ကွယ်ပျောက်နေသည့် မြို့ပြအလှတရားတစ်ရပ် - Property Knowledge in Myanmar from iMyanmarHouse.com
1532 Views

ကွယ်ပျောက်နေသည့် မြို့ပြအလှတရားတစ်ရပ်

Knowledge | Posted by Aye Myat Thu

မြို့ပြဆိုသည်က မြို့ပြအင်္ဂါရပ်နှင့်ညီညွတ်ရ မည်သာဖြစ် သည်။ မြို့ပြအင်္ဂါရပ် ဆိုသည်မှာလည်း မြို့ပြအသွင် သဏ္ဌာန်ကို ကိုယ်စားပြုသည့် အမြင်ပသာဒတင့်တယ်ခြင်း၊ သပ်ရပ်သန့်ရှင်းခြင်း၊ ဂုဏ်ရှိန်ခမ်းနားဝင့် ထည်ခြင်းတို့ ကို ဖော်ကျူးနေရမည်သာ။ ခေတ်ကာလအခြေအနေအပေါ်မူတည်၍ ပြောင်းလဲဖြစ်ထွန်းနေသော နိယာမ သဘောတရား အတိုင်း တစ်ချိန် ခေတ်စားခဲ့သော မြို့ပြလက္ခဏာ အသွင် သဏ္ဌာန်သည် နောက်အချိန်တစ်ခုသို့ရောက်သောအခါ ဆက်လက်ခေတ်မစားတော့ဘဲ ပုံစံတစ်မျိုးပြောင်း လဲကာ ခေတ်စားတတ်သည်။ အပြောင်းအလဲ ကိုမက်မောသော လူသားတို့အလိုအရသာတည်း။

မြန်မာ့အိမ်ရာသည် မြန်မာတို့ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်အသိအမြင်၊ ကိုယ်ပိုင်ဖန်တီးတီထွင်မှုနှင့် ကိုယ်ပိုင်တည်ဆောက်တွေးမြင်မှုတို့အပေါ် နှစ်ပေါင်းများစွာအခြေတည်ခဲ့သည်။ အင်္ဂလိပ်နယ်ချဲ့တို့၏ လွှမ်းမိုးသိမ်းပိုက်မှု မခံရမီတုန်းက မြန်မာ့အိမ်ရာများသည် မြန်မာမှုအတွေးအမြင်၊ မြန်မာမှုအနုလက်ရာ၊ မြန်မာမှုတည်ဆောက်ဖန်တီးနိုင်စွမ်းတို့ဖြင့်သာ ဗိသုကာစာမျက်နှာ ဂုဏ်ယူစွာဖွင့်ဟနိုင်ခဲ့သည်။ တောသားတောင်သူ မိလက္ခူတို့ နေထိုင်သော မြေစိုက်တဲငယ် အစ၊ ကျေးလက်ကြေးရတတ်တို့နေထိုင်သော အိမ်ကြီးရခိုင်များ အလယ်၊ နန်းတွင်းလူကုံထံတို့နေထိုင်သော အိမ်တော်မဟာများအဆုံး မြန်မာမှုနည်းနာ အတတ်ပညာများဖြင့်သာ ထုံမွမ်းခဲ့၏။ ထိုအထဲမှ လသာဆောင်နှင့် ဆင်ဝင်တိုသည် မြန်မာတို့မူပိုင် ခမ်းနားသောအိမ်ဆောင်တို့၏ ၀င့်ကြွားမှုအမှတ် လက္ခဏာဖြစ်ခဲ့သည်။

