Marga Landmark လုပ်ခွင့်ရ ယခင် သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနပိုင် မြေတ၀က်အစိုးရထံသို့ ပြန်ပေးဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com
2072 Views

Marga Landmark လုပ်ခွင့်ရ ယခင် သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနပိုင် မြေတ၀က်အစိုးရထံသို့ ပြန်ပေးဖွယ်ရှိ

ရွှေတိဂုံစေတီ အနီးမှ Dagon City (1) ဆောက်လုပ်ရေးစီမံကိန်းကို ဖျက်သိမ်းခဲ့သည့်အတွက် ယခင်အစိုးရက အစားပေးခဲ့သော စုစုပေါင်းမြေ နေရာ၏ တ၀က်နီးပါးကို နိုင်ငံတကာ ဆောက်လုပ်ရေးကုမ္ပဏီတခု ဖြစ်သည့် Marga Landmark က ပြန်ပေးဖွယ်ရာရှိနေ သည်ဟု အဆင့်မြင့် အစိုးရအရာရှိတဦးက ဧရာဝတီသို့ပြောသည်။

အဆိုပါ မြေနေရာသည် မြန်မာနိုင်ငံတွင်ပထမဆုံးသော စံချိန်စံညွန်းသတ်မှတ်ခြင်းဆိုင်ရာ (Metrology) သုတေသနစင်တာ တည်ထောင်ရန် ရည်ရွယ်ထားသည့် နေရာ ဖြစ်သည်ဟု သိပ္ပံနှင့် နည်းပညာဌာနမှ အမြဲတမ်းအတွင်းဝန် ဦးကျော်စွာစိုး ၏ အဆိုအရ သိရသည်။
ထိုသို့ ပြန်လည်ပေးအပ်ခြင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အစိုးရသစ်က တိုင်းပြည်၏ စီးပွားရေးကို အရှိန်မြှင့်တင် ရန်နှင့် အခြေခံအဆောက်အဦးများကို အဆင့်မြှင့်တင်နိုင်ရေးအတွက် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင် ရန် ကြိုစားနေပြီး တချိန်တည်းမှာပင် ယခင်အစိုးရလက်ထက်က ပြုလုပ်ခဲ့သည့် ပွင့်လင်းမြင်သာမှု မရှိသော အငြင်းပွား ဖွယ်ရာ သဘောတူညီချက်များကို ပြန်လည်သုံးသပ်နေချိန်တွင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

အစိုးရသစ်၏ ပြန်လည်သုံးသပ်သည့် မူဝါဒကြောင့် လူသိများသည့် လုပ်ငန်း အချို့ ရပ်ဆိုင်းပယ်ဖျက်မှုပေါ်ပေါက်လာ ရ သည့် အတွက် မြန်မာနိုင်ငံတွင် အုပ်ချုပ်ရေး အာဏာအပြောင်းအလဲတွင် ရင်းနှီးမြှုပ်နှံသူများ နောက်တွန့်သွားမည်ကို တချို့က စိုးရိမ်ခဲ့ကြသည်။
ရန်ကုန်မြို့ရှိ အင်းလျားကန်နှင့် ဆီဒိုးနားဟိုတယ် အနီးရှိ ၃၃ ဧကကျော် ကျယ်ဝန်းသည့် ယခင် သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန လက်အောက်ရှိ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနက ပိုင်ဆိုင်သည့် မြေကွက် မှ ၁၇ဒသမ၇ ဧက ကို Marga Landmark သို့ ယခင် အစိုးရ က ဖေဖော်ဝါရီလ အတွင်းက လွှဲပြောင်းပေးအပ်ခဲ့သည်။

မြန်မာနိုင်ငံ မှ ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ်နေရာ ဖြစ်သည့် ရွှေတိဂုံ စေတီ အနီးမှ အမေရိကန်ဒေါ်လာ သန်း ၃၀၀ တန် Dagon City (1 ) စီမံကိန်းကို ပြည်သူလူထု၏ ဆန့်ကျင်ကန့်ကွက်မှုကြောင့် ပြီးခဲ့သည့်နှစ် ဇူလိုင်လ အတွင်း တွင် သမ္မတဦးသိန်းစိန် ၏ ယခင်အစိုးရက ရပ်ဆိုင်းခဲ့ပြီးနောက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က နစ်နာကြေး အနေဖြင့် ယခုမြေနေရာကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

NLD အစိုးရ အာဏာရရှိလာသည့် ဧပြီလ နောက်ပိုင်းတွင် သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန ကို သိပ္ပံနှင့် နည်းပညာဌာန အဖြစ် ပြောင်းလဲဖွဲ့စည်း၍ ပညာရေးဝန်ကြီးဌာန လက်အောက်သို့ ရောက်ရှိသွားခဲ့သည်။

