တနင်္သာရီတွင် နိပွန်ဖောင်ဒေးရှင်းအကူအညီဖြင့် ကျေးရွာသစ် လေးရွာ တည်ထောင်မည် - Property News in Myanmar from iMyanmarHouse.com
908 Views

တနင်္သာရီတွင် နိပွန်ဖောင်ဒေးရှင်းအကူအညီဖြင့် ကျေးရွာသစ် လေးရွာ တည်ထောင်မည်

တနင်္သာရီတိုင်းဒေသ ကြီးရှိ ကရင်အမျိုးသားအစည်းအ ရုံး (KNU) တပ်ဖွဲ့ဝင် မိသားစုများ နှင့် စစ်ဘေးရှောင်ဒေသခံများအ တွက် နိပွန်ဖောင်ဒေးရှင်းအကူအ ညီဖြင့် ကျေးရွာသစ်လေးရွာ တည် ထောင်၍ နေရာချပေးမည်ဖြစ် ကြောင်း ကရင်အမျိုးသားအစည်း အရုံး မြိတ်-ထားဝယ်ခရိုင် ဆက် ဆံရေးရုံးမှ သိရသည်။

ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေး ရှင်းအကူအညီဖြင့် ထားဝယ်မြို့ နယ်အတွင်း ဆင်ဖြူတိုင်ကျေးရွာ အနီးရှိ ကမာဟော၊ အမြှားကျေး ရွာအနီးရှိ အမရာ၊ ပုလောမြို့နယ်၊ ပလောက်မြို့အနီးရှိ ကစယ်ခိုနှင့် တနင်္သာရီမြို့နယ်အတွင်းရှိ တိုးတယ်ထာဒေသများတွင် နေအိမ် များ တည်ဆောက်ပေးမည်ဟု ဆို သည်။

အဆိုပါဒေသများသည် ယ ခင်က ကရင်တိုင်းရင်းသားများ နေထိုင်ခဲ့သည့် ကျေးရွာများဖြစ် ပြီး ၁၉၉၀ မတိုင်မီကာလတွင် ပြည်တွင်းစစ်ကြောင့် ဒေသခံများ တိမ်းရှောင်ခဲ့ရသည်။ ယခုအခါ ကျေးရွာအဖြစ် ပြန်လည်နေရာချထားပေးရန် ဒေသတစ်ခုလျှင် နေအိမ်အလုံး ၁၀၀ စီ ဖြင့် နေအိမ် အလုံး ၄၀၀ ကို မေလတွင် စတင်တည်ဆောက်ပေးနေကြောင်း ဆက်ဆံရေးရုံးမှ သိရသည်။


‘‘နေအိမ်တွေကို ခြောက်လ နဲ့ အပြီးတည်ဆောက်မယ်ဆိုပေ မယ့် အဲဒီရွာတွေက လမ်းပန်း ဆက်သွယ်ရေး အခက်အခဲ ကြောင့် သတ်မှတ်ချိန်အတွင်း ပြီး စီးချင်မှပြီးမယ်။ နေအိမ်တွေပြီး ရင် မိသားစုတွေကို နေရာချထား ပြီးမှ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီး စတဲ့ တခြားလိုအပ်တဲ့ အခြေခံအဆောက်အအုံတွေ လုပ် ဆောင်ပေးသွားမယ်’’ဟု ကရင် အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင် ဆက်ဆံရေးရုံးမှ ဖဒိုစောဝင်းခိုင် က ပြောသည်။

အိမ်များကို အနည်းဆုံး ပေ (၈၀-၁၀၀) မြေကွက်များတွင် တည်ဆောက်ပေးနေပြီး တပ်ဖွဲ့ ၀င်များနှင့် စစ်ဘေးရှောင်များနေရာချပြီးပါက မြေနေရာထပ်မံသတ်မှတ်ပေးမည်ဖြစ်သည်။

‘‘တချို့ရွာသားတွေက စစ် ဘေးကြောင့် တိမ်းရှောင်ခဲ့ရပေ မယ့် တစ်ဖက်နိုင်ငံကိုလည်း မ ကူးဘူး။ ဒုက္ခသည်စခန်းများကို မ သွားဘဲ အဲဒီဒေသအနားမှာ ကိုယ့် ဘာသာကိုယ် အိမ်ဆောက်ပြီး တောထဲမှာပဲ နေကြတဲ့ ဒေသခံတ ချို့ရှိနေတယ်။ ဒါပေမဲ့ နေအိမ် တွေ ပေးတဲ့အခါ တစ်ဝက်လောက် က KNU တပ်ဖွဲ့ဝင် မိသားစုတွေ ဖြစ်လိမ့်မယ်’’ဟု ဖဒိုစောဝင်းခိုင် က ဆက်လက်ပြောသည်။

အဆိုပါဒေသ လေးခုအနက် တိုးတယ်ထာဒေသမှလွဲပြီး အခြား ဒေသများသို့ ကားလမ်းများ ဖောက်လုပ်ထားသော်လည်း တိုး တယ်ထာဒေသသို့ တနင်္သာရီမြစ် ကြောင်းအတိုင်း ရေလမ်းမှသာ သွားလာနိုင်ကြောင်း သိရသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service