခြင်းကြောင့် ဝန်ထမ်းနှင့် အလုပ်သမားများ လျှော့ချနေရပြီဖြစ် - Property News in Myanmar from iMyanmarHouse.com
4379 Views

အထပ်မြင့်အိမ်ရာစီမံကိန်းများရပ်ဆိုင်းထားခြင်းကြောင့် ဝန်ထမ်းနှင့် အလုပ်သမားများ လျှော့ချနေရပြီဖြစ်

ရန်ကုန်မြို့တော်အတွင်း အထပ်မြင့်အိမ်ရာစီမံကိန်းများ ရပ်ဆိုင်းထားရခြင်းကြောင့် ဝန်ထမ်းနှင့်အလုပ်သမားများ အား လျှော့ချနေရပြီဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်း ရှင်များထံမှ သိရသည်။

ပြီးခဲ့သည့် မေ ၁၄ ရက်မှစတင်၍ ရန်ကုန်မြို့တော်၏ အထပ်မြင့်အိမ်ရာ စီမံကိန်းများ ရပ်ဆိုင်းခဲ့ရသည် မှာ နှစ်လပြည့်တော့ မည်ဖြစ်ကြောင်း၊ ယခုအခါ ဆောက်လုပ်ရေးလုပ်ငန်းရှင်များက လုပ်ငန်းများ ပြန်စ ရန် သေချာသောအဖြေများ မရှိသောကြောင့် ၄င်းတို့၏ ဝန်ထမ်းများကို တစ်လကြိုတင်Notice ပေးလိုက်ရကာ အလုပ်ပြောင်းရှာခိုင်းနေ ရပြီဖြစ်ကြောင်း၊ ဘဏ်အတိုး များရှိနေသောကြောင့် ၄င်းတို့၏ကုမ္ပဏီများကို ရပ်တည်နိုင် ရန်အတွက် ကြိုးစားကြရတော့မည်ဖြစ်ကြောင်း၊ စီမံကိန်း များရပ်ဆိုင်းခံထားရသော်လည်း အင်ဂျင်နီယာများ၊ ဝန်ထမ်းများနှင့် အလုပ်သမားများမှာ ဆောက်လုပ်ရေးမှ လွဲပြီး အခြားအလုပ်များကို မလုပ်ကိုင်တတ်သော ကြောင့် ၄င်းတို့၏အလုပ်အကိုင် အခွင့်အလမ်းများ အတွက် စိုးရိမ်စရာရှိနေကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင် များထံမှ သိရသည်။

ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ''ကျွန်တော်ဆို ကျွန်တော့်ဝန်ထမ်းတွေကို တစ်လကြို
တင် Notice ပေးလိုက်ပြီး အလုပ်ပြောင်း ရှာခိုင်းလိုက်ပါတယ်။ ကျွန်တော့်ကုမ္ပဏီမှာ ဝန်ထမ်း ၇ဝ ရှိပြီး သူတို့အတွက် လုပ်ခလစာပေးရတာက တစ်လကို ငွေကျပ် သိန်း ၅ဝဝ အထက်ရှိပါတယ်။ နိုင်ငံခြားသားပညာရှင်များကိုပါ လစာ ပေးနေရတော့ တစ်လကို ငွေကျပ် သိန်းပေါင်း တစ်ထောင် ကျော်ရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ တောင့်မခံနိုင်တော့လို့ ခုဆို ဝန်ထမ်းတွေကို လျှော့ချနေ ရပါပြီ။ အကြာကြီး လက်တွဲလုပ်ကိုင်လာကြတဲ့ ဝန်ထမ်း တွေကိုလျှော့ချရတာတော့ စိတ်မကောင်းပါဘူး။ ဒါပေမယ့် လုပ်ငန်းပြန်စရင် သူတို့ကိုပဲပြန်ခေါ်မှာပါ။ အစိုးရအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးမယ် ဆိုတာထက် ဒီဆောက်လုပ်ရေးလုပ်ငန်းက ဝန်ထမ်းတွေ၊ အလုပ်သမားတွေရဲ့ အခက်အခဲကြုံတွေ့နေကြရမှုတွေကို ကူညီပေးစေလိုပါတယ်။