အမြဲတမ်းအတွင်းဝန် ဦးကျော်စွာစိုးက ထိုကဲ့သို့ မြေနေရာ အစားထိုးပြန်ပေးခဲ့ခြင်းအပေါ် ပညာရေး ၀န်ကြီးဌာနက အစိုးရသစ်နှင့် ပြည်ထောင်စုလွှတ်တော်မှ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် တို့ထံ အသိပေးအကြောင်းကြား ခဲ့သည်ဟု ပြောသည်။

“တချို့တ၀က် ပြန်ရဖို့ ကြိုးစားနေပါတယ်။ သတင်းကြားတာကတော့ တ၀က်လောက်ပြန်ရမယ်လို့ ကြားထားပါတယ်” ဟု သူက ဧရာဝတီသို့ ဇွန်လ ၃၀ ရက်နေ့တွင်ပြောသည်။

သူတို့ ကန့်ကွက်ခဲ့ရသည်အကြောင်းမှာ ချထားပေးခဲ့သည့် မြေနေရာ ၃၃ ဧကကျော်သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော သုတေသန ဌာနရှိခဲ့သည့် သမိုင်းဝင်နေရာတခု ဖြစ်သည့်အတွက်ကြောင့် ဖြစ်သည်ဟု ဦးကျော်စွာစိုးကပြောသည်။

“အစိုးရက စိစစ်ပြီးတတ်နိုင်သမျှ ပြန်ရအောင် လုပ်ပေးမယ် ဆိုတော့ ကျနော် တို့ ပြန်ရမှာပါ ” ဟု သူကဆိုသည်။

နိုင်ငံတော်စက်မှုလက်မှုနှင့် သုတေသန ဌာနအား ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေး မရရှိမီ တနှစ်အလို ၁၉၄၇ ခုနှစ်တွင် ထိုနေရာတွင်စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းတွင်လည်း စက်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၇ ခုနှစ် သူလုပ်ကြံမခံရမီက ရန်ကင်းမြို့နယ် ကမ္ဘာအေး ဘုရားလမ်းနှင့် သစ္စာလမ်းထောင့်ရှိ မြေ ၃၃ ဧက ကျော်ကို ထို သုတေသန ဌာန အတွက် သတ်မှတ်ပေးခဲ့သည်ဟုလည်းဆိုကြသည်။
၁၉၅၆ ခုနှစ်တွင် ထိုနေရာတွင် မြန်မာနိုင်ငံ၏ ပထမဆုံး အနုမြူစွမ်းအင်ဌာနကို တိုးချဲ့ထည့်သွင်းနိုင်ခဲ့ပြီး ပြည်ထောင်စုမြန်မာနိုင်ငံ လက် တွေ့သုတေသန လုပ်ငန်းအဖွဲ့ဟု အမည်ပြောင်းလဲခဲ့သည်။ ယခုအစိုးရလက်ထက် ဌာနများဖြစ်သည့် သိပ္ပံနှင့် နည်းပညာ ဌာန နှင့် သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာန တို့၏ ရှေ့ပြေးအဖွဲ့အစည်းလည်း ဖြစ်ပါသည်။

“ကျနော်တို့ မြေကို ပြန်ရခဲ့မယ်ဆိုရင် ကျနော်တို့ရတဲ့ ဘတ်ဂျတ် အခြေအနေပေါ် မူတည်ပြီး ခေတ်မီဓာတ်ခွဲခန်းတခု တည် ဆောက်မယ့်နေရာ ဖြစ်လာပါလိမ့်မယ်။” ဟု အမြဲတမ်းအတွင်းဝန် ဦးကျော်စွာ စိုးကပြောသည်။ ၂၀၁၄ ခုနှစ်ကထဲက ဆောက်လုပ်ရန် စီစဉ်ထားသည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော ခေတ်မီစံချိန်စံညွန်းသတ်မှတ်ခြင်းဆိုင်ရာ (Metrology) သုတေသန ဌာနကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။

ယခုအချိန်တွင် မြေနေရာ တ၀က်နီးပါးကို အစိမ်းရောင် စည်းရိုးဖြင့် ပိတ်ကာထားသည်။ Marga Landmark ၏ စီမံကိန်း နယ်မြေကို ပိုင်းခြားသတ်မှတ်ထားခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလ အတွင်းက အစိုးရပိုင်ကြေးမုံသတင်းစာနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မ ရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက “၀န်ကြီးဌာနက သူတို့ပေးနိုင်တဲ့ ပမာဏကို ဖဲ့ပေးတာဖြစ်ပါတယ်။” ဟုပြောကြားခဲ့သည်။
သို့သော်လည်း ၀န်ကြီးဌာနမှ သတင်းအရင်းမြစ်များ၏ အဆိုက ကွဲပြားနေသည်။

