ဥရောပသမဂ္ဂမှ နှုတ်ထွက်မည့်အလားအလာများကြောင့် အာရပ်ဝယ်လက်များ ဗြိတိန်အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်းရပ်တန့် - Property News in Myanmar from iMyanmarHouse.com
1097 Views

ဥရောပသမဂ္ဂမှ နှုတ်ထွက်မည့်အလားအလာများကြောင့် အာရပ်ဝယ်လက်များ ဗြိတိန်အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်းရပ်တန့်

ဗြိတိန်နိုင်ငံသည် ဥရောပသမဂ္ဂမှ နှုတ်ထွက်မည့် အလားအလာ များရှိနေရာ အမှန်တကယ် နှုတ်ထွက် ပါက ဗြိတိန်အိမ်ခြံမြေဈေးနှုန်းများ ထိုးကျမည်ကိုရတက် မအေးဖြစ်ကြသောကြောင့် အရှေ့အလယ်ပိုင်းဒေသမှ ရင်းနှီးမြှုပ်နှံသူတို့က ရင်းနှီးမြှုပ်နှံမှုများ ရပ်တန့်ထားလိုက် ကြပြီဖြစ်ကြောင်း အရှေ့အလယ်ပိုင်း အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ကာတာ၊ ဆော်ဒီအာရေးဘီးယား၊ ကူဝိတ်နှင့် အာရပ်စော်ဘွားများပြည်ထောင်စုတို့မှာ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူတို့သည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ဗြိတိန်တွင် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့ကြသူများဖြစ်ပြီး အဓိကရင်းနှီးမြှုပ်နှံသည် မှာလန်ဒန်ရှိအိမ်ခြံမြေ ကဏ္ဍတွင် ဖြစ်သည်။

“ဥရောပသမဂ္ဂက နှုတ်ထွက်မှုဟာ လန်ဒန်အိမ်ခြံမြေဈေးကွက်အပေါ် ဂယက်ရိုက်လာ မှာကိုရင်းနှီးမြှုပ်နှံသူတွေ ကရတက်မအေးဖြစ်နေကြပါတယ်။ ဥရောပသမဂ္ဂက ထွက်ခွာဖို့ဆုံးဖြတ် လိုက်ပြီဆိုရင် အခြေအနေတွေ ကပိုဆိုးလာတော့မှာပါ” ဟုအရှေ့အလယ်ပိုင်းရင်းနှီးမြှုပ်နှံသူ တို့၏ ရင်းနှီးမြှုပ်နှံမှုများကိုကူညီပေးလျက်ရှိသည့် လန်ဒန်အခြေစိုက် ရှေ့နေတစ်ဦးကပြောကြားသည်။

၂၀၁၅ ခုနှစ်အတွင်းအာရပ်စော်ဘွား များပြည်ထောင်စု တစ်ခုတည်းမှ ဗြိတိန်အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု သည်ပင်လျှင် ဗြိတိန်အိမ်ခြံမြေ ကဏ္ဍစုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၀ ရာခိုင်နှုန်းအထိရှိသည်။

အရှေ့အလယ်ပိုင်းရင်းနှီးမြှုပ်နှံသူ တို့ ဗြိတိန်တွင် ဆက်လက်ရင်းနှီးမြှုပ်နှံမှု အခြေအနေကို အတိအကျမသိရသေး သော်လည်း ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အိမ်ခြံမြေကဏ္ဍ သို့ နိုင်ငံခြားအရင်းအနှီးများစီးဝင်မှုမှာ ၂၀၁၆ ခုနှစ်၊ ပထမသုံးလပတ်ကာလ အတွင်းရပ်ဆိုင်းသွားခဲ့ သည့်အပြင် ဗြိတိန်တစ်နိုင်ငံလုံး အတိုင်းအတာတွင် စီးပွားရေးရင်းနှီးမြှုပ်နှံမှု များလည်းကျဆင်း သွားကြောင်းအင်္ဂလန်ဘဏ် အကြီးအကဲမာ့ခ်ကာနေ ကပြောကြားသည်။

ဥရောပသမဂ္ဂအတွင်း ဗြိတိန်ဆက်လက်နေထိုင်မည်လော၊ နှုတ်ထွက်မည်လောဟူသည်ကိုလာမည့် ဇွန်လ ၂၃ ရက်တွင် ဆန္ဒမဲပေးပွဲ ပြုလုပ်ကာ ဆုံးဖြတ်သွား မည် ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဥရောပသမဂ္ဂမှ နှုတ်ထွက်မည့်အလားအလာများကြောင့် အာရပ်ဝယ်လက်များ ဗြိတိန်အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်းရပ်တန့် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 08 Jul To 08 Aug

Central Shophouse

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service