သစ်ကောင်းဝါးကောင်းပေါများသော တစ်ချိန်ကမြန်မာနိုင်ငံတွင် အိမ်ဆောက်လျှင် သစ်အကောင်းများမရရအောင် စောင့်ဆိုင်းရှာဖွေ ရွေးချယ်စုဆောင်းကြမြဲဖြစ်သည့်အားလျော်စွာ အိမ်ကြီးအိမ်ကောင်း များမှန်လျှင် သစ်များက ဒေါင်ဒေါင်မြည်ပထမ တန်းစားများသာ ဖြစ်ကြ၏။ ထိုအထဲမှ သစ်ပင်လုံးပတ်ကြီးကြီး ဖြောင့်ဖြောင့်စင်းစင်း ခိုင်ခိုင်မာမာများကို ရွေးထုတ်၍ အိမ်ရှေ့မျက်နှာစာ လသာဆောင်နှင့် ဆင်ဝင်ဆောင် တွဲဖက် တည်ဆောက်ကြသည်။ ထိုအစဉ်အလာသည် ကိုလိုနီခေတ် အင်္ဂလိပ်အစိုးရ၀န်ထမ်းများအမြင်တွင်လည်း တင့်တယ်လျောက်ပတ်ဟန်ရှိသည်။ အနောက်နိုင်ငံနည်းစနစ်ဖြင့်ဆောက်သော အုတ်တိုက်များ၌ပင်လျှင် ဆင်ဝင်ဆောင်သတ်သတ် တွဲ၍ဆောက်ထားသော နေအိမ်များ မြန်မာနိုင်ငံမြို့ကြီးများအနှံ့အပြားတွင် ပေါ်ထွန်းလာခဲ့သည်။ ဆင်သတ္တ၀ါကို အကောင်လိုက်အရှင်လတ်လတ်မမြင်ဖူးသော မြို့များ၌ပင် ဆင်ဝင်ဆောင်နှင့်အိမ်များက နေရာယူလာကြသည်။

သာမန် ပုံစံရိုးရိုးစင်းစင်းအိမ်အနေထက် ဆင်ဝင်ဆောင်သီးသန့်ပါသောအိမ်က အဟန့်ပိုကောင်း၏။ နှစ်ထပ်အိမ်ချင်းအတူတူဖြစ်လင့်ကစား ဆင်ဝင်ဆောင်၏ဂုဏ်ဒြပ်က အိမ့်ကျက်သရေကို နှစ်ဆတိုးစေသည်။ အိမ်မကြီး၏ရှေ့မျက်နှာစာနယ်နိမိတ်အစပ် မျက်နှာစာပမာဏထက်ဝက်ခန့်ကို အလယ်ဗဟိုမှအညီအမျှယူလျက် ဖွဲ့စည်းထားသော ဆင်ဝင်ဆောင်သည် အိမ်၏ခမ်းနားမှုကို သာမန်ထက်ဖော်ကျူးပေးသည်။ မိုးများသော အောက်အရပ်ဒေသများတွင် သစ်သားဆင်ဝင်ဆောင် တည်ဆောက်သည့်အခါ အပေါ်ထပ်ကို အမိုး၊ အကာတို့နှင့် လုံခြုံစွာစီရင်ထားသည်။ အပေါ်ထပ်အဆောင်အနေဖြင့် လသာဆောင်အဖြစ် သဘာဝအလှခံစားနိုင်သည့်နည်းတူ မိသားစုအပန်းဖြေရာစည်းဝေးဆောင်အဖြစ်လည်းကောင်း၊ ဧည့်ကောင်းစောင်ကောင်းများ လက်ခံတွေ့ဆုံ ဧည့်ဝတ်ပြုရာ ဧည့်ခန်းဆောင်အဖြစ်လည်းကောင်း အသုံးပြုကြသည်။

ထိုမှတစ်ဝ အိမ်ရာကို အုတ်များ၊ ကျောက်များသာ အသုံးပြုတည်ဆောက်လာသည့်အချိန်တွင်လည်း ဆင်ဝင်လသာဆောင်တို့၏အခန်းကဏ္ဍက မှေးမှိန်မသွား၊ ပို၍ပင်လင်းလက်လာသည်။ အင်္ဂတေ ခင်း၊ အုတ်စီ၍ ဆောက်သော အဆောက်အအုံများဖြစ်ရကား မိုးရေခညောင်းမည့်ဒဏ်ကို စိုးရိမ်ပူပန်စရာမလို။ ထို့ကြောင့် အမိုးအကာမပါသော ဟင်းလင်းပြင်ဆင်ဝင်လသာဆောင် များ ဆောက်လုပ်ခြင်းဖြင့် အိမ့်ကျက်သရေကို တိုးမြှင့်ခဲ့ကြသည်။ လသာဆောင်အောက် ဘက်အရပ် ကတော့ စီးတော်ကားများရပ်နားရန် သုံးကြသည်။ နေပူဒဏ်၊ မိုးရွာဒဏ်ကို အကာအကွယ် တစ်ရပ်အဖြစ်။ ထို့ထက်ပိုအသုံးတည့်သည်က မိမိအိမ်ဂေဟာသို့ မော်တော်ကားဖြင့်လာသည့် ဧည့်သည်စောင်သည်အဖို့ မိုးသည်းသည်းရွာနေစဉ်လာရခြင်းဖြစ်သည့်တိုင် မိုးကြောင့်ဣနြေ္ဒပျက်စရာမလို။ ကားကို ဆင်ဝင်အောက် မောင်းဝင်လာ၊ အိမ်တံခါးမရှေ့တည့်တည့်တွင်ရပ်၊ ထီးဖွင့်ဆောင်းစရာမလို၊ အပြေးအလွှားကသုတ်ကရက်နိုင်စွာ အိမ်ထဲပြေးဝင်စရာမလို၊ မိုးစက်ပွင့်တို့ကို ထီမထင်သောမျက်နှာပေးဖြင့် မိုးမခလူသားအဖြစ် ကုဋေတစ်သန်းတန်သည့် ခြေလှမ်းမှန်အပြည့်ဖြင့် စကြာဖြန့်နိုင်သည်။

