ရန်ကုန်မြို့က အများပိုင်မြေများ ပြန်လည်ရရှိရေးအဆို လွှတ်တော်မှာ အနိုင်ရရှိ - Property News in Myanmar from iMyanmarHouse.com
4953 Views

ရန်ကုန်မြို့က အများပိုင်မြေများ ပြန်လည်ရရှိရေးအဆို လွှတ်တော်မှာ အနိုင်ရရှိ

ရန်ကုန်မြို့က အများပြည်သူပိုင်မြေနေရာတွေကို အများပြည်သူပြန်လည်ရရှိရေးအတွက် တောင်းဆိုတဲ့အဆိုကို ရန်ကုန်မြို့တော်ဝန်က ကန့်ကွက်ခဲ့ပေမဲ့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး မဲအသာနဲ့ အနိုင်ရရှိပါတယ်။

သည်လ ၁၆ ရက်နေ့က ကျင်းပတဲ့ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)က ဦးနေမျိုးကျော်(ခ)ဦးနေဘုန်းလတ်က အများပြည်သူပိုင်နေရာများကို အများပြည်သူကိုပြန်လည် ပိုင်ဆိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးဖို့ လွှတ်တော်မှာ တိုက်တွန်းဆွေးနွေးခဲ့တာ ဖြစ်ပါတယ် ။

သည်အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦးက ထောက်ခံဆွေးနွေးကြပါတယ် ။ ဘောလုံးကွင်းတွေ ၊ အများပြည်သူအပန်းဖြေရာနေရာ ပန်းခြံတွေ ၊ မီးရထားလမ်းတွေ စတာတွေကို ဌာနဆိုင်ရာအမည်ပေါက်နဲ့ရယူတာ ၊ ပုဂ္ဂလိကကို နှစ်ရှည်ငှားရမ်းတာ ရောင်းချတာတွေ ဆောင်ရွက်နေတယ်လို့ ဆွေးနွေးကြပါတယ် ။

သင်္ဃန်းကျွန်းဈေးဘေးမှာ တည်ဆောက်ထားတဲ့ အရှေ့ပိုင်းခရိုင်ဈေးစည်ပင်ရုံးနဲ့ပတ်သတ်ပြီး ရန်ကုန်မြို့တော်ဝန်က ဥပမာပေးဖြေကြားပါတယ် ။ ပြန်လည်ဖြို့ဖျက်ရင် အစိုးရရဲ့ ဘတ်ဂျက်ငွေ ဆုံးရှုံးစေတယ်ဆိုပြီး အဆိုကို မှတ်တမ်းအနေနဲ့သာ ထားဖို့ ပြောပါတယ် ။

ဦးနေဘုန်းလတ်က ‘သင်္ဃန်းကျွန်းက ဟာက ဥပမာပေးတာပါ ၊ ၂၀၁၄ ခုနှစ်စက်တင်ဘာလ ၂၉ ရက်နေ့က ပြည်ထောင်စုတရားလွတ်တော်ရုံးချုပ်က ဒီအဆောက်အအုံဟာ တရားဥပဒေနဲ့မညီဘူးလို့ အပြီးသတ်အမိန့်ချပြီးဖြစ်ပါတယ်’ လို့ပြောပါတယ်။

စည်ပင်ဆိုတာ အုပ်ချုပ်ရေးမဏ္ဍိုင်ပါ ၊ တရားစီရင်ရေးမဏ္ဍိုင်က တရားဥပဒေနဲ့ မညီဘူးလို့ ဆုံးဖြတ်ချက်ချထားတယ် ၊ စည်ပင်က သည်ဟာကိုမဖျက်ဘူး ၊ ဒါကိုကျွန်တော်နိုင်ငံရေးလို့မြင်တယ် ၊ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားဥပဒေစိုးမိုးရေးမဏ္ဍိုင်မဖုအကျိတ်သဘောမျိုးဆောင်ပါတယ် ၊ တရားဥပဒေစိုးမိုးရေးလို့ ပြောနေရင် တရားဥပဒေအထက်မှာ ဘယ်သူမှ မရှိရဘူးလို့ ဦးနေဘုန်းလတ်က ဆက်လက်ပြောကြားပါတယ် ။

သင်္ဃန်းကျွန်းဈေးဘေးနားမှာရှိတဲ့ ရပ်ကွက်ဖြတ်လမ်းလမ်းတိုလေးပေါ်မှာ စည်ပင်က တည်ဆောက်ထားတဲ့ အရှေ့ပိုင်းခရိုင် ဈေးစည်ပင်ရုံး နှင်ထပ်အဆောက်အအုံတည်ဆောက်စဉ်ကပင် ဈေးသူဈေးသားတွေနဲ့ ရပ်ကွက်နေပြည်သူတချို့က ကန့်ကွက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ် ။

လွှတ်တော်ဥက္ကဌက အဆိုရှင်နဲ့ ရန်ကုန်မြို့တော်ဝန်တို့ သဘောထားကွဲလွဲတာကြောင့် လွတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်ရဲ့အဆိုကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် ထောက်ခံသူများပြီး မဲအပြတ်အသတ်နဲ့ လွှတ်တော်မှာ အတည်ပြုခဲ့ပါတယ် ။

မြို့တော်ဝန် ဦးမောင်မောင်စိုးက ‘အဖြေရှာတဲ့နေရာမှာ မှတ်တမ်းအရ အဖြေရှာတာပါ ၊ အများပြည်သူနေရာမှာ အများပြည်သူပိုင်ဆိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးတဲ့ အဆိုကိုတော့ ကျွန်တော်ထောက်ခံပါတယ် ၊ ကျွန်တော်ဒီအဆိုကို ကန့်ကွက်တာမဟုတ်ပါဘူး ၊ စည်ပင်ကို စည်ပင်လို့ကြည့်လို့မရပါဘူး ၊ စည်ပင်ဆိုတာကလဲ အစိုးရပါပဲ’ လို့ပြောပါတယ် ။

အစိုးရပိုင်မြေပေါ်မှာ အစိုးရအဆောက်အအုံတွေကို အများပြည်သူအတွက် အလို့ငှာဆိုတာ သူ့ရဲ့မှုလအဆို ၊ ကျွန်တော့်ရဲ့ တင်ပြချက်အဆိုက case study အနနဲ့သုံးသပ်တာ ၊ သူက nation level အနေနဲ့သုံးသပ်တာ ၊ သည်အဆိုကို ကျွန်တော်က ကန့်ကွက်တာမဟုတ်ဘူးလို့ ဦးမောင်မောင်စိုးက ရှင်းလင်းပြောကြားပါတယ် ။

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service