Marga Landmark ကုမ္ပဏီသို့ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အတည်ပြုချက်ဖြင့် ဖေဖော်ဝါရီလအတွင်းက ချထားပေးခြင်းမပြုမီ ၂၀၁၅ ခုနှစ်နှောင်းပိုင်းက ထဲက မြေနေရာကို ဆောက်လုပ်ရေး ၀န်ကြီးဌာန လက်အောက်ရှိ မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနသို့ ပေးအပ်ခဲ့ရသည် ဟု သုတေသနနှင့် တီထွင် ဆန်းသစ်မှု ဦးစီးဌာနမှ အကြီးတန်းအရာရှိတဦးကပြောသည်။

ယခင်ကလည်း ဆောက်လုပ်ရေး လုပ်ငန်းရှင် အချို့က ထိုနေရာကို ရရှိရန် ထိုစဉ်က သိပ္ပံနှင့် နည်းပညာဝန်ကြီး ဒေါက်တာ ကိုကိုဦး ကိုချဉ်းကပ်ခဲ့ကြသည်ဟု သူကထပ်ပြောသည်။ “ဒါပေမယ့် ၀န်ကြီးက အားလုံးကို ငြင်းပယ်ခဲ့တယ်။”

“အဲဒီအချိန် (လွှဲပေးရမည့်အချိန်)က သူ(၀န်ကြီး) တော်တော် အံ့သြသွားတယ်။ ဒါပေမယ့် အထက်ကလာတဲ့ အမိန့်ဆို တော့ သူဘာမှ မလုပ်နိုင်ခဲ့ဘူး။” ဟု အဆိုပါ အရာရှိကြီးကပြောသည်။ သူက တရားဝင်ပြောရေးဆိုခွင့် ရှိသူ မဟုတ်သည့် အတွက် သူ၏ အမည်ကို ထုတ်ဖော်ရေးသားခြင်း မပြုရန်လည်း ပြောသည်။

စီးပွားရေး စီမံကိန်းတခုအတွက် Marga Landmark သို့ မြေနေရာလွှဲပြောင်းပေးခဲ့ရသည့်အတွက် စိတ်မချမ်းမြေ့ခဲ့ရဟု လည်း သူက ပြောသည်။

“ဒါပေမယ့် အဲဒါက ကျနော်တို့အနေနဲ့ ဘာမှလုပ်လို့မရဘူး။ ကျနော်တို့က အစိုးရ၀န်ထမ်းတွေ ဖြစ်တဲ့ အတွက် ကျနော်တို့ကို ခိုင်းတဲ့ အတိုင်းလုပ်ရမှာပဲ။ ဒီနေရာတခုလုံးက စီစဉ်ထားပြီးသားအတိုင်း သိပ္ပံ သုတေသန လုပ်ရမယ့်နေရာတခုပဲ ဖြစ်သင့်တယ်။” ဟုလည်း ထပ်ပြောသည်။
ဇွန်လ ၃၀ ရက်နေ့က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦး ထံ ထိုကိစ္စနှင့် ပတ်သက်ပြီး မှတ်ချက်တောင်းခံ၍ မရရှိခဲ့ပါ။

ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်က ယေဘူယျအားဖြင့် အစိုးရသစ် အပေါ် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ၊ အထူး သဖြင့် တာဝန်ယူမှုရှိစွာဖြင့် ရင်းနှီးမြှုပ်နှံသူများ ၏ အထင်အမြင်လွဲမှားမှုများ ရှိလာမည်ကို စိုးရိမ် ကြောင်းပြောသည်။
“ဒီကိစ္စနဲ့ ပတ်သက်လို့ ကျမမြင်သလောက်ပြောရရင် အစိုးရနဲ့ ကုမ္ပဏီ (Marga Landmark) က ဘယ်လို ညှိကြမလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။” ဟု သူကဆိုသည်။

“ကုမ္ပဏီကလည်း စီမံကိန်းကို ဆက်လုပ်ချင်လိမ့်မယ်။ အစိုးရကလည်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေကို အတားအဆီး ဖြစ် စေချင်မှာ မဟုတ်ဘူး။ အဲဒီတော့ သူတို့ ညှိနှိုင်းရလိမ့်မယ်။ နှစ်ဖက်စလုံးကရေရှည် အတွက် စဉ်းစားကြတာပိုကောင်းမယ်လို့ ကျမ ထင်ပါတယ်။” ဟု ဒေါ်ဇင်မာအောင်ကပြောသည်။

Credit: Irrawaddy

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service