မြန်မာတစ်နိုင်ငံလုံးကို ကိုလိုနီပြုပြီးသော အခါ အောက်မြန်မာနိုင်ငံမြို့တော်အဖြစ် ကုန်းလမ်း၊ ရေလမ်း အချက်အချာကျသည့်အပြင် ပင်လယ်ထွက်ပေါက်လည်းရှိသော ရန်ကုန်မြို့ကို ဗြိတိသျှနယ်ချဲ့အစိုးရက ရွေးချယ်သတ်မှတ်ခဲ့သည်။ မြို့တော်အဖြစ်သတ်မှတ်လိုက်ခြင်းကြောင့် မြို့ပြအင်္ဂါရပ်နှင့်ညီညွတ်အောင် မြို့ကွက်ချခြင်းအမှု ပြုရသည်။ လမ်းမကြီးများကို ထောင့်မှန်ဖြတ်သန်းသော လမ်းသွယ်များ ဖန်တီးသည်။ ထိုသို့ဖန်တီးရာတွင် လမ်းသွယ်များကိုပင် လမ်းကျဉ်းနှင့်လမ်းကျယ် ခွဲထုတ်ကာ လမ်းကျယ်တစ်လမ်း၊ လမ်းကျဉ်းနှစ်လမ်းနှုန်းဖြင့် အကွက်အကွင်းကျကျစီစဉ်ဖောက်လုပ်ပေးသည်။ လမ်းတိုင်းတွင် တစ်လုံးနှင့်တစ်လုံး ထိစပ်နေသော တိုက်များကို သတ်မှတ်အကျယ်အ၀န်းအတိုင်း တည်ဆောက်စေသည်။

လမ်းမကြီးမျက်နှားပြုတိုက်များကို များသောအားဖြင့် ထိုစဉ်ကအမြင့်ဆုံးဖြစ်သော လေးထပ်တိုက်များ တည်ဆောက်စေသည်။ အနီးကပ်တည်ရှိနေသော တိုက်အချင်းချင်း ညှိနှိုင်းကာ နှစ်ထပ်၊ သို့မဟုတ် သုံးထပ် တိုက်များကို မျက်စိပသာဒဖြစ်စရာ တစ်ညီ တည်းဆောက် လုပ်ခြင်းများလည်းရှိသည်။ လမ်းသွယ်များအတွင်း ဘက်တိုက်များကတော့ နှစ်ထပ်၊ သုံးထပ်၊ လေးထပ် စသဖြင့် မြေရှင်စိတ်တိုင်းကျတည်ဆောက်ကြသည်။ အငှါးချရန်၊ ပြန်ရောင်းရန် ဆန္ဒမရှိဘဲ ကိုယ်တိုင်သီးသီးသီးသန့်သန့်နေလိုသူ မြေရှင်များကတော့ တစ်ထပ်တိုက်များသာဆောက်ထားသည်ကိုလည်း ရှားရှားပါးပါးတွေ့ရသည်။ အိမ်များကတော့ ယခင်ခေတ်ဟောင်းမြန်မာအိမ်များကဲ့သို့ သစ်သားအိမ်များမဟုတ်တော့၊ မြို့ပြလက္ခဏာကို အထင်အရှားဖော်ကျူးနိုင်သည့် တိုက်အိမ်များသာ ဖြစ်ရတော့သည်။ လမ်းကျယ်များအတွင်း မြေနေရာဝယ်ယူသူများကတော့ လမ်းကျဉ်းများထဲမှပိုင်ရှင်များထက် ပိုမိုချောင်လည်မှုရှိကြသည်။ အဘယ်ကြောင့်ဟူမူ လမ်းကျယ်များမှတိုကခန်းဧရိယာက လမ်းကျဉ်းများရှိတိုကခန်းဧရိယာထက် သိသိသာသာကျယ်ပြန့်ကာ ဈေးကလည်းပိုကြီးခြင်းကြောင့်ဖြစ်သည်။

