ကန်ဒေါ်လာ ၀ယ်လိုအားမြင့်၍ ဈေးအနည်းငယ် ပြန်တက်
မြန်မာကျပ်ငွေတန်ဖိုးအ ပေါ် ယုံကြည်မှု ပြန်လည်ကျဆင်း လာကာ ဈေးကွက်အတွင်း၌ အမေရိကန် ဒေါ်လာ ၀ယ်လိုအား မြင့်တက် လာကြောင်း ပြင်ပငွေ လဲ လုပ်ငန်းလုပ်ကိုင်သူအချို့ထံမှ သတင်းရရှိသည်။
စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ဘီလီယံ ၅၀၀ အတွက် ငွေကြေး ရိုက်နှိပ် ထုတ်ဝေမည်ဟု လွှတ်တော်တွင် ဗဟိုဘဏ် ဒုဥက္ကဋ္ဌဒေါ် ခင်စောဦး က ပြောကြားပြီးနောက်ဈေးကွက်၌ အမေရိကန်ဒေါ်လာတန်ဖိုး ရုတ်တရက်မြင့်တက်လာသည်။
ထို့နောက် ပြင်ပဈေးကွက် တွင် ၀ယ်လိုအားနည်းသဖြင့် ဈေး ကွက်ပြန်လည်ကျဆင်းပြီးနောက် မေလ ၂၉ ရက်မှ စတင်၍ မြန်မာ ငွေတန်ဖိုးအပေါ် သံသယဖြစ်လာ သူများက ဒေါ်လာဝယ်ယူစုဆောင်း မှုများကြောင့် ၀ယ်လိုအား ပြန် လည် မြင့်တက်လာသည်။
မေလ ၃၀ ရက်တွင် ပြင်ပ ဈေးကွက်၌ အမေရိကန်တစ်ဒေါ် လာလျှင် ကျပ် ၁,၁၉၄ သို့ မြင့် တက်လာသည်။ မေလ ၂၆ ရက် တွင် တစ်ဒေါ်လာလျှင် ကျပ် ၁,၁၈၀ ခန့်သို့ကျဆင်းပြီးနောက် ပြန်လည် မြင့်တက်လာခြင်းဖြစ် သည်ဟု ပြင်ပငွေလဲလုပ်ငန်းလုပ် ကိုင်သူအချို့က ပြောသည်။
‘‘ဒေါ်လာဈေးက အရင်လို ကျပ် ၁,၃၀၀ အထိတော့ မြင့်မ လာနိုင်ဘူး။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရင်လည်း ပြန်ကျနိုင်တယ်’’ ဟု ပြည်ပသို့ ဆန်တင်ပို့နေသည့် လုပ်ငန်းရှင် ဦးမျိုးသူရအေးက ပြောသည်။
ပြင်ပဈေးကွက်တွင် အမေရိ ကန်ဒေါ်လာ တန်ဖိုးမြင့်တက်လာ ချိန်၌ ဗဟိုဘဏ်၏ တရားဝင် ရည်ညွှန်းငွေလဲနှုန်းမှာ တစ်ဒေါ် လာလျှင် ၁,၁၇၉ ကျပ်မှ ၁,၁၈၀ ကျပ်သို့ မြှင့်တင်လိုက်သည်။
အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာချိန်တွင် ကမ္ဘာ့ရွှေ ဈေး ကျဆင်းလာပြီး မေလ ၂၆ ရက်၌ တစ်အောင်စလျှင် ကန် ဒေါ်လာ ၁,၂၂၉ ဒေါ်လာမှ မေလ ၃၀ ရက်တွင် တစ်အောင်စ လျှင် ၁,၂၀၂ ဒေါ်လာသို့ ကျဆင်းလာသည်။
ကမ္ဘာ့ရွှေဈေးကျဆင်းသကဲ့ သို့ မြန်မာ့ရွှေဈေးမှာလည်း မေလ ၂၆ ရက်တွင် တစ်ကျပ်သားလျှင် ၇၈၈,၀၀၀ ကျပ်မှ မေလ ၃၀ ရက် တွင် ၇၇၁,၄၀၀ ကျပ်သို့ ကျဆင်း လာသည်။
Credit : 7daydaily