အစိုးရအနေနဲ့လည်း လမ်း၊ ရေ၊ မီးပေးရတာ မလုံလောက်ဘူးလို့ ဆိုထားပါတယ်။ နိုင်ငံ တကာမှာဆိုရင် အစိုးရကလည်း အစိုးရအပိုင်းဖြစ်တဲ့ လမ်း၊ ရေနဲ့ မီးတို့ကို လုပ်ဆောင်လျက်ရှိပြီး ပုဂ္ဂလိက ကလည်း ဆောက်လုပ်ရေးလုပ်ငန်းတွေကို တစ်ပြိုင်တည်း တည်ဆောက်နေတာပါ။ တစ်ခုပြီးမှတစ်ခု ဖော်ဆောင်မယ် ဆိုရင်တော့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှောင့်နှေးနေပါလိမ့်မယ်။ ဒါကြောင့် လုပ်ငန်းအားလုံးကို တစ်ပြိုင်တည်းလုပ်ဆောင် သွားမှ နိုင်ငံတော် အတွက် ဖွံ့ဖြိုး တိုးတက်လာနိုင်စရာအကြောင်းရှိပါတယ်'' ဟုပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ မူဝါဒ အသစ်ရေးဆွဲမည်ဆိုပါက မူဝါဒအဆင့်မဟုတ်ဘဲ ဥပဒေ တစ်ရပ်အဆင့်ဖြစ်သင့်ကြောင်း၊ မူဝါဒဆိုပါက အုပ်ချုပ်သူ ပြောင်းလျှင် ပြောင်းနိုင်သည့်အတွက် ခိုင်မာသည့်ဥပဒေ တစ်ရပ်ဖြစ်သင့်ကြောင်း၊ အထပ်မြင့်အဆောက် အအုံ ဆောက်လုပ်ခွင့်ပြု မိန့်ရရှိပြီးနောက်အဆောက်အအုံ ဆောက်လုပ်ပြီးစီးချိန်နှင့်
ဆိုလျှင် အနည်းဆုံး ငါးနှစ်မှ ရှစ်နှစ်ထိ ကြာမြင့်ကြောင်း၊ ထိုအခါ အစိုးရပြောင်း၍ မူဝါဒများပြောင်းလဲလျှင် လုပ်ငန်းရှင်များအတွက် အခက် အခဲများ ကြုံတွေ့နိုင်သောကြောင့် ခိုင်မာသည့်ဥပဒေ တစ်ရပ်အဆင့်အဖြစ်သာ ရှိသင့်ကြောင်းနှင့် လက်ရှိအနေ အထားအရ ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းထား ရခြင်းကြောင့် ဆောက်လုပ်ရေးနှင့် ဆက်စပ်နေသည့် လုပ်ငန်းများအားလုံးထိခိုက်နေကြောင်း၊ လက်ရှိ ရန်ကုန် မြို့၌အထပ်မြင့်အဆောက်အအုံများ ဆောက်လုပ်နေသည့် ဆောက်လုပ်ရေး လုပ်ငန်း ၈ဝ ရာခိုင်နှုန်းမှာ လူငယ် လုပ်ငန်းရှင်မျက်နှာသစ်များ သာဖြစ်ကြောင်းနှင့် အထပ်မြင့် အဆောက်အအုံဆောက်လုပ်ရေးလုပ်ငန်း အပါအဝင် ဆက်စပ်လုပ်ငန်းများမှ အလုပ်သမားဦးရေမှာ သန်းချီ ရှိနေကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသိုက်အဝိုင်းမှ သိရသည်။

''ကျွန်တော်တို့အနေနဲ့ အထပ်မြင့်အိမ်ရာစီမံကိန်း တစ်ခုဆောက်လုပ်ရဖို့ ဆိုတာ မလွယ်ကူလှပါဘူး။ အဆောက်အအုံ ဆောက်လုပ်ခွင့်ပြုမိန့် ရရှိဖို့အတွက် သုံးနှစ်နီးပါးထိစောင့်ဆိုင်းရတာပါ။ ရေဆိုးစနစ်ဆိုရင် လည်း ရေသန့်နီးပါးပြန်လည်သန့်စင်ပြီး စွန့်ပစ်ရပါတယ်။ ဆိုလိုချင်တာကတော့ အထပ်မြင့်အဆောက်အအုံများ ဆောက်လုပ်ခွင့်ကို ယခင်မူဝါဒအတိုင်း ပြန်လည်စစ်ဆေး သင့်ပါတယ်။ လုပ်ငန်းရပ်ဆိုင်းပြီး စစ်ဆေးမှမဟုတ်ဘဲ အမြန်ဆုံးပြန်လည်ခွင့်ပြုပြီး စစ်ဆေးသင့်စေ လိုပါတယ်။ ဖြစ်သင့်တာကတော့ နည်းပညာအရည်အသွေးတွေကို အစိုးရက ကြီးကြပ်သင့်ပါတယ်။ ဆောက်လုပ်တဲ့ လုပ်ငန်း ရှင်များအနေနဲ့ အများပြည်သူသုံးနေရာ၊ ပန်းခြံလိုနေရာ မျိုးဆောက်လျှင် အရေးယူပါ။ နိုင်ငံသားစီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ နိုင်ငံတကာ နဲ့ ငွေကြေး နည်း ပညာများကို ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက်ကြောင့် အစိုးရ အနေနဲ့ လုပ်ငန်းရှင်တွေကို အားပေးအားမြှောက်လုပ်ဖို့လိုပါတယ်''ဟု အထပ်မြင့်ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

ထို့ပြင် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ရန်အတွက် ငွေကျပ် သိန်းသန်းပေါင်း များစွာရင်းနှီးခဲ့ရပြီး ထိုငွေကြေး များတွင် ဘဏ်ချေးငွေများနှင့် ကြိုပွိုင့်ရောင်းချခြင်းများ၊ကုမ္ပဏီပိုင်ငွေကြေးများပါဝင်ကြောင်း၊ မြေရှင်များ၊ ကြိုပွိုင့် ဝယ်ယူထားကြသူများနှင့် စာချုပ်စာတမ်းများဆောင်ရွက် ထားရခြင်းကြောင့် နောင်အခါ ဖြေရှင်း၍မရနိုင်သော ပြဿနာရပ်များဖြစ်လာနိုင်ကြောင်းနှင့် အထပ်မြင့် အဆောက်အအုံဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်း ထားခြင်းကြောင့် အနာဂတ်ကာလအတွင်း နိုင်ငံတော် စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ထိခိုက်စေနိုင် ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက သုံးသပ်ပြော ကြားသည်။

Credit: MOI Webportal Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service