မြို့ကွက်ဖော်ထုတ်သတ်မှတ်ပြီး၍ တိုက်များဆောက်ရန် ပုံစံတင်သောအခါ လမ်းကျယ်များအတွင်းရှိ မြေပိုင်ရှင်များနှင့် လမ်းမတန်းမျက်နှာစာ မြေပိုင်ရှင်များက တိုက်ဥပစာရှေ့ ပလက်ဖောင်းဧရိယာကိုမှီကာ ဆင်ဝင်လသာဆောင်များ ထည့်သွင်းတည်ဆောက်ခွင့်ပြုရန် အိမ်ပုံစံနှင့် တကွ ဆောက်လုပ်ခွင့်တင်ကြသည်။ မြူနီစီပယ်အဖွဲ့ကလည်း မြို့ကွက်အခင်းအကျင်းမြေပုံကိုကြည့်၍ သင့်လျော်သောအကွာအဝေးအတွင်း ဆင်ဝင်လသာဆောင်များ တည်ဆောက်ခွင့်ပြုကြသည်။ ကိုလိုနီခေတ်လက်ကျန် တိုက်များတွင် ဆင်ဝင်လသာဆောင် ထည့်သွင်းဆောက်လုပ်ထားသောတိုက်များ တွေ့နိုင်သည်။ ပလက်ဖောင်းပေါ်တွင် အုတ်တိုင်များအခြေပြုလျက် တည်ဆောက်ထားသော ဆင်ဝင်လသာဆောင်များသည် ခြေကျင်ခရီးသွားများအတွက် နေပူဒဏ်မှ ခေတ္တလွတ်မြောက်စေသည့် အေးရိပ်ဖြစ်သကဲ့သို့ မိုးဒဏ်ကိုကာကွယ်ပေးသည့် ခိုနားရာအမိုးအဖြစ်လည်း အကျိုးသက်ရောက်မှုရှိသည်။ အိမ်ရှင်များအတွက်မူ ဆိုဖွယ်မရှိ၊ အပြင်ထွက်၍ လမ်းပေါ်စီးမို့းကည့် ရှုနိုင်သည့် အခွင့်အရေး ရနိုင်သလို မိမိမိသားစုဝင်များချည်းသီးသန့် ကျယ်ကျယ်လွင့်လွင့်အနားယူအပန်းဖြေနိုင်ခွင့်လည်း ရှိသည်။

ယခုတော့ ထူထပ်သိပ်သည်းလာသည့် လူဦးရေ၊ ကာဒဦးရေတို့ကြောင့် လမ်းဧရိယာချဲ့ထွင်ခြင်းပြုရရာ လမ်းပေါ်တွင်နေရာယူထားသော ပလက်ဖောင်း များကို နောက်သို့ဆုတ်ပေးရတော့သည်။ ထိုအခါ ပလက်ဖောင်းကိုအခြေပြုတည်ဆောက်ထားရသော ဆင်ဝင်လသာဆောင်များ ဖယ်ရှားပေးရတော့သည်။ ထို့ပြင်တစ်ဝ ကိုလိုနီခေတ်ကတည်ဆောက်ခဲ့သော သက်တမ်းရင့်တိုက်များ ဖြိုဖျက်ကာ အသစ်ပြန်လည် တည်ဆောက်ခွင့်တောင်းခံလျှင် ဆင်ဝင်လသာဆောင် ပြန် လည်ထည့်သွင်းခွင့်မရှိတော့။ တစ်ချိန်က လမ်းမကျယ် တစ်ဖက်စွန်းမှမျှော်ကြည့်လိုက်လျှင် ဆင်ဝင်လသာဆောင် များ ကြိုးကြားတန်ဆာဆင်ထားသည့် မြို့ပြမြင်ကွင်းမှသည် တုံးတိတိတိုက်မျက်နှာများအတိပြီးသောမြင်ကွင်းအဖြစ် ပြောင်းလဲခဲ့ပြီ။ မြို့ပြအင်္ဂါမပြည့်စုံတော့ပြီဖြစ်သော မြို့ပြမြင်ကွင်းကား ဆားမပါသောဟင်းလျာ ကဲ့သို့ ပေါ့ဖွယ်ဖွယ်ဖြစ်နေမည်ကတော့ အသေအချာ။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

Upcoming Property Events

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service